part 17

854 14 0
                                    

လှည်းကလေး ( အပိုင်း ၁၇ )

ဖေဖေက အိမ်ပ်ါမှ ဆင်းသွားတဲ့ကိုစည်ဖေဖေကိုတော်တော်ဒေါသထွက်နေသည်။ ကျွန်တော်ကတော့စိုးရိမ်စိတ်တွေနှင့်သာပြည့်နှက်နေသည်။
ခုရက်ပိုင်းမေမေနှင့် ကိုစည့်မေမေလည်းအခေါ် အပြောမရှိမို့ ကျွန်တော့်စိတ်ထဲဘဝင်မကျပါ။
ဘာဖြစ်ဖြစ် လေ လူကြီးတွေကိုအဆင်ပြေစေခြင်သည်။
ဖေဖေအလုပ်ထွက်လို့ တောင်ဥက္ကလာပဘက်ပြောင်းလျင် ကိုစည်နဲ့ ဝေးရမည်။
အို  ကျွန်တော်တွေးရင်းတောင် အရမ်းဝမ်းနည်းလာသည် ဘယ်ဖြစ်ပါ့မလည်း ဝေးလို့ မခွဲနိုင်ပါဘူးဗျာ။

ကျွန်တော်ကိုစည့်ကိုအိမ်ဘက်မှ လှမ်းလှမ်းကြည့်သည်။ ခုရက်ပိုင်းကိုစည်လည်းပျောက်နေသည်။ ဖေဖေနှင့် သူ့ဖေဖေ ကိစ္စ သူလည်းသိသင့်သလောက်သိနိုင်ပါသည်။
မေမေဝယ်လာတဲ့ ဘုရားပန်းတွေဝိုင်းလဲဖို့ ရေကန်ပေါ် ဘုရားအိုးတွေသယ်နေချိန် ကိုစည့်ကိုတွေ့ လိုက်သည်။
''ကိုစည် ဝေယံဆီရောက်သေးလား''
'' ဟုတ်ကိုမိုး ဝေယံ မနေ့က ဆေးရုံကဆင်းတယ်လေ''
''ဟုတ်လား ညနေမှ ကိုမိုးသွားလိုက်အုန်းမယ်''
''ဟုတ်ကိုမိုး''
ကိုစည်က ပြောပြီး အိမ်ပေါ်တက်သွားသည် တစ်ကယ်ဆိုအတူသွားမယ်လို့ပြောသင့်တယ်လေ။
ကျောင်းပြန်ဖွင့်ဖို့ ရက်သိပ်မလို၍ ကျောင်းအတွက် အထူးထုတ်လေးတွေကျွန်တော်ဝယ်ခြင်လို့ဈေးဘက်ထွက်လာသည်။အပြန်ဝေယံ အိမ်သတင်းမေးဝင်မည်ဟုတွေးထားသည်။
ကျွန်တော် စာအုပ်ဝယ်အပြီး လမ်းထိပ်မှာ ကိုတိမ်ယံနှင့်ဆုံသည်။
''ညီလေး ဘယ်ကပြန်လာလည်း''
ကျွန်တော်ကိုတိမ်ယံကိုတွေ့ လျင် အလွန်ကြောက်သည်။ သူက တဇွတ်ထိုးတော့နိုင်သည်။
''စာအုပ်ဝယ်ပြန်လာတာ ဝေယံဆီတောင်ဝင်မလို့''
''လာ လိုက်ခဲ့လေ အိမ်ပြန်မှာ''
ကိုတိမ်ယံက သိပ်အသားယူတယ်လို့ကျွန်တော်ထင်မိသည် လူခြင်းကပ်လိုက်တာနှင့် ကျွန်တော့်ကိုပုခုံးတန်းဖက်သည်။ဒီလိုပုံစံ ကိုစည်ကိုမမြင်စေခြင်ပါ မြင်မှာလည်းကြောက်ပါသည်။ ဝေယံ တို့အိမ်ပေါ်တက်လိုက်သည်နှင့် ဖိနပ်ချွတ်က ဖိနပ်တစ်ရံသည် ကိုစည့်ဖိနပ်ဆိုတာသေခြာကျွန်တော်သိသည်။ ရင်တုန်တာတော့အမှန်ပင် ကိုတိမ်ယံက စကားပြောလျင်အရှေ့ အနောက်မလွတ် လည်းပြောတတ်သည်။
''ဝေယံ ကိုမိုးပါလာတယ်''
ဝေယံနားမှာ ထိုင်နေတဲ့ကိုစည့်ကိုလည်းတွေ့သည်။
ဆေးရုံလည်းဆေးရုံမို့ အိမ်လည်းအိမ်မို့ ကိုစည်က အချိန်ပြည့်ရှိနေတာ ကျွန်တော် စိတ်တော့ဘဝင်မကျပါ။
ကိုတိမ်ယံက ဝေယံ အခန်းထဲဝင်ဝင်းခြင်းပြောလိုက်သည်နှင့် ဝေယံက
''ဟာ  လာကိုမိုး အမယ် ကိုကြီးနဲ့ ဘယ်မှာတွေ့ ပြီးစုံတွဲခုတ်လာတာလည်း''
ဒီတခါ ကိုတိမ်ယံထက် ဝေယံစကားက အောင့်သက်သက်နိုင်လှသည်။
''မဟုတ်ပါဘူး စာအုပ်ဝယ်ပြီးအပြန် လမ်းထိပ်မှာတွေ့ တာပါ''
ကျွန်တော်အပြာပြာသလဲ ကိုစည့်ကိုကြည့်ပြီးဖြေသော်လည်းကိုစည်ထံမှ အရင်လို အမူအယာတွေ သဝန်တိုအကြည့်တွေ မမြင်မိပါ။
ဝေယံ နားအမြဲရှိနေတဲ့ ကိုစည်က ပြောင်းလဲနေပြီလား။
ဝေယံက တော်တော်နေကောင်းနေပြီ။
''ဝေယံ ဒီပုံဆို ကျောင်းပြန်တက်နိုင်ပြီပေါ့  ကျောင်းလဲပြန်ဖွင့်တော့မယ်နော်''
ကျွန်တော်က ဝေယံကိုပြောသလိုနှင့် ကိုစည့်ကို လည်းသိစေခြင်ပါသည်။
''ဟုတ်တယ်ကိုမိုး ကိုစည်ကဆေးလည်းမှန်မှန်တိုက်တယ် အနားမှာလည်းနေပေးတယ် ကျွန်တော့်ကိုစိတ်ချမ်းသာ အောင်ထားလို့အရင်ကထက်ပိုချစ်တယ်ကိုမိုး''
နှလုံးသားတွေကိုတစ်စဆီ ခြွေချ ခြင်းခံလိုက်ရသလိုထင်မိသည်။ တုန်ရီနေသောလက်တို့သည် ဝယ်လာသော သချာင်္စာအုပ်လေးကို ကျစ်နေအောင် ဖိဆုတ်ထားမိသည်။
''ကဲ ကိုမိုးပြန်မယ်နော်ဝေယံ''
ကျွန်တော် ကိုစည့်ကို တစ်ချက်မှမကြည့်မိအောင်ထိန်းရင်းထွက်လာသည်။
မှောင်နေချိန်လေးမို့ ကိုစည့်ကို လိုက်ပို့စေခြင်သည်။
''ကိုမိုး ကျွန်တော်လိုက်ပို့မယ်''
ကိုစည်က ကျွန်တော့်ကိုလိုက်ပို့မယ်ဟုပြောလိုက်သည်နှင့်ကျွန်တော်က....
''နေပါ ကိုစည်ရ ဝေယံက ကိုစည်မရှိလို့မှ မဖြစ်တာ ဂရုစိုက်လိုက်ပါ''
ကျွန်တော်အေးအေးဆေးဆေးဘဲဖြေလိုက်ပြီး
''ကိုကြီးတိမ်ယံ ညီလေးကိုလိုက်ပို့ ဟိုဘက်လမ်းကမှောင်တယ် ညီလေးကြောက်တယ်''
ကျွန်တော်က ကိုတိမ်ယံဘက်လှည့်ပြီး ခပ်ချွဲချွဲလေးပြောလိုက်သည်။
''ဟာ  ဟုတ်တာဘဲ ပို့မှာပေါ့ ညီလေးရ ''
ကိုတိမ်ယံက ပြာပြာသလဲ မှို ရသလိုမျက်နှာနှင့် ကျွန်တော့်နောက်ပါလာသည်။
ကိုစည်ဘယ်လိုကျန်ခဲ့မလည်းကျွန်တော်မသိပါ။ သိလည်းမသိခြင်ပါ။
ကိုတိမ်ယံက ကျွန်တော့်ပုခုံးဖက်ပြီး ခြံထဲကထွက်လာပြီးလမ်းပေါ်ရောက်သည်နှင့် ကျွန်တော်က လက်ကိုပုတ်ချလိုက်သည်။
''ညီလေး ကိုတိမ်ယံကိုမချစ်ဘူးလား''
ကျွန်တော်က ကိုစည့်ကိုရွဲ့ သည် ကိုတိမ်ယံက အခွင့်ရေးလက်လွတ်မခံ။
''ကျွန်တော်မှာချစ်သူရှိတယ် ဒီမှာနေခဲ့တော့နော် ဟိုနားကမီးလင်းနေတော့ကျွန်တော်သွားရဲပါတယ်''
ကျွန်တော်ခပ်သွက်သွက်လေး လျောက်ပြန်လာခဲ့သည်။
ရင်ထဲမှာတော့စို့နင်းနေဆဲပါ။

လှည်းကလေးWhere stories live. Discover now