part 34 (final)

2.4K 43 3
                                    

လှည်းကလေး ( အပိုင်း ၃၄ )( ဇာတ်သိမ်း )

အိမ်မက်ထဲက ကိုကြီးတိမ်ယံနှင့်ဈေးရောင်းရတာအရမ်းပျော်ပါသည်။
အရင်လို ဆံပင်ရှည်ဝဲဝဲလေးတွေက လေထဲလွင့်လွင့်ကျလာသည်။ကျွန်တော့်ဘဝရဲ့ ပျော်စရာနေ့တနေ့ပါ။
''ကိုမိုး  ကိုမိုးရှိလား''
ကျွန်တော် နိုးတစ်ဝက်နှင့် အိမ်ရှေ့ထွက်လာသည်။
''အော် ကိုစည် အစောကြီးပါလား ကားရော''
ကျွန်တော် ထူးဆန်းစွာနှင့်ကိုစည့်ကို မေးလိုက်သည်။
''ကျွန်တော်အိမ်ပေါ်က ဆင်းလာတာကိုမိုး''
ကိုစည့်စကားကြောင့်ကျွန်တော် ရင်တမမရှိလှသည်။
''ကျွန်တော် ဒီမှာခနနေမယ်နော် ကိုမိုး''
ကျွန်တော် ပြောဖို့အတော်အခက်ကြုံ ရသည်။ ဘယ်ဖြစ်ပါ့မလည်း ကျွန်တော့်ကို သူ ချဉ်းကပ်တာမျိုးလည်းလက်မခံခြင်ပါ။ အချစ်ဦးမို့ ရူးမတတ်ဆိုပေမယ့်အတိတ်က အတိတ်မှာထားခဲ့လိုက်ခြင်ပါပြီ။
ဘာလို့လည်း။
သူ့မှာ ကာမပိုင် ဇနီးမယားရှိနေပြီမဟုတ်လား။
''အင်း ကိုစည်ရ ...''
ကျွန်တော် ဘယ်ကစပြောရမှန်းမသိချိန်
''ဘာလဲ ဖိုးဇော် က ကျွန်တော့်ကို တစ်မျိုးထင်မှာဆိုးလို့လား''
ထွက်စမ်းအကြံတွေညာဏ်တွေ ဘယ်လိုပြောရမလဲ။
''ကိုမိုး ကျွန်တော့်ကို ချစ်သေးတယ်မဟုတ်လား ကျွန်တော့်မှာ မချစ် မနှစ်သက် သူ နဲ့ပေါင်းနေရတဲ့ဘဝကိုသနားတယ်မဟုတ်လားဟင် ကိုမိုး ကျွန်တော်တို့ပြန်စရအောင်''
ကိုစည့်စကားကို ရွံသည်။
''ရူးနေလားကိုစည် ရူးနေပြီလား မင်းမို့မေးရက်တယ် ချစ်သေးတယ်မဟုတ်လားတဲ့ နားရှိလို့ကြားရတာကိုစည် တချိန်က ငါ့ကို အနားကနေ ဂရုတစ်စိုက်လေးတောင်မပေးဘဲ ဝေယံနားကို သနားတယ်ဆိုတဲ့အကြောင်းပြချက်နှင့် တွယ်ကပ်နေတုန်းက ဟော့ဒီ ငါရင်ထဲဘယ်လိုခံစားခဲ့ရလည်းသိလား မသနားဘူး လုံးဝမသနားဘူး  မင်းဘာသာ မချစ်ဘဲ ပေါင်းပေါင်း ချစ်လို့ပေါင်းပေါင်း သူများသားသမီးတစ်ယောက် ငါ့လို ရင်ကွဲခံ ပြီး မကျန်ရစ်စေပါနဲ့  ပြောထွက်လိုက်တာကိုစည်ရယ်  ပြန်စ ရအောင် ဟုတ်လား ရုပ်ရှင် ဇာတ်ကားတခုလို နောက်ပြန် မရစ်ခြင်ပါနဲ့ မ ဆိုင်သူတွေလည်း အသဲမကွဲစေပါနဲ့ ''

ကျွန်တော် ခံစားဘူးသောဝေဒနာတွေကို သူများတွေ မခံစားစေလိုပါ ကျွန်တော် လူဆင်းရဲပေမယ် ဂုဏ်သိက္ခာ မဆင်းရဲခြင်ပါ။ ဘယ်လောက်ချစ်ချစ် ထားခဲ့ဘူးပြီဘဲ။
''အော် နောက်ဆုံးတော့ ကိုမိုးက မဆိုင်သူတွေအသဲမကွဲစေခြင်ဘူးဆိုတော့ ဘာလဲဖိုးဇော် ကိုအသဲကွဲကျန်ခဲ့မှာဆိုးတာလား''
ကျွန်တော့်စကားကို အထ ကောက်ပြောလိုက်သည်။
''ဟုတ်တယ် ကိုစည် ကွဲကွာနေတဲ့ နှစ်တွေမှာ ဖိုးဇော်က ငါ့ကို အရမ်းဂရုစိုက်တယ် အရမ်းချစ်တယ် ငါ့ ဘဝမှာ မရဘူးတဲ့ အချစ်တွေ ဂရုစိုက်တာတွေသူ့ဆီကရတယ်။လူ ဆင်းရဲပေမယ့် သစ္စာမ မဲ့ဘူး အဲ့တာကြောင့် ငါ ဖိုးဇော်ကိုသိပ်ချစ်တယ် အရမ်းချစ်တယ် မင်းကိုထပ်ပြောမယ်ကိုစည် ငါ ခုချိန်းမျိုး မှာ ဖိုးဇော်အပေါ် သစ္စာမဖောက်ဘူး အထင်လွဲတောင်ငါမခံနိုင်ဘူး အဲ့တာဘာလို့လည်းသိလား သူ့ကို သိပ်  ချစ်  လို့ ''
ကျွန်တော်ကိုစည့်မျက်နှာကိုသေခြာစိုက်ကြည့်ပြောလိုက်တာဖြစ်သည်။
နာကျင်ခဲ့ရသောနေ့တွေအတွက် ကျေနပ်သလိုရှိလှသည်။
''ကဲ မင်းပြန်တော့ကိုစည် ငါ လက်မခံနိုင်ဘူး''
တစ်လက်ဆ ထဲ ကိုစည်ကိုပြန်ဖို့ပြောလိုက်သည်။
''မပြန်ဘူး ကိုမိုး မပြန်ဘူး ကိုမိုးနဲ့ဒီတခါမခွဲတော့ဘူး''
ကျွန်တော့်ထံပေးဖက်လိုက်တဲ့ ကိုစည့်ကို ရုန်းတွန်းလိုက်သည့်အချိန်တွင်။
''ကိုစည် မင်းပြန်တော့ ''
ကျွန်တော် မထင်ထားသော ဖိုးဇော်က ကိုစည့်လက်မောင်းဆွဲတွန်းလိုက်သည်။
ကျွန်တော် ဖိုးဇော် ကိုပြေးဖက်ပြီးရင်ခွင်ထဲဝင်လိုက်သည်။
''အော် ရပါပြီ ကိုမိုး ကျွန်တော်ကတော့မျော်လင့်ချက်ကြီးစွာနဲ့ စွန့်ပြီးထွက်လာတာပါ''
ကိုစည့် စကားကိုဖိုးဇော်က
''ဆက်မပြောနဲ့ ကိုစည် မင်းပြန်တော့နော်''
က်ုစည် လှည့်ထွက်သွားသည်။

လှည်းကလေးWhere stories live. Discover now