part 1

8.9K 52 2
                                    

လှည်းကလေး ( အပိုင်း ၁ )

''အကိုကြီးဇီးယိုဘယ်လိုရောင်းသလဲ''
''ဘယ်လောက်ဖိုးယူမလဲ''
မိုးဦးက မျက်နှာမကြည့်ဘဲဇီးယိုဇလုံကြီးထဲဇွန်းကြီးနဲ့ခပ်ဖို့ပြင်လိုက်သည်။
''၅၀၀ ဖိုး..ဟာ ကို..ကိုမိုး...''
အသံရှင်ကိုလှည်းကွယ်နေလို့ခေါင်းငုံလို့မိုးဦးကြည့်လိုက်သည်။ရင်းနှီးသလိုအသံပေမယ်ဂရုမထားလိုက်မိဘူးလေ။

''ဟင်...''
ခပ်နေတဲ့ဇွန်းကဇလုံထဲပြန်ကျသွားသည်။
'' ကိုစည်...''
''ဟုတ်ပါတယ် ကိုစည်ပါ ကိုမိုး ဝမ်းသာလိုက်တာဗျာကျွန်တော် ကိုမိုးကိုရှာခဲ့တာကြာနေပြီ''
စကားတစ်ခွန်းမှတုံ့ပြန်ခြင်းမရှိဘဲ ကိုမိုး တွန်းလှည်းကို အမြန်တွန်းရင်း ခပ်သွက်သွက်တွန်းရင်းထွက်လာခဲ့သည်။
မိုးဦး မျက်ဝန်းက တွဲခိုလာတဲ့မျက်ရည်တွေကိုလှည်းတွန်းရင်း ထိန်းလိုက်ပေမယ့် ပါးပြင်ပေါ် စီးကျဖြစ်အောင်စီးကျစေခဲ့သည်။
''ကိုမိုး ခန နေပါအုန်း ကိုမိုးခနလေးပါဗျာ...''
ကိုစည်ဆိုသူကအနောက်နားကနေအပြေးလေးတားနေသည်။ နာကျဉ်းခြင်းမုန်းတီးခြင်းဆိုတာတွေ နောက်ကြောင်းမပြန်လိုတော့တဲ့ကိုမိုး လှည်းကိုသာအားကုန်တွန်းရင် မေတ္တာလမ်းမကြီးရဲ့ လမ်းချိုးထဲ တွန်းဝင်လိုက်သည်။
ကိုစည် ဆိုသူက ခပ်လှမ်းလှမ်းမှာရပ်ထားတဲ့ အကောင်းစားဇိမ်ခံကားတစ်စီးပေါ်က အဖြူ အစိမ်းဝတ်ကျောင်းသားလေးနဲ့ သူ့ဇနီးတို့ဆီ အကြည့်တစ်ချက်ရောက်သွားခဲ့သည်။
သက်ပြင်းရှည်ကြီးကိုစည်ချရင်းကားပေါ်တက်မောင်းထွက်သွားခဲ့သည်။

မောနေပေမယ့် လှည်းကိုမရပ်ခြင်သေးဘူး။
၁၀ ဈေးဘက်ကနေ ကားလမ်းကိုအတင်းဖြတ် လှည်းကိုနိုင်သလောက်တွန်းပြီးရုန်းထွက်ခဲ့တာ ခါးသီးတဲ့ဘဝတွေခါးစီးခံခဲ့ပြီးပြီ။ဘဝသစ်ကိုလှည်းလေးနဲ့ရုန်းကန်နေသူ။
ချိုမြိန်တဲ့ချစ်ခြင်းတွေကနေ ခါးသီးတဲ့ ဘဝတွေကိုတွန်းလှည်းလေးရပ်ရင်း ကျောင်းလွှတ်ချိန်လေးစောင့်ရောင်းဖို့အားမွေးလိုက်သည်။

မိုးလေးကရွာတယ်ဆိုရုံလေး...
အတွေးက တချိန်ဆီသို့...
ဖေဖေက သစ်တောကအရာရှိ မေမေက အထက်တန်းပြ တစ်ဦးတည်းသောသားမို့တုန်နေအောင်အချစ်ခံရတဲ့ နွေမိုးဦးဆိုတဲ့ ၁၀ တန်းကျောင်းသားဘဝမှာလိုလေသေးမရှိပြည့်စုံကြွယ်ဝတဲ့မိသားစု။
ဖေဖေ့တပည့် ဦးနေမောင်နဲ့ ဒေါ်စုလှို င်မှာက စည်ဖြိုးမောင်ဆိုတဲ့ ၉ တန်းကျောင်းသားလေးနဲ့စုစုပေါင်း ၃ ယောက်မိသားစုတို့ နွေမိုးဦးတို့အရာရှိ သစ်တောရိပ်သာ သို့ အိမ်ခြင်းကပ်လျက်တာဝန်ပြောင်းရောက်လာသည်။
စည်ဖြိုးမောင်သည် မျက်ခုံးထူထူ သွားတက်ကလေးနှင့် အရပ်ရှည်ရှည် လူပျို ပေါက်မို့အတော်ကြည့်ကောင်းသည်။
ပြောင်းလာသည့်ညက ဖေဖေ့ကိုလာနှုတ်ဆက်တော့ ဖေဖေ့က နွေမိုးဦးကိုခေါ်ပြီး မိတ်ဆက်ပေးသည်။
''သားကိုမိုး ညီလေးကို သားညီလေးလို့ကူညီစောင့်ရှောက်ရမယ်နော် သားထက်တစ်နှစ်ကျော်ငယ်တယ်''
ရီပြတဲ့စည်ဖြိုးမောင်က သွားတက်ကလေးပေါ်သွားတာ နွေမိုးဦး အရမ်းသဘောကျမိသည်။
''ဟုတ်ကဲ့ဖေဖေ''
စည်ဖြိုးမောင်မေမေကဝင်ပြောသည်။
''ဆရာ နဲ့ ဆရာကတော်ရယ် သားကအကိုငတ်နေတာ ခုမ ဘဲအကိုရတော့တာကျမတော့သားအတွက်ပျော်နေတာ''
''အောင်မလေး ညီမရေ အမတိုကလည်းတစ်ဦးတည်းသောသားမို့ အခုတော့ သားတစ်ယောက်ထပ်ရသလိုပါဘဲ သားလည်းညီလေးရတာပေါ့''

လှည်းကလေးWhere stories live. Discover now