part 23

809 10 0
                                    

လှည်းကလေး ( အပိုင်း ၂၃ )

အိမ်ပေါ်ပြန်တက်လာတဲ့ကျွန်တော့်ကိုမေမေကမေးသည်။
''ကိုစည်ကဘာလာပြောတာလည်းသား''
ကျွန်တော်က မေမေ့ကို စိတ်ဖြေသာအောင်တော့ပြောပြလိုက်သည်။
''ကိုစည်မေမေက သူ့ဖေဖေကို ဝန်ခံဖို့ ပြောထားလိုက်ပြီတဲ့ နောက်တစ်ပတ်အမိန့်ချရင် သားတို့အတွက်စိတ်ချမ်းသာစရာဖြစ်ပါစေဘဲဆုတောင်းရမှာပေါ့မေမေ''
မေမေက ဘုရားစင်လေးကိုလှမ်းကြည့်လက်အုပ်လေးချီလိုက်ပြီး
''ဘုရားရှင်မလွဲ၍ ကိုယ်းကွာရာမရှိပါ ဝဋ်ကြွေးတွေကျေပါရစေတော့ဘုရား ''
ဟု ဆုတောင်းလိုက်သည်။
ကျွန်တော် နောက်အပတ်ကိုမြန်မြန်ရောက်ခြင်လှသည်။ဒီရက်ထဲကျောင်းလဲမတက်ဖြစ်ပါ။ ကျောင်းမှာ မျက်နှာမပြရဲသလို အထင်သေးတဲ့မျက်လုံးတွေကိုအကြည့်မခံရဲပါ။
ညနေပိုင်း မြို့ ဦးစေတီလေးမှာ ဖေဖေ့အတွက် ငှက်လေး တွေလွှတ်သည်။ငါးလေးတွေလွှတ်သည် ကျွန်တော့်ရဲ့မုန့်ဖိုးလေးတွေစုထားတာလေးတွေနဲ့လွှတ်တာဖြစ်သည်။
ဖေဖေ့အမြန်လွတ်မြောက်ပါစေ စုတောင်းမိသည်။

''ကိုမိုး...''
ကိုတိမ်ယံနှင့်ဝေယံကို တွေ့လိုက်သည်။
ဝေယံက ကျွန်တော့်ကိုခေါ်သည်။
''နေကောင်းလားဝေယံ''
''ကောင်းတယ်လို့လည်းမဟုတ်ပါဘူးတခါတခါ အရမ်းမောတယ်ဒီလောက်ပါဘဲ ကိုမိုးလည်း စိတ်ဖိစည်းတာနဲ့ ကျမ္မာရေးဂရုစိုက်နော်''
ကျွန်တော့်ကိုဝေယံက အဆက်မပြတ်ပြောနေပေမယ့် ကိုတိမ်ယံက ဆွံအနေသလိုရပ်နေသည်။
''ဟိုလေ ဟိုနေ့က ကျောင်းပြန်တော့ ကိုစည့်ကို ကိုမိုးနဲ့သွားတာအော်လိုက်မိတာ တောင်းပန်ပါတယ်''
ဝေယံစကားကြောင့် ကိုတိမ်ယံက စူးစိုက်ကြည့်သည်။
''ရပါတယ် ကိုမိုးသွားတော့မယ်''
စကားစဖြတ်ပြီးထွက်လာခဲ့သည် ကျွန်တော်က ဖေဖေ့အကြောင်း ကိုသာဝမ်းနည်းပြီး မျက်နှာမကောင်းပါ ကိုတိမ်ယံက စိတ်မကောင်းဖြစ်နေပုံရသည်။

''ညီလေး''
''အော် လာလေ ကိုတိမ်ယံ''
ကျွန်တော်အိမ်ပေါ်ကခေါ်လိုက်သည်။
''ဟိုနေ့က ဝေယံကအော်လိုက်တယ်ဆိုတာ ဘာလည်းကိုကြီးသိခြင်လို့ ညီလေးကို ကိုကြီးကဝေယံနဲ့ပတ်သက်ပြီးအားနာတယ်ကွာ''
''ရပါတယ်ဘာမှမဟုတ်ပါဘူးကိုတိမ်ယံ''
''ကိုကြီးလို့ခေါ်ပါညီရာ ကိုတိမ်ယံ ကိုတိမ်ယံက သူစိမ်းဆန်လို့ပါ''
ကျွန်တော်ကပြုံးပြပြီး
''အင်းပါ ကိုကြီးရ''
''အပြင်ခနလိုက်ခဲ့ပါလား''
''သွားလေ ဘယ်ကိုလည်း''
ကိုတိမ်ယံက တခုခုပြောခြင်ပုံရသည်။
လမ်းထိပ်နားအရောက်ကျွန်တော်က
''ဝေယံရော''
''ဖေဖေတို့နဲ့ ပဲခူးကအမျိုးအလှူ လိုက်သွားတယ် ဒီည ကိုကြီးတစ်ယောက်ထဲ''
''အော်..''
အော်တစ်လုံးထဲပြောလိုက်မိပြီး ကိုတိမ်ယံက ဘယ်ခေါ်မှာပါလိမ့်တွေးမိသေးသည်။
''တခုခုစားရအောင်နော်...''
ကျွန်တော့်ကိုတခုခုစားဖို့ပြောသည်။
''မစားခြင်ဘူးကိုကြီး လက်ဖက်ရည်ဆိုင်ထိုင်မယ်လေ''
ကျွန်တော်က လက်ဖက်ရည်မကြိုက်ပေမယ် ဘာမှ မစားခြင်၍ပြောလိုက်တာဖြစ်သည်။
''ဘာသောက်မလဲအကို ''
စာပွဲထိုးလေးကို ကျွန်တော်က
''လက်ဖက်ရည် ကျစိမ့်တစ်ခွက်''
ကိုကြီးရောလို့ဆက်မေးလိုက်သည်။
''ဟာ ကျစိမ့်မလုပ်နဲ့ ငါ့ညီကလည်းအကျများရင်ဗိုက်အောင့်မယ်လေ ပေါ့စိမ့် ၂ခွက် မုန့်ဘာရှိလည်း ပူတင်းရှိတယ်မဟုတ်လားချပေးနော်''
လက်ဖက်ရည် လာချပေးတော့ ကျွန်တော့်ရှေ့ကခွက်ကို ထည့်ထားတဲ့ဇွန်းလေးနဲ့ မွှေပေးတယ်လေ။
ကျွန်တော့်ကို ''ပူတယ်နော် ''တဲ့။
ရေနွေးလေးငှဲ့ပေးသေးတယ်။
ဒီလိုယုယတာလေးတွေကိုလည်းတခါတရံ တက်မက်မိတာတော့မဆန်းပါဘူးလေ။
ကိုကြီးနဲ့ အခုလိုလေးကျတော့ သာယာမိသလိုလို။
''ညီလေးရယ် ဝေယံလည်းနေကောင်းနေပါပြီ ကိုစည်ရောညီလေးရောမွန်းကျပ်နေတာတွေလည်းပြေပျောက်ခြင်ပါပြီ''
ကျွန်တော်က ကိုတိမ်ယံကို မသိမသာကြည့်လိုက်သည်။
''ရပါတယ်ကိုကြီး အချိန်တခုကဆုံးဖြတ်ပေးသွားမှာပါ စိတ်ထဲလည်းအရင်လို တက်မက်စွာမရှိတော့ပါဘူး''
''အင်းလေ ညီလေးနဲ့ကိုစည်က တစာခံဖြစ်နေတာစိတ်မကောင်းပါဘူး''
''ထားပါ မပြောပါနဲ့တော့ကိုကြီးအပ်ကြောင်းလဲထပ်နေပါပြီ''
ကျွန်တော်က ပြောရင်းရေနွေးဓါတ်ဘူးလှမ်းယူလိုက်သည်။
''ဟာ ပူတာ''
ကိုတိမ်ယံကထအော်သည်။
''အာ ဆောရီဆောရီပူသွားလားကိုကြီး''
သူ့ရှေ့က ရေနွေးခွက်ဓါတ်ဘူးနှင့်တိုက်ပြီးကိုတိမ်ယံပေါ်ဖိတ်ကျကုန်သည်။
ကပြာကယာတစ်ရူးယူသုတ်ပေးလိုက်မိသည်။
''ဟိတ် ညီလေး ဟီးဟီး...''
ကျွန်တော်သုတ်ပေးသောနေရာသည် ကိုတိမ်ယံဗဟိုတည့်တည့် သူ့ပစ္စည်းနေရာမှန်းသတိထားမိမှ ရှက်မိသည်။
ကျွန်တော် တို့ အိမ်ဘက်ပြန်လာပြီး အိမ်နားအရောက်ကိုတိမ်ယံက။

လှည်းကလေးWhere stories live. Discover now