part 31

897 14 0
                                    

လှည်းကလေး ( အပိုင်း ၃၁ )

ကိုစည်ပြလိုက်တဲ့အုတ်ဂူနှစ်လုံးနားကို ကျွန်တော် အမြန်ပြေးဖတ်မိသည်။ ကျွန်တော့်ရဲ့ ဘဝကိုဖေးမခဲ့တဲ့ လူတစ်ယောက်များလားလို့ပါ။ ဗလောင်ဆူနေတဲ့ရင်ကို ဖိကပ်ရင်းဖတ်ကြည့်လိုက်မိသည်။
ခပ်စိမ်းစိမ်းနာမည်တွေမို့ ဝေဝါးစွာရှိနေခဲ့သည်။
ဘယ်သူတွေလည်းအထပ်ထပ်စဉ်းစားမိသည်။
ဖိုးဇော်က အနားက လာရပ်သည်။ ကိုစည်က ကျွန်တော့်ကို မမှိတ်မသုန်လေးကြည့်ပြီး။
''စိတ်တွေသိပ်မလှူ တ်ရှားပါနဲ့ကိုမိုး''
ကျွန်တော်က စိတ်လှူ တ်ရှားရုံမက လူက အိန္ဒြ ရေ မရဖြစ်နေလောက်ပါတယ်။
ကျွန်တော် ဘယ်သူတွေလည်းဆိုတဲ့အကြည့်ကြောင့် ကိုစည်က ပြောပြသည်။
''ဒါ ဝေယံ မေမေ နဲ့ ဖေဖေ ပေါ့''
''အော် ...ကို  ကို တိမ်ယံရော..''
ဟန်မဆောင်ခြင်လောက်အောင်သိခြင်မိခဲ့ပါတယ်။
ကျွန်တော် ကိုစည့်ကိုမေးလိုက်သည်။
ကိုစည်က သွားတက်တွေပေါ်အောင် ရီလိုက်သည်။
''ဘာလို့အဲ့လောက် စိတ်တွေပူနေရတာလည်းကိုမိုးရာ ရှိပါတယ်ဗျ''
ကျွန်တော်မျက်နှာပျက်စွာ ရှိနေလိမ့်မည့်။ဒါ့ထက် ဖိုးဇော်က အနားကနေ ကျွန်တော့်ကိုအကဲခတ်နေမှာသေခြာသည်။
ကျွန်တော် ဆက်မမေးတော့ပါ ကိုတိမ်ယံကို။
''ဝေယံ မိဘတွေက ဘယ်လိုဆုံးသွားတာလည်း''

ကျွန်တော့်ထံ လေပြင်းတစ်ချက်လာဝှေ့သည်။
အနားက ညောင်ပင်အိုကြီးထံက လှူ တ်ခတ်သံတွေကြားနေသည်။ ဝေယံ သိပါစေ ကျွန်တော် ဘယ်လောက်သဘောထားကြီးကြီးနဲ့ စွန့်လွှတ်ခဲ့သလဲ။
ကိုစည် က ညောင်ပင်အိုကြီးအပေါ်ကိုပေါ့ ကြည့်လိုက်သည်။ဆွေးမြေ့သောခံစားမှူ့ ကို မြင်တွေ့ ရသည်။
''ဝေယံ ဆုံးတော့ သူ့ဖေဖေ မေမေက တော်တော်လေးပူဆွေးကြတယ်ကိုမိုး သားအထွေးဆုံးလေး မွေးရာပါနှလုံးရောဂါသည်လေးမို့ ချစ်လို့လည်းမဝဘူးပေါ့။ ကျွန်တော့်ကိုဆေးရုံစတက်ကတည်းက ဝေယံမေမေက ရှင်းပြထားပါတယ်။ ကိုတိမ်ယံလည်းသိသင့်သလောက်သိပါတယ်''
ကိုစည်က ဝေယံအုတ်ဂူနားလျောက်သွားရင်းဆက်ပြောသည်။ကျွန်တော်ကတော့ အဲ့အချိန်တုန်းက ဝေယံဆေးရုံက ပုံရိပ်တွေကိုမြင်နေမိသည်။
''ဝေယံ ရက်လည်ပြီး တော့ အခြေအနေတခုက ပိုဆိုးလာတယ်ကိုမိုး အဲ့ဒါ ကိုတိမ်ယံဘဲ''
နားမလည်သလို နားထောင်နေပေမယ့် ဆက်စပ်မှူ့ က ကျွန်တော်တွေးလို့မရပါဘူး။
''ဝေယံအတွက် ကောင်းမှူ့ ပြု ဖို့ အတွက်သူတို့ဝေယံမွေးတဲ့ နယ်မြို့ လေးမှာ အလှူ သွားလုပ်ကြ တယ်လေ အဲ့ဒီက အပြန်မှာ ကားမှောက်ပြီး ဝေယံ ဖေဖေနဲ့မေမေ ပွဲခြင်းပြီးဆုံးတယ် ကိုမိုး''
ကံကြမ္မာရယ် ဘယ်လို ရက်စက်လိုက်တာလည်း။
တစ်ကယ့်ကို ကျွန်တော်စိတ်မကောင်းဖြစ်မိပါတယ်။
''ကိုမိုး ကိုတိမ်ယံရော လို့ မေးပါအုန်း''
ကျွန်တော် သိခြင်ပါတယ် မလိမ်ပါဘူး
''စိတ်မပူပါနဲ့ သူသက်ရှိထင်ရှားရှိပါတယ် ကိုမိုးကို ခေါ်သွားအုန်းမှာပါ သူ့ဆီ''
ကျွန်တော် ဝမ်းသာပါသည်။
ကိုတိမ်ယံရှိနေသေးလို့ပါ။
သိုပေမယ့် ဘာလို့နှစ်အတော်ကြာ ကျွန်တော့်ထံရောက်မလာခဲ့တာလည်းလို့တွေးမိသည်။ စိတ်ထဲကလည်းမကျေနပ်မိပါ။ တစ်ကယ်ဆို လာသင့်ပါသည်။

လှည်းကလေးWhere stories live. Discover now