အတူ ရှိနေတဲ့ ညနေခင်း ။ တရိပ်ရိပ်သွားနေတဲ့ ကား
ကြောင့် ဖွင့်ထားတဲ့ ကားမှန်တံခါးကနေတဆင့် တိုး
ဝှေ့ ဝင်လာတဲ့ လေတဖြူးဖြူးက ကျွန်တော့်ကို အေး
စေပါလျက် ကျွန်တော်ကတော့ ရင်တွေ တဒိတ်ဒိတ်
ခုန်ပြီး နဖူးမှာ ချွေးစို့နေခဲ့သည် ။ နှစ်ယောက်အတူ
ဘေးချင်းကပ်ထိုင်နေပြီး ကားလှုပ်ရှား ယမ်းခါမှုရှိ
သွားတိုင်း ထိကပ်တိုက်မိသွားတဲ့ ကျွန်တော်တို့ပုခုံး
တွေ ။ ဒီလိုမျိုး ” ကျွန်တော်တို့ ” လိုမျိုး အသုံးအနှုန်း
နဲ့ အတူ ရှိနေရတဲ့ ခံစားချက် ။လက်မောင်းသားရင်း ထိကပ်သွားတာမျိုး ၊ ပုခုံးချင်း
တွန်းတိုက်မိသွားမျိုး အားလုံးကို ဘာမှမဖြစ်သလို
ဟန်ဆောင်နေရပေမဲ့ ကျွန်တော့်ရင်တွေက နှစ်ဆတိုး
လို့ ခုန်ပေါက်နေသည် ။ ပေါင်ပေါ်တင်ထားတဲ့ လွယ်
အိတ်ကို လက်တွေက ဖိဆုပ်ကိုင်ထားကာ ကားမှန်
တံခါးကနေတဆင့် အပြင်ဘက်ကို အကြည့်တွေ ပို့
ထားမိပြီး ခံစားချက်တွေကို ဖုံးကွယ်နေမိ၏ ။တကယ်လို့ သူသာ ကျွန်တော့်အနားမှာ မရှိခဲ့ရင် ကား
စီးတိုင်း နားကြပ်တပ်ထားတတ်တဲ့ အကျင့်ကို လုပ်နေ
မိမှာပဲ ။ အခုတော့ ဒီလောက်ထိ လစ်လျစ်ရှူဖို့ ဟန်
မဆောင်နိုင်တော့ဘူး ။ တကယ်လို့များ သူ့ဆီက
စကားတခွန်းတလေများ ထွက်လာတာကို ကြားခွင့်မရ
မှာ ကြောက်သည် ။ကား ထိုးရပ်လိုက်တဲ့ မှတ်တိုင်မှာ မဆင်းဘဲ ငြိမ်ငြိမ်
သက်သက်ထိုင်နေတဲ့ သူ့ကြောင့် ကျွန်တော် သူ့အား
မသိမသာ စောင်းကြည့်လိုက်မိတယ် ။ ဒီမှတ်တိုင်က
သူ ဆင်းရမဲ့ မှတ်တိုင်လို့ သေချာပေါက် စုံစမ်းထားတာ
ပဲကို ။ ဘာလို့ သူ မဆင်းတာလဲ ။ သူ ဘယ်သွားမလို့
လဲ ။ ကျွန်တော် သူ့အား မသိမသာ ခေါင်းအသာငဲ့လို့
ခိုးကြည့်နေစဉ် လှည့်ကြည့်လာတဲ့ သူ့ကြောင့် ဆတ်
ခနဲ ခေါင်းကို တဖက် လှည့်ပစ်လိုက်ရသည် ။ကျွန်တော် သူ့ဘက်ကိုတောင် ခေါင်းလှည့်ဖို့ မပြောနဲ့
ခေါင်းကို တည့်တည့်တောင် မထားရဲတော့လို့ ကားမှန်
ဘက်ကိုပဲ ခေါင်းစောင်းထားမိသည် ။ ကျွန်တော်ဆင်း
ရမဲ့ မှတ်တိုင်ရောက်တော့ နှမြောတသ နဲ့ မတ်တပ်ထ
ရပ်လိုက်ရတယ် ။ ကားပေါ်က ဆင်းခါနီး ထပ်ပြီး အ
ကြည့်ချင်း ဆုံမိပြန်တဲ့ တခဏ ။ အနည်းငယ် ပြုံးသ
ယောင်ယောင် နှင့် ခေါင်းညိတ်နူတ်ဆက်လိုက်တဲ့ သူ့
ကြောင့် ကျွန်တော့် မျက်လုံးတွေ ဝိုင်းစက်သွားမည်
မှာ အသေအချာပဲ ။
![](https://img.wattpad.com/cover/184480288-288-k241710.jpg)