part 19

836 11 0
                                    

လှည်းကလေး ( အပိုင်း ၁၉ )

ဈေးနားက စားသောက်ဆိုင်ထဲကျွန်တော်နှင့် ကိုတိမ်ယံ ဝင်လိုက်သည်။ ဒေါင့်ကျကျ စာပွဲမှာနေရာယူပြီး
''ညီလေးရေ မြန်မာဘီယာ နှစ်ခွက်ပေးကွာ ''
ကိုတိမ်ယံကအနားရောက်လာတဲ့စာပွဲထိုးလေးကို မှာလိုက်သည်နှင့်
''ကိုတိမ်ယံကျွန်တော်ဘီယာ မသောက်ခြင်ဘူး''
ကိုတိမ်ယံက အံ့သြသလိုကြည့်ပြီး
''ညီလေးဘဲ သောက်ခြင်တယ်ဆို''
''ဟုတ်တယ်လေ ဘီယာမဟုတ်ဘူး အရက်သောက်ခြင်တာ''
ကိုတိမ်ယံက ကျွန်တော့်ကိုသဘောကျသလိုပြုံးရင်း
''ငါ့ညီကတော့ မမူးသေးဘူးရစ်ပြီ''
ကိုတိမ်ယံက ဝီစကီ အပြားတစ်လုံးခွက် ဖန်ခွက် နှစ်ခွက်ရေခဲ နှင့် coke တစ်ဗူးတို့မှာလိုက်သည်။
အမြည်းက ကန်စွန်းပလိန်း ရယ် ဆိတ်သား ခြောက်သံပုရားညှစ်တဲ့။
အရက်ဆိုင်ကို ကျွန်တော့်ဘဝမှာပထမဆုံးထိုင်ဖြစ်တာပါ။
ဖေဖေသိရင် အထိုးခံရနိုင်တယ် မေမေ သိရင်ရောဆူမှာပေါ့ မေမေက ဘုရားတရားသမားလေ ကျွန်တော်အရဲစွန့်လိုက်တာဖြစ်သည်။ကြားဘူးထားတာလေ စိတ်ညစ်လို့အရက်ကိုသောက်တယ်...

စာပွဲထိုးလာချပေးတဲ့ခွက်အရက်အဖုံးကို ကိုတိမ်ယံ က ပုလင်းဖင်ကို လက်ဝါးနဲ့ရိုက်လိုက်ပြီးဖွင့်တယ်။
ကျွန်တော်က အစိမ်းသက်သက်မို့ ဘယ်က ဘယ်လိုစသောက်ရမှန်းမသိ။
ဖန်ခွက်ထဲ လက်တစ်ဆစ်လောက်စီ အရက်ထည့်တယ် coke ဘူးလေးဖွင့်တစ်ဝက်လောက်ရောပြီး ရေခဲ ၃ ခဲ လောက်ထည့်ပြီး ကျွန်တော့်ရှေ့ တွန်းပေးတယ်။ သူက တစ်ခွက်ယူလိုက်တယ်။
ကျွန်တော်က ခွက်ကိုကောင်ကိုင်ပြီးပါစပ်ထဲလောင်းထည့် တပြိုင်ထဲမြို ချလိုက်တယ်။
''ဟာ ညီလေး ဟာ နေအုန်း''
ကိုတိမ်ယံက ကျွန်တော့်ကို တားနေတဲ့ကြားက မော့ချလိုက်တယ် မှတ်ကရော...
''အောင်မလေး  ပူတာ ခါးလိုက်တာ အနံ့ကြီးကလည်း အီး ''
ကျွန်တော်ကရှုံ့ မဲ့ကာပြောလိုက်လို့ ကိုတိမ်ယံက အားရပါးရ ရီပါလေရော။
''ညီလေး အကိုပြောတာနားထောင် ဒီမှာကြည့်''
ဖန်ခွက်ထဲကရေခဲတုန်းလေးပြေးနေရုံလှူတ်သည် နှုတ်ခမ်းဝကိုတေ့ပြီး တစ်ငုံသာသာလေးကိုမျောပြီးသောက်လိုက်သည်။
''အား ..''
ကျွန်တော်သေခြာကြည့်ထားသည်။
''အဲ့လိုသောက်ရတယ်ညီရ''

လှည်းကလေးWhere stories live. Discover now