လှည်းကလေး (အပိုင်း ၅ )
နှစ်ရက်လောက်ကိုစည့်ကိုမျက်နှာမကြည့်ရဲသလိုရှိပြီးနောက်...
''ကိုမိုး ''
''ဘာလဲကိုစည်''
မုန့်စားဆင်းချိန် ကြီးအခန်းကိုလာပြီးမျက်နှာမကောင်းသလိုရောက်လာသည်။
''မုန်ကျွေးပါလား''
''ဟာ မင်းကတော့ကိုစည်ရာ''
ကျွန်တော်ကျောင်းအိတ်ထဲက ၅၀၀ တန်တစ်ရွက်ထုတ်ပေးလိုက်သည်။
''ဝေယံနေမကောင်းလို့ကျောင်းမလာဘူး ဟီး သူမလာတော့မုန့်ငတ်တော့မလို့''
ပိုက်ဆံလေးကိုင်ရင်းပြောပြီးမုန့်စားတန်းဘက်ထွက်သွားတဲ့ကိုစည့်စကားကိုပြန်စဉ်းစားမိသည် ဝေယံ မလာတာနဲ့သူက မုန့်ငတ်တယ်တဲ့လား သူအိမ်က မုန့်ဖိုးပေးနေတာဘဲကျွန်တော်သိတယ်လေ။
''ဝေယံ နေကောင်းပြီလား''
''အော် ဟုတ် အကို ကောင်းပြီ ''
ဝေယံက နေမကောင်းတဲ့ နှစ်ရက် လောက်သိသိသာသာပိန်သွားသည်။ကျောင်းဝနားအမှတ်မထင်တွေ့လို့မေးဖြစ်သည်။
''အေးပါ ဂရုစိုက်နော်ဝေယံ''
''ဟုတ်ကဲ့အကို''နောက်နေ့ညနေ အိမ်ယာဝင်းထဲ ဝေယံ ကိုစက်ဘီးလေးနဲ့ကျွန်တော်တွေ့လို့ခေါ်လိုက်သည်။
''ဝေယံ ကိုစည်ဆီ လာတာလား''
ဒီဝင်းထဲ ဝေယံက ကိုစည်ထံလာတာကလွဲပြီးဘယ်သူဆီမှ မလာနိုင်တာသိသည်။
''ဟုတ်အကို နေမကောင်းလို့ကျောင်းပျက်ထားတာစာကူးခြင်လို့လေ''
''အော် ..''
''သွားပြီနော်အကို''
ဝေယံထွက်သွားပြီ တွေးမိသည် တကယ်ဆို ကိုစည်က စာတွေကူးပေးထားသင့်သည်။
''အဲ့ဒါဘယ်သူလဲသား ''
မေမေက ကျွန်တော့်ကို အဝတ်လှန်းရင်းမေးသည်။
''ဝေယံ တဲ့မေမေ တစ်လမ်းကျော်က ကိုစည်သူငယ်ချင်းလေ''
''အဲ့တာကြောင့်မြင်းဘူးသလိုလိုရှိးသလားလို့''ကျွန်တော်က တစ်ရက်စာတစ်ရက်ကျက်သောအကျင့်သည်မေမေ စည်ကမ်းကောင်းမှူ့ ကြောင့်ဖြစ်သည်။
ပထမအစမ်းကိုလွယ်ကူစွာဖြေဖို့အသင့်ရှိသည်။
ဒီရက်ထဲဝေယံ ကျောင်းတက်မမှန်တာသတိထားမိသည်။
''ဝေယံ ညီလေးနေကောင်းရဲ့လား''
ဝေယံကပါချိုင့်လေးပေါ်အောင်အရင်ပြုံးသည်
''ဟုတ်အကို''
အားမရှိသလိုအဖြေမျိုးဖြစ်သည်။
''ဟိုတလောက မင်းကျောင်းမတက်လို့ဆိုပြီးကိုစည်မုန့်လာကြွေးခိုင်းတယ်ဝေယံရေ''
ဘာရယ်မဟုတ် ကျွန်တော်စကားစ လိုက်သည်။
''ဟုတ်လား ကျွန်တော်လည်း သူဗိုက်ဆာနေမှာဆိုးလို့ သိပ်နေမကောင်းပေမယ့်ကျောင်းလာတက်တာ ကျွန်တော်သိတယ် သူက မုန့်ဖိုးတွေအရမ်းသုံးပြစ်တာ''
ဝေယံက ထပ်ပြုံးပြရင်းထွက်သွားသည်။
ဘာကြောင့်လည်း ကိုစည်က ဝေယံကိုနိုင်စားနေသလား ရွယ်တူခြင်းဘာလို့ဝေယံကရော ငြိမ်ပြီးအလိုလိုက်တာလဲ။
ကျွန်တော်အတွေး ကအဖြေရှာမရပါ။
မုန်းစားဆင်းချိန် ကျွန်တော်သိပ်မသွားဖြစ်သောမုန့်စားတန်းဘက်ထွက်လာခဲ့သည်။
ဝေယံကို ကိုစည်က ပုခုံး နှစ်ဘက်ပေါ် လက်တင်ပြီးအနောက်မှ သူစားခြင်သောမုန့်များလက်ညှိးထိုးပြနေသည်။
ဝေယံ က ဘာမှ မငြင်း အပြုံးမပျက်အကုန်ဝယ်သည်။
ဝေယံကိုင်ထားသော လက်ပေါ်ကမုန့်တွေ ကိုစည်ကယူစားလိုက် စကားပြောလိုက်နှင့် ကျွန်တော် သူတို့ကို ခပ်လှမ်းလှမ်းမှကြည့်မိသည်။
မေမေပြော၍ ကိုစည်မုန့်ဖိုးက မနည်းပါ။
YOU ARE READING
လှည်းကလေး
Romancefbမှာ ကို Thuta Lulinရေးသော ဝတ္ထုအားပြန်တင်ခြင်း Sex အကြောင်းပါသည် ဆန္ဒရှိမှဖတ်ပါ