လှည်းကလေး ( အပိုင်း ၂၅ )
ချစ်ခြင်း
မုန်းခြင်း လွမ်းဆွတ်ခြင်း
သတိယခြင်းတွေခဝါချလို့ ကျွန်တော်နှင့်မေမေ ဒီနေရာက ထွက်ခွာဖို့ပြင်ဆင်နေခဲ့ပြီးပါပြီ။
ဘာဖြစ်ဖြစ် ကံကိုသာပုံချတတ်တဲ့ကျွန်တော် နဲ့မေမေက ဖြေသာအောင်အမြဲကြိုးစားမိမှာပါ။
''ကိုမိုး...''
အိမ်ပေါ်တက်လာတဲ့ ကိုစည့်ကို ကျွန်တော်က စကားမပြောဖြစ်ခင် မေမေက ခရီးဦးကြို လိုက်သည်။
''မမ ...''
အနောက်က ကိုစည့်မေမေလည်းပါလာသည်။
မေမေ့ကို ကိုစည့်မေမေက ပြေးဖက်သည် ငိုသည်။
''ညီမတို့ သားအမိကိုခွင့်လွတ်ပါမမရယ် ညီမ လည်းဘယ်လိုမှမတတ်နိုင်ခဲ့လို့ပါ''
မေမေက တရားသမားပီပီ ခွင့်လွတ်တတ်သည်။
''ညီမရယ် ကံတရားပေါ့ ဟိုဘဝက ဝဋ်ကြွေး ဆပ်တယ်ဘဲယူဆပါတယ် ငါ့ညီမ မှာအပြစ်မရှိပါဘူးကွယ်''အနားလာရပ်တဲ့ ကိုစည့်ကို ဘာတစ်ခွန်းမှ မပြောဘဲ မျက်စိက လက်သူကြွယ်က အသဲပုံ လက်စွတ်လေးကြည့်မိပြန်သည်။ ကိုစည်က ခေါင်းငုံ့ပြီး ကျွန်တော့်ကို တိုးတိုးညင်ညင်လေးပြောသည်။
''ကျွန်တော့်ကိုမုန်းနေပြီလား ကျွန်တော်ကိုယ်တိုင်လည်း ခွင့်လွှတ်ပါလို့မတောင်းဆိုဝံ့တောပါဘူးကိုမိုးရာ''
ကျွန်တော်အားယူပြုံးလိုက်သည်။
ကျရှူံးရပါတယ်လို့ ခေါင်းငုံမနေခြင်တော့ပါဘူး။
ရင့်ကော့ခေါင်းမော့ပြီးပြောလိုက်တယ်....
''ဘာကိုမုန်းရမှာလည်း မ မုန်းပါဘူး ခွင့်လွှတ်ပါတောင်းဆို စရာလည်းမလိုပါဘူး စိတ်ထဲဘာမှမရှိသလို ခေါင်းထဲလဲဘာမှ မအစထဲကမရှိတာ အော် ဒါနဲ့ လက်စွတ်လေးကတော်တော်လှတယ်နော် ငါလည်းနောက်ဆို ဆင်တူဝတ်တဲ့အခါ ရှိလာတော့မှာဆိုတော့...''
ကိုစည် ဘာမှခွန်းတုံ့ မပြန်ပါ။
ပြောသာပြောတာ စိတ်ထဲမှာ ငိုမိနေပြန်ပြီ။
ကိုစည်နဲ့ သူ့မေမေ က မေမေ့ကို ကန်တော့ပြီး
''ကိုမိုး ...ကာယကံ ဝစီကံနဲ့ပြစ်မှားမိတာရှိရင်ခွင့်လွတ်ပါ''
ကျွန်တော့်ဘက်လှည့် လက်အုပ်ချီသည်နှင့် ပြတင်းပေါက်ကနေ ဟိုးအဝေးကပြန်နေတဲ့ငှက်လေးတွေကြည့်နေမိလိုက်သည်။အခန်းထဲဝင် မျက်ရည်ကျမိတာမေမေသိပါတယ်။
မနက်ဆို ဒီနေရာက ထွက်ခွါတော့မယ်။
တစ်ညလုံးလည်းအိပ်မပျော်ပါ။
ပစ္စည်းတွေကားပေါ်တင် အားလုံးစစ်ဆေးပြီး သော့ခတ် ကားထွက် လာခဲ့သည်။
နေခဲ့တော့ ဗျာ ဒီရိပ်သာလေးရဲ့ ပျော်စရာတွေအတွက်ရောဝမ်းနည်းစရာတွေအတွက် ထားခဲ့ပါရစေတော့ ဘဝသစ်လေးစတင်ပါရစေတော့လို့။
သစ်တောရိပ်သာဝင်းထဲမှ ကားထွက်လိုက်သည်နှင့်
''ကိုမိုး ညီလေး ညီလေး ''
ကျွန်တော်က ခြေထောက်ကလေးတွဲလျားချ ကားနောက်မှ အသံပေးလိုက်လာသူကိုလှမ်းကြည့်လိုက်သည်။
''ကား ဆရာ ဟိုး ဟိုး ..''
ကိုကြီးတိမ်ယံက အမောတကောပြေးလိုက်လာပြီး ကားပေါ်တွဲခိုလိုက်သည်။
''သွားတော့မယ်ကိုကြီး ''
''အင်းပါ ဆောရီ နောက်ကျသွားတယ် ကိုကြီးလိုက်ပြောင်းပေးမလို့''
ကိုတိမ်ယံစကားကြောင့်
''တောင်ဥက္ကလာ လိုက်မလို့လား''
''အင်းပေါ့ ညီရ''
ကျွန်တော် ဘာမှမပြောဘဲပြုံးနေလိုက်ပါသည်။
YOU ARE READING
လှည်းကလေး
عاطفيةfbမှာ ကို Thuta Lulinရေးသော ဝတ္ထုအားပြန်တင်ခြင်း Sex အကြောင်းပါသည် ဆန္ဒရှိမှဖတ်ပါ