part 21

802 15 0
                                    

လှည်းကလေး ( အပိုင်း ၂၁ )

ကျွန်တော်ခေါင်းပေါ်မိုးပေါက်တွေအကျခံပြီး ဗန်ဒါပင်ကြီးအောက် ခေါင်းပြူ ကြည့်လ်ုက်မိသည်နှင့်...
''ကိုစည် ..''
မျက်လုံးတွေပြာဝေမတတ်ခံစားလိုက်ရသည်။
အိမ်ပေါ်မှ အပြေးတစ်ပိုင်းလှမ်းဆင်းသွားမိသည်။
ဗန်ဒါပင်ကြီးအောက်မိုးသဲထဲ လက်ကလေးပိုက် ရပ်နေတုန်းကိုစည်ရယ်လေ။
ကိုစည့်ရှေ့ခြေဆုံရပ်လိုက်သည်။
ချမ်းလွန်းလို့တုန်ရီနေတဲ့ကိုစည်။
ကျွန်တော်ကြေကွဲရပါပြီကွာ။
ကျွန်တော့် နှလုံးသားတွေမိုးရေတွေနဲ့စီးမျောသွားခဲ့ပြီ။
ကိုစည့်ကိုကျွန်တော် အားကုန်ဖက်လိုက်သည်။
ကျွန်တော့်ကြောင့် ကိုစည် ချမ်းအေးခြင်းမဖြစ်ပါရစေနဲ့
ကျွန်တော့်နွေးထွေးမှူ့ တွေ ကိုစည်ရ ရှိပါစေ။
မိုးတွေနဲ့အပြိုင် မျက်ရည်မိုးတွေရွာနေရတဲ့ ကျွန်တော် ကိုစည့်ကိုတင်းကျပ်စွာဖက်ရင်း ငိုသံနှောပြောလိုက်သည်။

''ကိုမိုး ကိုစည့်ကိုခွင့်လွှတ်ပါတယ် ညီလေး ကိုမိုးရဲ့ညီလေး ရယ် ဘယ်လောက်တောင်ချမ်းနေပြီလဲ''
ကျွန်တော့်နောက်ကျောကိသိုင်းဖက်ရင်း
''ကိုမိုးကိုကျွန်တော်ဘာလို့အရမ်းချစ်တာလဲသိလား အဲ့လို နားလည်ပေးလို့ပေါ့ ဝမ်းသာတယ်ကိုမိုးရာ ''
မိုတွေကပိုသည်းလာသည်။
အားလုံးလည်းစိုရွဲနေပြီ ။
တိုးဖက်ပြီး  ပါးနှစ်ဖက်ကို ကိုစည်က သူ့လက်ဖဝါးနုနုတွေနဲ့ကပ်လျက် ကျွန်တော့်နှုတ်ခမ်းတွေကိုစုတ်ယူနမ်းခြွေလေတော့သည်။
ခပ်လှမ်းလှမ်းက ဖားအော်သံတစ်ချို့ 
ကြည်နူးဖွယ်သံစဉ်ချို ချို..အိုကိုစည်ရယ်။
ချိုမြိန်သောအနမ်းတို့သည် ရင်ထဲ အသဲထဲ ထိ နွေးအိပါစေသတည်း။
ကျွန်တော်ကို နောက်တစ်ကြိမ်ထွေးပွေ့လိုက်သည်။
''ဟာ ''
ကျွန်တော်ကိုယ်ကိုခွါလိုက်သည်။
မီးတွေပြန်လာ၍ အနားက မီးတိုင် မီးလင်းလာလို့ ဖြစ်သည်။
ကျွန်တော်အိမ်ဘက်ကြည့်ရင်း
''ကိုစည် အိမ်ပေါ်တက် အိပ်တော့နော်''
''ကိုမိုးနဲ့ လိုက်အိပ်မယ်လေ''
အရင်လိုဆို ပြောစရာမလို။
ခု လူကြီးကိစ္စတွေနဲ့က တစ်မျိုး အထင်ခံရမည်စိုးသဖြင့် ကျွန်တော် ငြင်းလိုက်သည်။
''အိပ်ဖို့ အဆင်မပြေလောက်ဘူးလေ ကိုစည်ရ ကိုမိုးပြောတာနားလည်လား''
''အင်းပါ နားလည်ပါတယ် ကိုမိုးလည်းအိမ်ပေါ်တက်တော့''

လှည်းကလေးWhere stories live. Discover now