part 24

739 15 0
                                    

လှည်းကလေး ( အပိုင်း ၂၄ )

မနက်ဖြန်အတွက်မေမေက ဖေဖေကြိုက်တာတွေချည်တစ်ကူးတက ချက်ပြုတ်နေသည်။
ဖေဖေကြိုက်သောကြက်အချို ချက်ကလေးနဲ့ ပဲပြားသုတ်ကလေးတောင်ပါမည်။
အချစ်တစ်ခုသည် အလွန်တန်ဖိုးရှိသည်ဟုထင်ပါသည်။
ဖေဖေ့ကိုချစ်သောစိတ်တစ်ခုထဲနှင့် မေမေအပင်ပန်းခံပြင်ဆင်နေတာ အားကျဖို့ကောင်းလှသည်။
ညဘက်များဆိုမေမေက ဘုရားစင်ရှေ့မှာ ဆီမီးတွေအမွှေးတိုင်တွေနှင့်မေတ္တာပို့ ဆုတောင်းတာအကြာကြီး။
ဟုတ်ပါတယ်လေ မနက်ဖြန်ဖေဖေ တို့အမှူ့ အမိန့်ချမည်လေ။ ကိုစည်တို့တော့အိမ်မှာအရိပ်အယောင်မမြင်မိ။

အချုပ်ကားဝင်လာထဲကမေမေ စိတ်မောနေသလို ကျွန်တော်လည်းဖေဖေ့ကိုတွေ့ခြင်လှသည်။
ဖေဖေကားပေါ့ကဆင်းတော့ မေမေ့ရဲ့နွမ်းလျတဲ့လေသံနှင့်
''ရှင် နေကောင်းရဲ့လား.''
ဆိုတဲ့အမေးကို ဖေဖေက မျက်နှာပြုံးပြီး
''ကောင်းပါတယ်မိန်းမရာ မင်းသာနေကောင်းအောင်နေ''
ကျွန်တော်မေမေ့နောက်က ဖေဖေ့ကိုကြည့်လိုက်သည်။
''သား စာကျက်နော်''
ဖေဖေကဦးအောင်ပြောပေမယ် ကျွန်တော်ပြောလိုက်ခြင်ပါသည်'' သား  ကျောင်းမတက်ခြင်တော့ဘူး ဖေဖေ '' လို့။
ဒါပေမယ့် ဖေဖေ့အလိုကျကျွန်တော်ခေါင်းညိတ်ပြလိုက်သည်။ ဖေဖေ စိတ်ချမ်းသာပါစေ။

ရုံးထဲမှာ ထိုင်နေတဲ့ ကိုစည်နှင့်သူ့မေမေက ခုံ ဘေးအစွန်မှာရှိသည်။ မေမေနှင့်ကျွန်တော်က ဖေဖေနှင့်အနီးကပ်ဆုံးထိုင်နေသည်။ ကိုစည့်ကိုကျွန်တော်တစ်ချက်တစ်ချက်လှမ်းကြည့်ပေမယ့် ကျွန်တော်တို့ကိုသိပ်သတိမမူပုံရသည်။
တရာလိုရှေ့နေ တရားခံရှေ့နေတွေအပြန်အလှန်စစ်မေးနေတာတွေကို နားထောင်ရင်းကျွန်တော့်ရင်လေးလှသည်။
ပြန်လည်ချေပသောဖေဖေ့ဘက်ရှေ့နေက ဖေဖေ့ရဲ့ ရိုးသားသော ကိုယ်ကျက့်သိက္ခာနှင့် နှစ်ပေါင်းများစွာနာမည်ပျက်မရှိမှု အလုပ်မှာသမာသမတ်ကျမှု့  တွေကိုတင်ပြသည်ကို တရားသူကြီးက အပြည့်အဝ ထောက်ခံပေးသည်။
တရားလိုရှေ့နေက ခိုင်လုံသောသက်သေ အဖြစ် ဖေဖေနှင့် တပည့် ဦးကိုနိုင်ကို သက်သေထွက်ဖို့ခေါ်လိုက်သည်။
တရာလိုရှေ့နေကမေးသည့်မေးခွန်းကို တပည့်ရင်းကဖြေသည်။ ဖေဖေက အရင်ထဲက ဒီလိုလာဘ်စားပြီး သစ်တွေခိုးထုတ်တာကြာပြီဖြစ်ကြောင်း ရသည့်လာဘ်ငွေများနှင့်တပည့်များကို မဆိုသလောက်လေးပေးတတ်ကြောင်း။ အခုနောက်ပိုင်းပိုပိုဆိုးလာကြောင်းကိုစည်ဖေဖေ ကိုလည်းသူကဘဲ အဆက်အသွယ်ရှာခိုင်းပြီးခိုးထုတ်ကြောင်းထွက်ဆိုလာသည်။ ဖေဖေက ပါစပ်အဟောင်းသားနှင့် သူ့တပည့်ကို ကြည့်နေသည်။ မေမေရော ကျွန်တော်ပါ လူ့ဘဝက ဆန်းကျယ်လွန်းသော အဖြစ်အပျက်နှင့် အားမနာတတ်သော မျက်နှာမထောက်သော ပေးကမ်းခဲ့သော  စေတနာတွေကို ဘယ်လိုကြောင့်စွန့်စားပြောထွက်လည်းမသိတော့ပါ။

လှည်းကလေးWhere stories live. Discover now