part 26

797 16 0
                                    

လှည်းကလေး ( အပိုင်း ၂၆ )

''ဟိတ် ''
နောက်ကျောကိုဗြန်းကနဲပုတ် ပြီးအသံပြု လိုက်လို့ ကျွန်တော် လန့်သွားသည်။
''ခွေးသား လန့်တာ ဖိုးဇော်ရယ် သေနာကောင်''
ပါးစပ်ကရေရွတ်လိုက်တာကြောင့်ဖိုးဇော်က တဟားဟားရီ ရင်းကျွန်တော့်လှည်းပေါ်ကိုခွက်တခု ချလိုက်ပြီး။
''ကျောင်းလွတ်နေပြီနော် လှည်းကြီးမှီပြီ ဘာတွေအဲ့လောက်တွေးနေတာတုန်းကိုမိုးဦးရယ် ကလေးတွေပြုံ တိုးလာရင် မစားလိုက်ရဘဲနေမယ်ရော့''
ဟုတ်ပ အတွေး ဒီအတွေး တွေကကြည့်စမ်းပါအုန်း ဘဝ တစ်ခုမှာ ကျွန်တော့်ရဲ့ ပျော်ရွှင်ခြင်းတွေ ဝမ်းနည်းခြင်းတွေကို ကျောင်းဈေးရောင်းဖို့ စရပ်ထဲက တွေးနေလိုက်တာ ကလေးတွေ မုန့်စားတောင်ဆင်းနေပြီဘဲ။
ပြန်လည်သတိရဖို့ဆိုတာမျိုးကို မေ့ပြစ်ထားခဲ့တာ ၇ နှစ် ရှိပြီလေ။ ရုန်းကန်ကျင်လည်ခဲ့ရတဲ့ဘဝတွေက အသား ကျနေမှ ဒီနေ့ တွေ့လိုက်ရတဲ့ လူတစ်ဦးအတွက် ကျွန်တော်ကပြန်လည် နိုးထလာခဲ့ရသလိုရှိသည်။
ရေခဲသုတ်ကလေးစားရင်း မျက်လုံးထဲကပုံရိပ်တွေကို ကျွန်တော် ဖျောက်နေလိုက်သည်။
ကလေးတွေ ကိုဈေးရောင်းရတာပျော်တယ်။
ချေးလည်းမ များ အပိုလေးများထည့်ပေးလိုက်ရင်ကျေနပ်လို့ ခုဆို ဘဝရဲ့ စားဝတ်နေရေးကို နွေမိုးဦး က ပုခုံးထမ်းရင်းသမာအာဇီဝကျကျ ရှာဖွေနေတတ်ပြီလေ။
ကျမ္မာရေးသိပ်မကောင်တဲမေမေကိုပြုစုပြီးအေးချမ်းစွာလုပ်ကိုင်စားသောက်နေတတ်ပြီဘဲ။
ကျောင်းပြန်တက်သွားသည်နှင့်
''ကဲ ကိုမိုးဦး ညနေဈေးလေးပြေးအုန်းမထင်တယ် နည်းနည်းကျန်သေးလို့ ''
ကျွန်တော့်ကိုဖိုးဇော်ကလှမ်းပြောသည်။
''ငါ သိမ်တော့မယ်ကွာ ''
ဖိုးဇော်အနားရောက်လာသည်။
''ကိုမိုးဦး နေမကောင်းဘူးလား မျက်နှာလည်းမကောင်းဘူး ဘာဖြစ်နေလည်း''
ကျွန်တော် က စိတ်တခုမကောင်းလျင်မျက်နှာကသိသာနေမည် ဆိုတာထင်ရှားသည်။
''ကောင်းပါတယ် ''
''အင်းလေ ဒါဆိုလည်းပြန်နှင့်လိုက် နော် လှည်းကို လမ်းဘေးချတွန်းနော် အနောက်လည်းကြည့်အုန်း ကားတွေကရှူ တ်ပါဘိနဲ့''
တတွတ်တွတ်မှာနေတဲ့ ဖိုးဇော်ကိုမျက်ဆောင်းကြီးကြီးထိုးပြီး
''ငါ့ ကလေးများမှတ်နေလားဖိုးဇော်''
ရီကျဲကျဲ နှင့်ဖိုးဇော်က
''စိတ်ပူလို့ပြောတာပါ စိတ်ချည်ဘဲ အိမ်ရောက်လည်းချက်ခြင်းရေမချိုးနဲ့ အုန်း''
ကျွန်တော် လှည့်ကိုမကြည့်လှည်းလေးတွန်းပြန်လာခဲ့သည်။

လှည်းကလေးWhere stories live. Discover now