part 28

832 19 0
                                    

လှည်းကလေး ( အပိုင်း ၂၈ )

ဒီနေ့ဈေးရောင်းကောင်းပါသည်။
လွယ်ထားတဲ့အိတ်ကြီး ပိုက်ဆံတွေက အပြည့်။
ကျွန်တော်က လူရှင်းသွားမှ လွယ်အိတ်ထဲငုံ့ကြည့်လိုက်သည်။ ပိုက်ဆံတွေက အပြည့် ပျော်တာ။
''ဟေ့ လူကြီးအိတ်ကြီးထဲကြည့်လိုက်မျက်နှာကြီးပြုံး လိုက်မနာလိုတာဗျာ''
ဖိုးဇော် စကား ကို ခပ်တည်တည်နှင့် ကျွန်တော်က
''ည ကျ လက်ဖက်ရည်သောက်ခြင် ဖားထားနော် ဟဲဟဲ''
ကျွန်တော်က မှို ရသလိုမျက်နှာဘေးနှင့် ပြောလိုက်သည်။
ဖိုးဇော်က သူဈေးရောင်းရင် လမ်းထိပ်က လက်ဖက်ရည်ဆိုင် ဘောပွဲကြည့်ရင်းလက်ဖက်ရည်သောက်ခေါ်တတ်သည်။
ထို့ကြောင့်ကျွန်တော်က ဒီနေ့ အတွက်ဒကာခံခြင်၍ လမ်းကြောင်းပေးလိုက်တာဖြစ်သည်။
''ဟုတ်ကဲ့ ပါဘောစိရာ ညကျ လာခေါ်မယ်''

မေမေစိတ်ပေးလိုက်သော နာနတ်သီးတွေကုန်ပြီ။
သရက်သီးအနည်းငယ်သာကျန်သည်။
ဈေးစောစောသိမ်းခဲ့သည်။
''သား အခြေအနေ ''
မေမေက မေးရင် အစမရှိ အဆုံးမရှိ
''ဘာတုန်းမေမေရ ''
''ရောင်းကောင်းလားလို့''
''မေမေ့သားအစောကြီးပြန်လာတာသာကြည့်''
မေမေက လှည်းလေးကိုကြည့်ရင်း ပြုံးပြသည်''
''သိပါ့တော် အစောကြီးပြန်လာပုံထောက်ရင် အခြေအနေကောင်းပီဆိုတာ''
မေမေက ကျွန်တော်ဈေးရောင်းကောင်းရင်ပျော်နေတတ်သလို ဈေးရောင်းမကောင်းလျင် မျက်နှာညှိးနေတတ် လို့ မေမေ့ရှေ့ ရောင်းမကောင်းကြောင်းကျွန်တော် မပြောရဲပါ။

''ရောင်းကောင်းလို့ ဟိုအကောင်ကိုည ကျ လက်ဖက်ရည်တိုက်ရအုန်းမယ်မေမေရဲ့''
ကျွန်တော်က ငြီးသလိုလိုပြောလိုက်လို့ ဟိုအကောင် ဆိုတာမေးသည်။
''ဘယ်သူတုန်း ''
''ဖိုးဇော်ပေါ့''
မေမေ ကတခိခိ ရီသည်။
''သားရယ် သူတိုက်တာလည်းရှိတယ်မဟုတ်လား တခါတလေ တိုက်လိုက်ပါ မုန့်ပါကျွေးလိုက် ခုနကတင် သူ့အမေက မေမေ့ဖို့ ငါးကြင်းရေချို လေးချက်လို့ လာပေးသွားသေးတယ် ထေ လိုက်ပေါ့သားရယ်''
မေမေ နဲ့ ဖိုးဇော်မေမေက ဒီရက်ကွက်ရောက်မှ အတော်ခင်ကြသည် တခါတရံ မေမေက ဖိုးဇော်မေမေ နှင့်ထမင်းအတူသွားစာတာရှိသလို မေမေကြိုက်သော ဟင်းလေးတွေချက်လျင် သတိတရလာပို့တတ်သည်။
မေမေ ကတခါတရံ လုံချည်လေးဝယ်လျင် ၂ထည်ဝယ်ပြီး ဖိုးဇော် မေမေဖို့ ထည့်ဝယ်တတ်သည်။

လှည်းကလေးWhere stories live. Discover now