part 7

1.4K 17 0
                                    

လှည်းကလေး (အပိုင်း ၇ )

ကျွန်တော်ကျောင်းသွားခါနီး ကိုစည်တို့အိမ်ဘက်လှမ်းကြည့်မိသေးသည်။ အတူသွားနေကြ မဟုတ်လို့ မခေါ်ဖြစ်ပါ။
ကျောင်းနားမရောက်ခင် ကိုစည့်ကိုတွေ့ လိုက်သည် တစ်ယောက်ထဲမဟုတ်ပါ။ ဝေယံစက်ဘီးကို ကိုစည်ကနင်း၍ကအနောက်ကယ်ရီပေါ်မှာက ဝေယံဖြစ်သည်။
ကျွန်တော် ကိုစည့်ကိုမျက်နှာခြင်းဆိုင်ဖို့ ဝန်လေးနေမိသည်။
ရှက်သည်။ ကြောက်သည်။ သို့သော် ချစ်သည်။
စာသင်နေတာလုံးဝစိတ်မဝင်စားတဲ့ကျွန်တော်က ညက ကိုစည်နဲ့ အဖြစ်အပျက်တွေလောက်သာ မျက်စိထဲပြန်မြင်မြင်နေသည်။ စာတွေလည်းတလွဲတချော် မသိမသာလည်းပြုံးမိသေးသည်။
တစ်ကယ်ဆို ကိုစည်ဆိုသူသည် ကျွန်တော့်ကို ဖေဖေ မိတ်ဆက်ပေးသောနေ့ကတည်းက မြင်မြင်ခြင်းစိတ်ဝင်တစားရှိနေခဲ့သူပါ။ အဲ့အချိန်တုန်းက ဒီလိုပေးဆပ်ခြင်းမျိုးကို အိမ်မက်ပင် မ မက်ခဲ့ဘူးပါဘူး။
ကျောင်းမုန့်စားဆင်းချိန်ဆို သိပ်အပြင်မထွက်တဲ့ ကျွန်တော် ကိုစည့်ကို သတိရသလိုလိုရှိနေသည်။ ခေါင်းလောင်းထိုးသံမဆုံးခင် ကိုစည်တို့ အတန်းဘက်ကလှည့်ပြီးမုန့်စားတန်းကိုသွားခဲ့သည်။ ကိုစည်ကိုတွေ့လိုက်တာနှင့် ကျွန်တော်မသိ မသာမျက်နှာလွဲလိုက်သည်။
''အကို ကိုမိုး ''
အနားကခေါ်သံကြောင့်ဘေးကိုကြည့်လိုက်သည် ဝေယံ က ပါးချိုင့်ပြုံး လေးနှင့် ခေါ်လိုက်တာဖြစ်သည်။
''အော် ဝေယံ နေကောင်းလားညီလေး ''
''ဟုတ် အကို''
ကျွန်တော် ကိုစည်ကိုဝေ့ပြီးရှာလိုက်သည်။
''ကိုစည်ရော''
''မုန့်သွားဝယ်တယ်ကိုမိုး ကျွန်တော်မလိုက်ခြင်လို့''
''အော်''
ကျွန်တော် မုန့်ဈေးတန်းဘက်ထွက်လာခဲ့သည်။
ကိုစည့်ကိုရှာမတွေ့ပါ။
ကျွန်တော်က ကျောင်းလွှတ်အပြီး ကျူ ရှင် ဆက်တက်ရပြီ။

ကျူ ရှင်အပြန်အိမ်ပေါ်မတက်ခင် ဖေဖေ့ရဲ့ ဒေါသ သံပါသော အသံကိုကျွန်တော်ကြားရသည်။
''ငါမင်းကိုယုံကြည်ထားတာ အားကိုးတာ အခုတော့ ကျွန်တော်မသိလိုက်ဘူးဆိုတော့ တာဝန်မမဲ့လွန်းဘူးလားကွ''
ဖေဖေက အရာရှိပေမယ့်ခက်ထန်မာကျော မပြောတတ်တာကျွန်တော်သိသည်။ ထို့ကြောင့်လည်း ဖေဖေက လူချစ်လူခင်များသည်။
''ဆရာ ရယ် ကျမ တောင်းပန်ပါတယ် နောက်မဖြစ်စေရပါဘူး ဂတိပေးပါတယ်''
ထိုအသံသည် ကိုစည်မေမေ အသံဆိုတာတပ်အပ်သိပေမယ့် အိမ်ပေါ် လှမ်းတက်သည်နှင့်သေခြာနေပြီ။
ခေါင်းအောက်ငုံ့ထားသောကိုစည်ဖေဖေက မျက်နှာငယ်နှင့် ကိုစည်မေမေက ငိုထားပုံရသည်။ မေမေက တော့ဖေဖေ့ဘေးမှာထိုင်နေသည်။
ဘာအကြောင်းမှန် ကျွန်တော်သေခြာမသိ၍ အိပ်ခန်းထဲတန်းဝင်လာခဲ့လိုက်သည်။

လှည်းကလေးWhere stories live. Discover now