နေ့တိုင်း နေ့တိုင်း ကော်ဖီဘူးတဘူးရောက်ရောက်လာ
တတ်တာကြောင့် အလုပ်စားပွဲအောက်မှာ ထည့်သိမ်း
သွားတဲ့ ကော်ဖီဘူးတွေငါးဘူးလောက်ရှိနေပြီ ။ ကော်
ဖီကို မသောက်ဖြစ်ပေမဲ့ ကော်ဖီဘူးလေးတွေကို ဆေးကြောပြီး သိမ်းထားရသည် ။ ကော်ဖီပူပူလေး
သောက်စေချင်တဲ့ သူ့စေတနာကြောင့် ကျွန်တော့်မှာ
လွှတ်ပစ်လို့မရတဲ့ ကော်ဖီဘူးတွေ တစ်ဘူးနှစ်ဘူး
မကတော့ ။နေ့တိုင်း ကော်ဖီဘူးယူယူလာပေးတဲ့ ဂီဆွန်းဆီကလဲ
ဘာဆိုဘာမှ စကားမထွက်လာခဲ့ ။ သူ့တာဝန်ကြီးလို
ကော်ဖီဘူးယူယူလာပြီး စားပွဲပေါ် လာလာတင်သည် ။မနက်တိုင်း ထီးမမေ့ဖို့ စာတစောင်ရပြီး ၊ နေ့လည်ပိုင်း
မှာ ကော်ဖီတဘူးရောက်ကာ ညတိုင်းလဲ စာတစောင်
ရောက်လာတတ်သည် ။ အလုပ်ကအပြန် ဘတ်စ်ကား
တစ်ီးထဲ တူတူစီးဖြစ်ကြပြီး သူက ကျွန်တော့်နောက်ခုံ
မှာ ထိုင်တတ်သည် ။ ကျွန်တော် ဆင်းရမဲ့မှတ်တိုင်ထိ
သူ ဘစ်ကားပေါ်မှာ ရှိနေတတ်သေးတယ် ။မသိသလို လစ်လျူရှူထားကြည့်ပေမဲ့ သူ လုပ်သမျှ
ကျွန်တော် လိုက်ဂရုစိုက်မိနေပြန်သည် ။တရက်ပြီးတရက်ကုန်လွန်ကာ မနက်ဖြန် အလုပ်ပိတ်
ရက်ကိုပြန်ရောက်လာခဲ့ပြီ ။ အလုပ်ကနေ အိမ်ကိုပြန်
အရောက် အိမ်ခြံဝန်းထဲ မြက်ပင်တွေရှင်းလင်းနေတဲ့
ဖေဖေ့ကို ဝိုင်းကူလုပ်ရသေးတယ် ။ မေမေ့ပန်းအိုး
တွေကို နေရာတွေရွေ့ပြောင်းပေး ၊ ပန်းပင်တွေ ရေ
လောင်းပေးလုပ်ရတာကြောင့် တော်တော်လေးလဲ ပင်
ပန်းသွားရတယ် ။ သန့်ရှင်းရေးလုပ်ပြီး ခေါင်းလျှော် ၊
ရေချိုးဖြစ်ပြီး မိသားစုနဲ့ထမင်းအတူစား ၊စကားပြော
နဲ့ ည ၈နာရီလောက်မှ ကိုယ့်အခန်းထဲ ကိုယ်ပြန်ဝင်
ဖြစ်တော့သည် ။မနက်ဖြန်ပိတ်ရက်မှာ ချိန်းထားတာလဲမရှိတော့ ကောင်း
ကောင်းအနားယူ အိပ်ပစ်ရမယ် ။ ပေါ့ပါးနေတဲ့ စိတ်
တွေနဲ့ အိပ်ယာပေါ်လှဲပြီး ဖုန်းသုံးနေလိုက်တယ် ။ Gp
ထဲမှာ စကားမပြောတဲ့အကြောင်းရင်းကတော့ ဟိုအတွဲ
ရန်ဖြစ်နေတဲ့အချိန်ကာလမို့ ပျင်းရိဖို့တော့ ကောင်းနေ
တယ် ။ သီချင်းအသစ်တွေ လိုက်နားထောင်ကြည့်နေ
တုန်းမှာပဲ ချန်းယောလ်ဆီက စာတစောင်ဝင်လာခဲ့
တယ် ။