part 16

868 13 0
                                    

လှည်းကလေး ( အပိုင်း ၁၆ )

ကျွန်တော်နဲ့ ကိုစည်လိုင်းကားပေါ်ရောက်သည်ထိစကားမပြောဖြစ်ပါ။
ကျွန်တော်က ကိုစည့်ကိုကြည့်လိုက်သည်။ကိုစည်ပြန်ကြည့်တော့ရီကျဲကျဲလေးလုပ်ပြလိုက်သည်။
''သိပ်ပျော် သိပ်ကြည်နူးနေတယ်ဟုတ်လား''
အနားကို ကပ်မေးလိုက်လို့ကျွန်တော်က
''ဘာလဲ ဘာဆိုင်လို့လည်း ''
အသံခပ်အုပ်အုပ်လေးပြန်မေးလိုက်သည်။
''ငါ့ကိုမိုးလေးဂရုစိုက်ခေါ်သွားပေးတဲ့ မှာတဲ့ ပုံက ဆွဲထိုးပြစ်ခြင်စရာ''
မျက်နှာမကြည့်ဘဲ တစ်ဗျစ်တောက်တောက်ပြောသည်။
''ကိုစည်ရယ် သူ့ဖာသာ ဘာပြောပြော ကိုမိုး ကိုစည့်ကိုသစ္စာမပျက်ဘူးယုံပါ ''
ကျွန်တော့်အလှည့်လေ သူချော့လိုက် ကိုယ်ချော့လိုက်ပေါ့။
တစ်ကယ်ဆို ဒီလိုလေး ကိုစည်ဖြစ်နေတာကျွန်တော်ပျော်သည်။သူ့ကျွန်တော့်ကိုချစ်လို့ပေါ့ ဘယ်လိုချစ်သူတွေ မဆို ချစ်ရင်နဲနဲတော့သဝန်တိုတတ်ပါတယ် ဘဘောထားအမြဲ မကြီးနိုင်ပါဘူးလေနော်...
''ကိုစည်ရ ကိုတိမ်ယံက တခုခု သိနေသလိုဘဲ သူ့ပုံစံက''
ကျွန်တော့်အထင်ပြောပြလိုက်သည်။
''ထင်မှာပေါ့ ကိုမိုးက သူ့နားကပ်ကပ်နေတာလေ မကြိုက်ပါဘူး''
ကျွန်တော် ကိုစည့်လက်မောင်းကို နှစ်ချက်ထုချ လိုက်သည်။
ကိုစည်က ကိုယ်လေးနွဲ့ ပြီးခါးကိုဖက်သည်။
''ဟေ့ ကားပေါ်ကြီး ''
ဘေးတိုက်ရပ်နေသော အဒေါ်ကြီးတစ်ယောက်က ကြည့်နေလို့ဖြစ်သည်။
''ဘာဖြစ်လည်း ကိုယ့်ချစ်သူကို ကိုချစ်လို့ဖက်ထားတာ''
ကျွန်တော် ကိုစည့်လက်ကို မသိမသာလေးတွန်းခွါလိုက်သည်။မျက်လွှာလေးအောက်ချထားလိုက်သည်။

''ဒီပုံစံအတိုင်းဆို အားလုံးထောင်ထဲရောက်ကုန်တော့မယ် ငါတစ်သက်လုံးကိုယ်ကျင့်တရားကောင်းကောင်းနဲ့နေလာတာကွာ ''
ဖေဖေ့စကားကြောင့် ဖိနပ်ချွတ်ပြီးကျွန်တော်ဖေဖေ့ကိုကြည့်လိုက်သည်။
မေမေကဖေဖေ့ ဘေးမှာထိုင်ရင်းမျက်နှာမကောင်းပါ။
ကျွန်တော်မမေးရဲပါ အလုပ်နှင့်ပတ်သက်လျင်မေးတာမြန်းတာဖေဖေ မကြိုက်ပါ။
''ငါထွက်စာတင်တော့မယ် တောင်ဥက္ကလာကမြေကွက်လေးမှာ အိမ်ဆောက်ပြီးအခြေချ စီးပွားရေးတခုခုဘဲလုပ်တော့မယ်ကွာ''
ဖေဖေက အလုပ်ကြိုးစားသလို အလုပ်ပေါ်လည်းသံယောဇဉ်ကြီးသည် လက်အောက်ငယ်သားတွေလည်းကြင်နာတတ်သည်။ ဖေဖေ့ အလုပ်ထွက်မည်ဆို၍ ကျွန်တော် အကြောင်းကိစ္စကြီးမားလို့ဖြစ်မည်ထင်သည်။

လှည်းကလေးWhere stories live. Discover now