ဘတ်ဟျွန်းအတွက် သတိတရဖြစ်စရာတွေကို ပြန်မြင်
တွေ့မိတဲ့အခါ တုန်လှုပ်မိတယ် ။ ဘတ်စ်ကားပေါ် အဲ့
ဒီကျောင်းယူနီဖောင်းနဲ့ ကျောင်းသားလေးတွေ အုပ်စု
လိုက် တက်လာခဲ့ကြရင် ဘတ်ဟျွန်း မသိမသာ စိတ်
လှုပ်ရှားလာပြီး နူတ်ခမ်းတွေကို ဖိကြိတ်ထားမိတယ် ။
အကြည့်တွေ လွှဲပစ်ကာ အာရုံလွှဲပြောင်းပစ်ကာ သီချင်း
သံကို ကျယ်ပစ်လိုက်တတ်တယ် ။ပြန်မသွားချင်တော့တဲ့ အတိတ်တွေထဲကနေ သူ့ကိုယ်
သူ မနည်းဆွဲထုတ်လာခဲ့ရတာ ပင်ပန်းပြီး ခြေကုန်လက်
ပန်းကျနေပြီ ။ နည်းနည်းလေးဖြစ်ဖြစ်အောင် သတိရ
တာမျိုး မဖြစ်ချင်တော့ဘူး ။ ဒီ နှစ်,နှစ်အတွင်းမှာ ပုံမှန်
ပြန်ဖြစ်အောင် ကြိုးစားခဲ့ရတာ အားအင်တွေကုန်ဆုံး
နေပြီ ။ အိမ်မက်တခုလို နောက်တနေ့မိုးလင်းရင် အား
လုံးကို သူ့မှတ်ဥာဏ်ထဲကနေ ထုတ်ပစ်နိုင်ရင် သိပ်
ကောင်းမယ် ။ ဒါမှမဟုတ် ကိုယ့်ဘဝထဲ သူမပါဝင်သေး
တဲ့ အချိန်တွေကိုပြန်သွားပြီး ပြောင်းလဲပစ်လိုက်ချင်မိ
တယ် ။ ဒါဆို ကျွန်တော် မနာကျင်ရတော့ဘူးပေါ့ ။သူကလွဲလို့ ဘာမှမသိဖြစ်ခဲ့ရလောက်တဲ့အထိ အဲ့ဒီအ
ချိန်က ကျွန်တော် ဘယ်လောက်တောင် အရူးထခဲ့သလဲ၊ဘတ်ဟျွန်းက ကားမှတ်တိုင်ကနေ အိမ်အထိ ထီးလေး
ဆောင်းပြီး မလှုပ်မယှက်ခြေလှမ်းတွေနဲ့ တုံ့နှေးတုံ့နှေး
လမ်းလျှောက်နေ၏ ။ တဖွဲ့ဖွဲ့မိုးစက်တွေက ထီးပေါ်
တပေါက်ပေါက် ထိစင်နေသံတွေက ကျယ်ကျယ်လောင်
လောင် ထွက်ပေါ်နေခဲ့သည် ။ ထီးလက်ကိုင်ကို တင်း
တင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ကာ ဟင်းခနဲ သက်ပြင်း
မောတချက် လေးလေးပင်ပင်ချလိုက်ကာ သူ့ခြေလှမ်း
တွေကို သွက်သွက်လက်လက် လှမ်းလိုက်တော့၏ ။" ကိုကို ပြန်လာပြီ ယေး! ဒေါ်ဒေါ်မေမေ ကိုကို ပြန်
ရောက်ပြီ မိုးတွေစိုလာတယ် ဖျားတော့မယ် "ဘတ်ဟျွန်းရဲ့တူလေး သုံးနှစ်သားအကောင်ပေါက်လေး
က စကား သိပ်တတ်လွန်းတယ် ။ တနှစ်သားတုန်းက
တော့ ဖက်တီးပုပ်ကလေးလို ဖြူဖြူဖွေးဖွေး ဝတုတ်
ကောင်လေးက အခုများတော့ အရွယ်ကလေးရောက်
တာနဲ့ ပိန်ပါးသွားပြီး သူ့ဖေဖေလို ပါးချိုင့်တဖက်ကထင်း
ရှင်းနေတာပဲ ။ အရင်ကဆို ဒီအကောင်ပေါက်လေး
ပါးချိုင့်ပေါ်အောင်များ ရယ်လိုက်ရင် ဘတ်ဟျွန်း မျက်
ရည် စ,ဝဲတော့တာပဲ ။