part 12

1K 15 0
                                    

လှည်းကလေး ( အပိုင်း ၁၂ )

မေမေဆီကခွင့်တောင်းပြီးကျွန်တော်ဆေးရုံကြီးနှလုံးဆောင်ဘက်နားရောက်တော့ ည ၇ နာရီထိုးပြီ။
ကျွန်တော်ကသတိတရ နှင့် ကိုစည်နှင့်အတူစားရန် ငါးရံ့ခြောက်ဖုတ်လေးဆီစမ်းလေးလည်းထဲ့လာသည်။ ဝေယံအတွက် ပန်းသီးတွေလည်းပါလာသည်။
ဆေးရုံ အခန်းဝမှာတင် ကျွန်တော်ကိုကိုစည်ကကျောပေးလျက်တွေ့ လိုက်ရသည်။ ဝေယံက အိပ်ပျော်နေလားမှိန်းနေလားသေခြာကျွန်တော်မသိပါ။
ကိုစည့်နောက်ကျောမှာ ရပ်ပြီးခေါ်မည်အလုပ်...
ကိုစည့် ရဲ့ လှု တ်ရှားပုံတစ်ခုကြောင့်ကျွန်တော် မူးမေ့မတတ် ဆွံအံ့သွားမိသည်။ယောင်ရမ်းလွှတ်ချမိလိုက်တာကပန်းသီးထုတ်ဖြစ်သည်။
ကိုစည် က ဝေယံညာ ဘက်လက်ဖမိုးလေးကို ယူပြီး ဖွဖွ လေး ညင်သာစွာနမ်းရှိုက်လိုက်သည့်အတွက်ဖြစ်သည်။

ပြုတ်ကျသွားတဲ့ပန်းသီးတွေက အိတ်ထဲက ထွက်ကျ သွားသည့်အတွက် ကိုစည် လှည့်ကြည့်သည်။
''ကိုမိုး  ဘယ်တုန်းကရောက်လဲ ခုဘဲ ဝေယံအိပ်ပျော်သွားတာ ကျွန်တော်တောင်...''
ကျွန်တော် မျက်နှာကို ပျက်မသွားအောင် ထိန်းလိုက်သည်။ပြုတ်ကျသွားပန်းသီးတွေပြန်ကောက်ထည့်လိုက်ရင်း
ကိုစည်ရဲ့  အရှက်ပြေ အဆက်မပြတ်စကားတွေ နားမထောင်ခြင်၍ ဖြစ်သည်။
''အော် ခုဘဲ ကိုစည် မြို့ ထဲ ခန လာရင်းဝင်လာတာ ရော့ ဒါ ကိုစည် ဝေယံ ကိုစောင်ရင်းစားဖို့ ထမင်းဘူးပါထည့်လာတယ်''
ကျွန်တော် အတွက် ကိုစည့်ကိုအနှောက်အယှက်မဖြစ်စေလိုပါ။ ထို့ကြောင့်ဝေယံကိုတစ်ချက်ကြည့်ပြီး...
''ကိုမိုးပြန်တော့မယ်ကိုစည် ဝေယံနားပါစေ''
ကိုစည်က ကျွန်တော့်မျက်နှာရိပ်ကို ဖမ်းမိသည်ထင်သည်။
''ကိုမိုး ကျွန်တော် အောက်လိုက်ပို့မယ် မှောင်နေတယ်''
''ရပါတယ်ကိုစည်ရ နေပါစေ''
တိမ်ဝင်သွားတဲ့ အသံကို ကိုစည်သတိထားမိလောက်သည်။
ကျွန်တော့်နောက်က ကိုစည် လိုက်လာသည်။
ဆေးရုံ ကော်ရစ်တာ လျောက်လမ်းလူရှင်းသည့်နားတွင်
''ကိုမိုး ကျွန်တော့်ကို ဘယ်လို မြင်လဲဟင်''
ကိုစည်က ကျွန်တော့်ရှေ့ ကရပ်ပြီးမေးသည်
ကျွန်တော် ပြုံးသည် လှပနေအောင်ပြဲုးလိုက်သည်။
လူဆိုတဲ့ သဘာဝက လိုက်လျင်ပြေးသည်။
ပြေးလျင်လိုက်သည်။
ထို့ကြောင် ကျွန်တော်က လိုက်ခြင်လိုက်မလိုက်ခြင်နေ ပြေးတော့မည်။ ကျွန်တော် အရာအားလုံးကို မေ့နိုင်အောင်နေတော့မည်။ အတိုင်းအတာတခုထက်ကျော်ပြီး ဝမ်းမနည်းခြင်တော့ပါ။
အိမ်ပြန်ရောက်တော့ မေမေကို ညာလိုက်ရသည် လူနာတစ်ယောက်သာစောင့်လို့ ရသည်လို့။

လှည်းကလေးWhere stories live. Discover now