လှည်းကလေး ( အပိုင်း ၁၈ )
အခန်းရဲ့ဘောင်ကိုကျွန်တော်အမိအရ ဆွဲကိုင်လိုက်ရသည်။
တန်းဖိုးထားသော အရာတစ်ခုကိုဆုံးရှူံးလိုက်ရပြီဆိုသောအသိကြောင့်မူးမေ့မတတ်ခံစားရသောအဖြစ်မျိုး ပထမဆုံးခံစားဖူးတာပါ။ တုန်နေသောရင်ထဲကပူလောင်မူ့သည် ဘယ်လိုအပူမီးများလဲဗျာ။
မျက်ရည်လုံးဝမကျပါဘူး။
ဝမ်းနည်းမှူ့ ကတော့ ရင်ကိုအောင့်နေအောင်တော့ရှိပါသည်။
''ဟာ ကိုတိမ်ယံကလည်း ကျွန်တော်ဘာမှ ဘာမှ မဖြစ်ပါဘူး''
ကိုတိမ်ယံကခေါ်လိုက်လို့ အခန်းထဲက ကိုစည်နဲ့ ဝေယံ ပြေးထွက်လာတာသိသည် ကျွန်တော်သူတို့ရှေ့မခံစားခြင်ပါဘူး အေးဆေးလေးဖြတ်သန်းဖို့အတွက် စိတ်တွေအရင်လျှော့ချလိုက်သည်။
''ညီလေးကလည်းမူးသွားတာမဟုတ်လား ထိုင်ချ ထိုင်ချလိုက် ဝေယံ ရေတစ်ခွက်သွားခပ် ''
ကိုတိမ်ယံရဲ့  အဆက်မပြတ်ပြောနေသံကိုကြားနေရသည်။
ကိုတိမ်ယံက သူ့ရင်ခွင်ထဲ ကျွန်တော်ကိုထွေးပွေ့ထားတာလည်းသိသည်။
''ကိုမိုး ကိုမိုး ဘယ်လိုနေလည်း ကိုမိုး ...''
ကိုစည်အသံကြားလိုက်သည်။
ခေါင်းကိုထောင်ပြီး မျက်စိကိုအားယူလိုက်သည်။
ကိုစည့်ကြောင့်ဝေယံ ကြောင့်ဆိုတဲ့ဝေဒနာ မပြောခြင်ဘူးလေ ဒါ ကျွန်တော့်ရဲ့ ပင်ကို မာန။
''ရတယ် ရတယ်ဘာမှ မဖြစ်ဘူး အိပ်ရေးပျက်တာများလို့ ပါ''
အကြောင်းပြချက် မခိုင်လုံတာကိုစည်သိမည်။
ဝေယံ ခပ်လာသောရေကို ကိုတိမ်ယံက ကျွန်တော့်ကိုတိုက်သည်။
''ညီလေး ရေသောက်လိုက်အုန်း''
''ကိုကြီး ဆေးခန်းသွားရအောင် ကိုမိုး ကိုမိုး ရ ရဲ့လား ''
ဝေယံက စိုးရိမ်စွားမေးသည်။
''ကိုမိုး ကိုမိုး ဆေးခန်းသွားရအောင်''
ကိုစည်ပြောစကားကို ခေါင်းခါရင်းပြုံးသည်။
''ဘာမှ မဖြစ်ပါဘူး မသွားပါဘူး ခုကောင်းနေပြီ''
ကျွန်တော်အားယူထလိုက်သည်။
ကျွန်တော့်အရှေ့ဆောင့်ကြောင့်ထိုင်နေတဲ့ ကိုစည်က ကျွန်တော်ချိုင်းကမသည်။
ကိုတိမ်ယံက လက်မောင်းလေးဆွဲထူးသည်။
ကျွန်တော်က ကိုတိမ်ယံဘက်ကို အားလေး ပိုပြု တွဲလိုက်သည် ကို ကိုစည်သိပါစေ။
''ကိုကြီးဆေးခန်းသွားမယ် ညီစိတ်ပူတယ်''
ဝေယံက ငိုသံပါပါ ပြောသည်။
''ရပါတယ်ဝေယံရ ကိုမိုးခုဘာမ မဖြစ်ပါဘူး လူကြီးတွေရော''
''အင်း မေမေတို့ ဘဏ်သွားတာကလည်းကြာလိုက်တာ''
ဝေယံညည်းသံအဆုံးကျွန်တော်က...
''ကိုကြီးတိမ်ယံ လိုက်ပို့ပေးညီလေးကို...''
''ပို့ပေးပါ့မယ်ညီလေးရ အိမ်ထိ ပို့ပေးမယ်နော်...''
ကျွန်တော့်မျက်လုံးထဲ မြူ တွေကျနေသလိုမြင်တွေ့နေရသည်။
ကိုတိမ်ယံကို မှီခိုလိုက်သည်။
ကိုတိမ်ယံကလက်မောင်းလေးကိုသိမ်းဖက်သည်။
ဖိနပ်ချွတ်ကိုတိမ်ယံက အရင်ဆင်းတော့ ကျွန်တော်က အနောက်ကနေ၍ ဖိနပ်ကို အိမ်ဘက်လှည့်စီးပြီး အိမ်ပေါ် ကျန်ခဲ့ တဲ့ ကိုစည့်ကို စူးစိုက်ကြည့်လိုက်သည်။
မျက်တောင်တစ်ချက်ဖြေးဖြေးလေးခပ်လိုက်ပြီး အောက်နှု တ်ခမ်းတွေကို အပေါ်သွားတွေ နှင့် ဖိကိုက် ပြရင်း မျက်ခုံးတွေပင့်တက်သွားအောင်မရီယုံပြုံး ပြလိုက်ပြီးကိုယ်ကိုဖြေးဖြေးခြင်းလှည့်ဆင်းလိုက်သည်။
နေခဲ့ တော့ ...
ငါ့ဘဝမှာ နင်က ပထမ...
မင်းအတွက်လည်း ငါက ပထမ ...
ဒါပေမယ့် မင်းစွန့်လိုက် ပေမယ့် ပထမ ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ဂုဏ်ဆာရလို့ကျေနပ်နေမှာကိုစည်။
YOU ARE READING
လှည်းကလေး
Romancefbမှာ ကို Thuta Lulinရေးသော ဝတ္ထုအားပြန်တင်ခြင်း Sex အကြောင်းပါသည် ဆန္ဒရှိမှဖတ်ပါ