လက်တဖက်မှာ ပတ်တီးဖြူဖြူက နေရာယူလာတာ
တောင် စိတ်ပူပေးတဲ့ အဲ့ဒီအကြည့်လေးတွေကြောင့်
ပတ်ချန်းယောလ်က အရူးလိုပြုံးပျော်သည် ။ ဘတ်ဟျွန်း
နီ အနားမှာ ရှိနေတဲ့အချိန်တွေမှာ နာမှန်းမသိပေမဲ့ အိမ်ပြန်ရောက်တဲ့အချိန်မှာတော့ ရေထိတာနဲ့ တအား
အား ထအော်သံက တခန်းလုံးအပြည့် အသံတွေက
ဖုံးလွှမ်းသွားတော့သည် ။ ညာဘက် လက်ဖဝါးပေါ်
ကန့်လန့်ဖြတ်ရှကွဲဒဏ်ရာက တော်တော်လေး နက်ပြီး
ဒဏ်ရာကြီးသည် ။ မတော်တဆ ပြန်ထိခိုက်မိသွား
တာကြောင့် သွေးတွေက ပတ်တီးဖြူဖြူပေါ် စိမ့်ထွက်
နေသည် ။ပတ်တီးကို ဖြစ်သလိုပြန်စီးလိုက်ပြီး မအိပ်ခင် အချိန်
မှာတော့ သူက ဘတ်ဟျွန်းဆီ ဖုန်းခေါ်ဖို့ မမေ့လျော့ခဲ့
ဘူး ။ အသံလေးကြားမိရင်း အိမ်မက်တွေလှသည် ။
ကိုယ့်ကိုမြင်တိုင်း ကလေးလိုပြုံးရယ်ပြတတ်တဲ့ ဘတ်
ဟျွန်းနီကို အိမ်မက်ထဲမှာ အမြဲတမ်းတွေ့ရတတ်သည်။ဖုန်းနံပါတ်ကို နှိပ်လိုက်ပြီး တဖက်က ထွက်ပေါ်လာမဲ့
အသံကို စိတ်လှုပ်ရှားစွာနဲ့ စောင့်ဆိုင်းနေလိုက်သည်။ဒီအတိုင်းရောက်တိုင်း မြည်လာတတ်တဲ့ ဖုန်းသံကို
ဘတ်ဟျွန်းနီ အလွတ်ရနေပါပြီ ။ စောင့်ဆိုင်းနေတာကို
မသိသာစေအောင် ဖုန်းမြည်သံ နည်းနည်းလေးကြာမှ
ဖုန်းလေးကို ကောက်ကိုင်လိုက်တယ် ။ တဖက်က
" ဘတ်ဟျွန်းနီ " ဆိုတဲ့ သူ့ခေါ်သံကို အရမ်းသဘော
ကျသည် ။ အိပ်ယာပေါ် လှဲချလိုက်ပြီး သူနဲ့ အချိန်ကြာ
ကြာ စကားတွေပြောကြဖို့ အားယူလိုက်တော့သည် ။" ဘာလုပ်နေလဲ "
စကားမရှိ စကားစရှာနေတဲ့ သူ့ကြောင့် ဘတ်ဟျွန်း တ
ယောက် ကြိတ်ရယ်လိုက်ပေမဲ့ ရယ်သံမထွက်အောင်
နူတ်ခမ်းတွေကို ဖိကြိတ်ကာ ပြန်ထိန်းလိုက်ရသေး
တယ် ။" ဖုန်းပြောနေတယ်လေ အခု ချန်းယောလ်နဲ့ "
ဒီလိုပြန်ပြောတော့ တဖက်ကသူ့ဆီက ရယ်သံထွက်လာ
တော့ ကျွန်တော်ပါ လိုက်ရယ်မိတယ် ။ တိတ်ဆိတ်နေ
တဲ့ အခန်းထဲ ကျွန်တော့်ရယ်သံက ဖုံးလွှမ်းနေတယ် ။