" ချန်းယောလ် ယောလ် ဒီမှာ ဒီမှာ "ယောလ်လို့ ခေါ်ခေါ်တတ်နေတဲ့ ဘတ်ဟျွန်းနီက ကုမ္ပ
ဏီရှေ့ကနေ လက်တဖက်ကို ဝေ့ယမ်းပြကာ မခုန်ရုံ
တမယ် လုပ်ပြနေတာကြောင့် ချန်းယောလ် ရယ်လိုက်
သည် ။ ဆိုင်ထဲက ဂျုံအင်နဲ့ရှီးယောင်းကို လက်ပြခဲ့ပြီး
ဘတ်ဟျွန်းနီလေး စောင့်နေတဲ့နေရာဆီကို ခြေလှမ်း
တွေ ခပ်မြန်မြန်လှမ်းပစ်လိုက်သည် ။ ဘတ်ဟျွန်းကလဲ
မခုန်ပေါက်ရုံတမယ် ပြုံးရယ်ကာ လက်တွေဝေ့ယမ်းပြ
နေပြီး ချန်းယောလ်ကလဲ အသည်းအသန် မပြေးသွား
ရုံတမယ်ပင် ။အနားရောက်တော့ လက်မောင်းကို ချိတ်လိုက်ပြီး အ
တင်းဆွဲခေါ်သွားတဲ့ ဘတ်ဟျွန်းနောက်ကို ချန်းယောလ်
မှာ ခပ်သွက်သွက်ခြေလှမ်းတွေ လှမ်းရပြန်သည် ။" ဘာလို့လဲ ဘတ်ဟျွန်းနီရဲ့ ဖြေးဖြေးလျှောက်ပါကွာ"
" စီနီယာအမတွေက အပြင်ထွက်ဖို့ အတင်းခေါ်နေကြ
တာ အဲ့တာ ဒီည ချန်းယောလ်နဲ့သွားစရာရှိတယ်ဆိုပြီး
လိမ်ပြောခဲ့လာတာ ဟီး အမြန်သွားရအောင် "လိမ်ပြောလာခဲ့ပြီးမှ မလုံမလဲနဲ့ အနောက်ကို လှည့်တ
ကြည့်ကြည့်လုပ်ပြီး လာပြောရင် ချန်းယောလ်ကပါ ကူ
ပြီး လိမ်ပေးပါဦး လုပ်နေတဲ့ ဘတ်ဟျွန်းနီကြောင့် အူ
လှိုက်သည်းလှိုက်ရယ်မိတော့ အကြည့်စူးစူးလေးက
ဒိုင်းခနဲ ရောက်လာတော့ အရှိန်သတ်လိုက်ရသည် ။" ဟော ကိုယ့်ကိုဒီလိုမကြည့်နဲ့လေ ဟိုမှာကြည့်
ဟျွန်းနီရဲ့ စီနီယာအမတွေမလား လာနေကြပြီ "အနောက်ကို သမင်လည်ပြန်လှည့်ကြည့်လိုက်ပြီး မျက်
လုံးလေးတွေ ဝိုင်းစက်ကာ လူကို အထိတ်တလန့်လေး
ပြန်ကြည့်လာတဲ့ ဘတ်ဟျွန်းနီကိုကြည့်ပြီး ပြုံးစိစိဖြစ်ရ
သည် ။ လက်မောင်းကို လှုပ်ယမ်းဆွဲခါကာ ကူပါ လိမ်
ပေးလှည့်ပါ ချော့မော့တလှည့် ၊ ခြိမ်းခြောက်တလှည့်
လုပ်ပြနေတဲ့ ဘတ်ဟျွန်းနီကြောင့် ရယ်သံမထွက်လာ
အောင် နူတ်ခမ်းတွေကို တင်းတင်းစိထားရသေး၏ ။" လိမ်ပေးရတဲ့အတွက် ဘာပြန်ပေးမှာလဲ ဟင် "
" ချန်းယောလ်နော် ဒီအချိန်မှာ အပေးအယူ လုပ်နေ
စရာလား အမတွေက လာနေပြီ "