အဲ့ဒီနေ့က ဂျုံအင် ၊ ရှီးယောင်းတို့နဲ့တူတူ အတန်းချိန်
လစ်ကြပြီး ဆိုင်တဆိုင်မှာ ချိန်းပြီး တွေ့ဖြစ်ကြတယ်။
ကျောင်းယူနီဖောင်းတွေနဲ့ အတန်းလစ်ကြလာတဲ့ ကျွန်
တော်တို့အဖွဲ့က ဆုံကြပြီဆိုတာနဲ့ ဟာသတွေပဲ ပြောကြ
ပြီး ရယ်နေဖြစ်တာကများတယ် ။ အဲ့ဒီနေ့က စကားမ
စပ်ဘဲ ရှီးယောင်းက သူ့အကြောင်း ကျွန်တော့်ကို မေး
ပြီး အခြေအနေတိုးတက်ရဲ့လားလို့ စနောက်လာသေး
တယ် ။" မင်းကလဲ ဖွင့်ပြောဖို့ကို ဒီလောက်ထိခက်နေလား ။
မြန်မြန်လေးဖွင့်ပြောတော့လေ အချိန်ဆွဲနေတာပဲ "ရှီးယောင်းက ဒီလိုပြောတော့ ကျွန်တော် ရယ်နေရုံသာ
တတ်နိုင်ခဲ့တယ် ။ တကယ်တော့ တွန့်ဆုတ်နေမိတဲ့
ကိုယ့်ကိုကိုယ်သာ အသိဆုံးပဲ ။ ဘတ်ဟျွန်းနီကလဲ ကိုယ့်ကို သဘောကျနေတာကို သိနေပါလျက်နဲ့ ဖွင့်ပြော
ဖို့ကို မဝံ့မရဲဖြစ်နေရသည် ။တကယ်တော့ မဖွင့်ပြော
ခင် ဘတ်ဟျွန်းနီနဲ့ ရင်းနှီးချင်ခဲ့တာ ။ ဒါပေမဲ့ ဘတ်
ဟျွန်းနီရှေ့ကိုရောက်သွားရင် စိတ်တွေလှုပ်ရှားပြီး
ကိုယ့်အနေအထားကို ပြန်ထိန်းနေရတာနဲ့ပဲ ရင်းနှီးဖို့
ထက် အဝေးကိုတွန်းပို့နေမိသလိုပဲ ။" ဟေ့ကောင် ရယ်ပဲရယ်မနေနဲ့ ဖွင့်ပြောလိုက်တော့ ၊
ရင်းနှီးအောင် အရင်လုပ်ချင်လဲလုပ်တော့ "" အေးပါကွာ မင်းတို့ကလဲ ၊ ငါလဲ ကြိုးစားနေပါတယ်"
ဒီလိုနဲ့ပဲ ကျွန်တော်တို့အဖွဲ့ စကားလမ်းကြောင်းက အ
သစ်ဝယ်ကြမဲ့ ဂစ်တာတွေအကြောင်း ရောက်သွားလိုက်၊
ဟိုရောက် ဒီရောက်နဲ့ပဲ ဟိုဟိုဒီဒီပြောပြီး ထုံးစံအတိုင်း
ရယ်ရယ်မောမော ပြန်ဖြစ်သွားတယ် ။သုံးယောက်သား
က သီးသန့်ကမ္ဘာဖြစ်နေကြပြီး ဆိုင်ထဲကိုတောင် သတိ
ပြုပြီး ကြည့်မနေဖြစ်တော့ဘူး ။ရုတ်တရတ်ကြီး " ဟေ့ကောင်တွေ ခွေးကောင် ..."
ဆိုတဲ့ ခပ်စူးစူးဆဲသံကြောင့် အကြည့်တွေက ပြိုင်တူပဲ
အဲဒီအသံပိုင်ရှင်ရှိရာဆီ ရောက်မိသွားကြတယ် ။ အဲ့ဒီ
အချိန်မှာ ကျွန်တော့်မှာ အံ့လဲအံ့သြပြီး အသံပိုင်ရှင်
လေးကြောင့် ရယ်လဲရယ်မိသွားတယ် ။ အသံပိုင်ရှင်
လေးကတော့ သူငယ်ချင်းနဲ့ကွယ်ထားပြီး စားပွဲခုံပေါ်.ခေါင်းထိမတတ် အသည်းအသန် ငုံ့ထားကာ ငြိမ်ငြိမ်
လေး ပုန်းနေသေးတယ် ။