လှည်းကလေး ( အပိုင်း ၂၀ )
စပ်ဖျင်းဖျင်းနဲ့ စိုစွတ်စွတ်မို့ ကျွန်တော်သိလိုက်ပါပြီ။
ကျွန်တော် နောင်တ မရသလို ယူကျုံးမရလည်းမဖြစ်ပါဘူး။
ကျွန်တောာ့်အတွက် အချစ် ခုန်ထွက်သွားပြီ။
မေတ္တာ လွင့်ထွက်သွားပြီ။
သစ္စာ လား လမ်းထိပ်က အမှို က်ပုံ မှာ ညထဲကလွှတ်ပြစ်ခဲ့တာလေ။
မမေ့နိုင်သေးဘူးဆိုရင်တောင် မေ့နိုင်အောင်ကြိုးစားဖို့ဆုံးဖြတ်ထားပြီးသား။
ဘာလို့လည်းသိလား ကိုစည့်ကိုသိပ်ချစ်လို့ပေါ့။
အံ့သြမလားမသိဘူးဗျ။
ကျွန်တော်သိပ်ချစ်လို့အစထဲကကိုစည်စိတ်ချမ်းသာရင်ပြီးရောဆိုပြီးနားလည်ပေးချစ်နေတာ တနေ့မှာ ငါ့အပေါ်နားလည်ခွင့်လို့ပေးပါလားလို ဆိုပြီ အခုထက် အများကြီးပိုချစ်စေခြင်တာလေ။ကျွန်တော် ကုတင်ပေါ်ကထ ပြီး တန်းပေါ်က လွှားထားတဲ့ပုဆိုးတစ်ထည်ယူဝတ်လိုက်မှသိလိုက်တယ် မနေ့က ကိုတိမ်ယံရဲ့ ဂျင်းဘောင်းဘီရှည် နဲ့  အတွင်းခံဘောင်းဘီ အညို ရောင်လေးက ကုတင်အောက်နားမှာ ပြောင်းပြန်လှန်ချွတ်ထားတဲ့ ဘောင်းဘီအလိပ်လိုက်။
ကျွန်တော်အရာအားလုံးကို စိတ်ကသိလိုက်ပြီ။ ညကကိုတိမ်ယံနှင့်မှားပြီ။ ကိုတိမ်ယံကို အပြစ်မပြောလိုပါ။
ကျွန်တော် ကုတင်ပေါ် တစ်စောင်းလေးထိုင်လိုက်သည်။
''ညီလေး နိုးနေပြီလာ''
ကျွန်တော်အသံမပေးဘဲခေါင်းညိတ်ပြလိုက်သည်။
ကျွန်တော့်လက်မောင်းလေးကို ဆွဲပြီး သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။
ကျွန်တော်အလိုက်သင့်လေးလှဲချလိုက်သည်။
ကျွန်တော့်ကို ခေါင်းလေးကို ပွတ်ပြီး ကိုတိမ်ယံက
''ကိုကြီးကို ခွင့်လွှတ်ပါကလေးရယ် ကိုကြီးတောင်းပန်ပါတယ် ညီလေးခံစားရတာတွေသိပါတယ်''
ကျွန်တော် ကိုတိမ်ယံရင်အုပ်ကျယ်ကြီးကို ဖက်လိုက်ရင်း
''ထားပါ ရပါတယ် ညက ဘာလိုအိပ်ဖြစ်တာလည်း''
''ညီလေးအရမ်းမူးလို့ ကိုကြီးတွဲခေါ်လာတာ အိမ်ရောက်တော့အန်သေးတယ်လေ ညီလေးမေမေက အဝတ်တွေလဲခိုင်းပြီး ယောက်ကျားသားမရှိလို့ တခုခုဆိုမလုပ်တတ်မကိုင်တတ်မို့ အိပ်ပေးပါဆိုလို့အိပ်ဖြစ်တာ''ကျွန်တော်က နားထောင်နေလိုက်တယ် စိတ်ထဲလည်းမေမေ့ကိုသနားတယ်။
''ညီလေး ''
''ဟင် ''
''ညီလေးချစ်သူက ဘယ်သူလဲဟင်''
ကျွန်တော်ထင်မထားသောမေးခွန်းမို့ ကိုတိမ်ယံရင်ခွင်ထဲက ခွါလိုက်သည်။
''မသိခြင်ပါနဲ့ ကိုကြီးရယ်''
ကျွန်တော်က မသိစေခြင်ပါ။
''ကိုစည် မဟုတ်လား''
''မ မဟုတ်ပါဘူး''
ကိုတိမ်ယံထံက အသက်ရှူ သံပျင်းပျင်းနှင့်အတူ
''ညက ညီလေးက ကိုစည် ကိုတမ်းတနေတာလေ ကိုကြီးသိတာပေါ့ အဲ့လောက်ဆို ကိုကြီးသဘောပေါက်ပါတယ်''
ကျွန်တော် အိပ်ယာထဲက ထပြီး ဒူးခေါင်းနှစ်ဖက်ပေါ် မျက်နှာအပ်ထားလိုက်သည်။
YOU ARE READING
လှည်းကလေး
Любовные романыfbမှာ ကို Thuta Lulinရေးသော ဝတ္ထုအားပြန်တင်ခြင်း Sex အကြောင်းပါသည် ဆန္ဒရှိမှဖတ်ပါ