part 29

877 19 0
                                    

လှည်းကလေး ( အပိုင်း ၂၉ )

ဖိုးဇော်က လဲနေတဲ့ကိုစည့်ထံနောက်တစ်ချက်ထိုးဖို့ဟန်ပြင်လိုက်သည်နှင့်
''ဖိုးဇော် တော် တော့ဆို ''
ကျွန်တော်အော်လိုက်လို့ရပ်သွားပေမယ့် ဒေါသတစ်ကြီးဖြစ်နေတဲ့ ဖိုးဇော်က လက်သီးကြီးဆုတ်လျက်တွေ့ရသည်။
ကျွန်တော်က ကိုစည့်ထံ ဒူးထောက်ထိုင်ရင်းဆွဲထူလိုက်သည်။
''ထ ထ ကိုစည် ပြန်တော့''
ကိုစည်က ဖိုးဇော်ကို စူးစိုက်ကြည့်လိုက်သည်။
''ကိုမိုးက အခုတော့ ကာကွယ်မယ့်လူ စောင့်ရှောက်မယ့်လူတွေတောင်ရှိနေပါလား''
နှခေါင်းက သွေးတွေလက်ပြန်သုတ်လိုက်ပြီးကိုစည်ကပြောသည်။
''ရှောက်မပြောနဲ့ကိုစည်  ပြန်ပါတော့''
ကျွန်တော် တစ်ခါမှ ဖိုးဇော် ဒေါသထွက်တာမမြင်ဘူးခဲ့ပါ။
အရာရာကိုသီးခံတတ်သူ သဘောကောင်းသူ အဖြစ် သိလာခဲ့တာကြာပြီဘဲ။
''ဒီကောင် ဘယ်ကကောင်လည်း ဆွဲလား ရဲလားနဲ့ ''
ဖိုးဇော်အမေးကို  ကိုစည်က မျက်နှာကို ပြုံး နှုတ်ခမ်းတစ်ချက်မဲ့ လိုက်ပြီးကျွန်တော့်ကို
''ကိုမိုး သေခြာပြောပြလိုက်ပါအုန်း ကျွန်တော်ဘယ်သူလဲဆိုတာ ကိုမိုးပြန်လာခဲ့အုန်းမယ်သိလား''
ကိုစည်ကမထေမဲ့မြင်ပြောပြီးထွက်သွားတော့မှ စ်တ်အေးရသည်။ တစ်ကယ်တော့မညာခြင်ပါ ကိုစည်သွေးထွက် ပြီးအထိုးခံရတာ စိတ်ထဲမကောင်းပါဘူး။
ဖိုးဇော်လည်းအပြစ်မတင်ရက်ပါ။

လူတစ်ချို့ က ဝိုင်းကြည့်နေသည်။
ဖိုးဇော်က ကျွန်တော့်ကို သင်္ကာ မကင်းသောအကြည့်နှင့်ကြည့်ပြီးလှည်းကိုတွန်းထွက်သွားတော့သည်။
ကျွန်တော်လည်းဈေးရောင်းခြင်စိတ်မရှိတော့သဖြင့် အိမ်ပြန်ဖို့ထွက်လာတော့သည်။
ခုချိန်ဆို လှည်းလေးတွန်းရင်းဖိုးဇော်တစ်ယောက် ကိုစည့်စကား အဓိပ္ပါယ်တွေ တွေးနေမလား။
''ဟဲ့သား စောလှချည်လား ''
အိမ်ထဲလှည်းထည့်လိုက်သည်နှင့် မေမေ့အမေးကိုကျွန်တော်ချက်ခြင်းမဖြေတတ်ခဲ့ပါ။
''ခုန ကလည်း လှည်းသံကြားလို့ထကြည့်တာ ဖိုးဇော်ပြန်လာတာတွေ့ တယ်''
ကျွန်တော် လွယ်အိတ်ကလေး တိုင်မှာလှမ်းချိတ်လိုက်သည်။
''ဘာချက်လဲမေမေ ''
''ပုဇွန်လေးကြော်ထားတယ် ပဲဟင်းလေးနဲ့သားစားတော့မလား''
''ဟုတ်ကဲ့မေမေ''
ကျွန်တော် ခြေလက်ဆေးပြီး ထမင်းစားလိုက်သည်။
မေမေက အနားမှာလာထိုင်ပြီး
''သား မျက်နှာလည်းမကောင်းဘူး ဖိုးဇော်နဲ့စကားများလာ သလားဟင်''
ကျွန်တော်မေမေ့ကို ဘယ်ကစပြောရမှန်းမသိပါ တစ်ကယ်ဆို ကိုစည်နဲ့ ပြသနာ လုံးဝမပြောခြင်ပါ။
''မဟုတ်ပါဘူးမေမေ နေကောင်းရဲ့လား ''
''ကောင်းပါတယ် ချောင်းကတော့ဆိုးနေသေးတာဘဲ''
ထမင်းစားပြီး ကျွန်တော် အိမ်ထဲဝင် ဘီရိုအံဆွဲကိုဖွင့်လိုက်သည်။ ငွေစက္ကူ အချို့ ကို ရေတွက်လိုက်သည်။စုစုပေါင်း လေးသောင်းကျော်ရှိသည်။
အချိန်ရတုန်းလေး မေမေ့ကိုဆေးခန်းပြပေးအုန်းမည်။

လှည်းကလေးWhere stories live. Discover now