part 11

1K 13 0
                                    

လှည်းကလေး ( အပိုင်း ၁၁ )

အဝတ်အစားအသစ်တွေလဲပြီးစောင့်နေတဲ့ကျွန်တော့်ထံ အချိန်အတော်ကြာသိထိ ကိုစည်ရောက်မလာပါ။
ပြတင်းပေါက်ကိုမျော်ကြည့်ရလွန်းလို့ စိတ်လည်းမရှည်ခြင်တော့ပါ။ တွဲခိုလာတဲ့ မျက်ရည်တွေကိုလည်းမတားဆီနိုင်တော့တဲ့အဆုံးကျွန်တော် အိပ်ယာထဲ ဝင်ပြီးခေါင်းအုံးနဲ့မျက်နှာအပ်ငိုချလိုက်မိတော့သည်။
မိုးစွတ်စွတ်ချုပ်သည်ထိ ကိုစည်ပေါ်မလာပါ။
မေမေက မေးတဲ့အမေးကို ကျွန်တော်ဘယ်လိုဖြေ လိုက်လဲသိလား။
''သားခေါင်းတွေကိုက်လာလို့မသွားတော့တာ '' လို့ ။
ဘာဖြစ်ဖြစ်လေ ကျွန်တော်က ကိုစည့်ကိုချစ်တော့ အ်မ်က မေမမေတို့ ကိုစည့်ပေါ် စိတ်မကွက်စေခြင်ပါ။
ကျွန်တော်ကဘဲ ကိုစည့်ကို နားလည်းပေးနိုင်ဆုံးလူဖြစ်ခြင်တယ်လေ။

ညမိုးချုပ်သည်ထိ ကျွန်တော့်ထံ ကိုစည်ရောက်လာမလားလို့စောင့်နေမိသည်။
ကိုစည်က တောင်းပန်လိမ့်မည် ကျွန်တော်အတတ်နိုင်ဆုံး ကိုစည့်ကို စိတ်မဆိုးအောင် သီးခံပြီးချစ်ပြတော့မည်။စာမေးပွဲရက်က ပင်ပန်းအိပ်ရေးပျက်ထားလို့စောင့်မျော်ရင်းအိပ်ပျော်သွားမိသည်။

''ကိုမိုး..''
နားနားကပ်ခေါ်လိုက်သည်နှင့် ကျွန်တော်မျက်လုံးဖွင့်လိညက်သည်။ကိုစည်က ကျွန်တော့်နားကပ်ထိုင်ပြီး ပြုံးပြသည်။ ကျွန်တော် ဘာမှမပြောနိုင်တော့ဘဲ မျက်ရည်တွေပါးပြင်ပေါ်စီးကျလာသည်။ ကိုစည်က ကျွန်တော့်ဆံစလေးတွေကိုသပ်တင်ရင်း နဘူးလေးကိုဖွဖွလေးနမ်းသည်။
''စိတ်ဆိုးနေလားကိုမိုး စိတ်မဆိုးပါနဲ့ ဗျာ နောက်ဒီလို မဖြစ်စေရပါဘူး ကျွန်တော်တောင်းပန်ပါတယ်''
ကျွန်တော်က ဘာဆို ဘာမ နှူတ်ကမထွက်လာတော့ဘဲ ငိုနေယုံမ တပါး မရှိတော့ပါ။
''ကျွန်တော့်ကို ကိုမိုးက နားအလည်ဆုံ အချစ်ဆုံးဆိုတာ ကျွန်တော်သိပါတယ်''
သိနေသော်လည်း ဥပေက္ခာပြု ရက်သောကိုစည့်ကိုကြည့်ရင်းပိုဝမ်းနည်းလာမိသည်။
''ကျွန်တော် ကိုမိုးကို အရမ်းချစ်တယ် ''
ကျွန်တော့် ရင်ဘတ်ထဲကိုစည်က ခေါင်းလေးတိုးဝှေ့ပြီးလှဲလိုက်သည် ကျွန်တော် ပျော်လွန်း၍ အသံအကျယ်ကြီးနှင့် ငိုချမိလိုက်သည်။

လှည်းကလေးWhere stories live. Discover now