part 3

2.4K 24 0
                                    

လှည်းကလေး ( အပိုင်း ၃ )

ရီစားနဲ့ပြတ်လို့စိတ်ထိခိုက်နေတဲ့ ကိုစည်က ကျွန်တော့်ကိုရင်ဖွင့်ရင်းအိပ်ယာထဲလှဲနေပုံက ဘာမှန်းမသိ စိတ်တွေကို ကတုန်ကရီဖြစ်စေတာအမှန်ပါ။ဝမ်းနည်းနေတဲ့ကိုစည်ကိုသနားသလိုတော့ရှိသား။
ကျွန်တော် စာကြည့်စာပွဲကနေကုတင်ပေါ်ရွေ့ထိုင်လိုက်သည်။ကိုစည်ရဲ့အမှတ်မထင်အပြုအမူကြောင့်ကျွန်တော်အနေအထိုင်ပိုခက်မိစေသည်။
ကိုစည်ကရုတ်တရက်သူခေါင်းကိုကျွန်တော်ပေါင်ပေါ်ပြောင်းအုံးလိုက်ခြင်းပင်။ အထိအတွေ့ ကကျွန်တော့်ရင်ကိုတုန်ရီစေသည် ကျွန်တော်နှင့်သူက မျက်နှာခြင်းဆိုင်လိုနေသားကျနေသည်။တခါမှ ဒီလိုအသားခြင်းထိကပ်စွာဘယ်သူနဲ့မ မနေဘူးတဲ့ကျွန်တော်က ရင်ကိုငြိမ်အောင်ထိန်းနေမိသည်။
''ကိုမိုး ကျွန်တော်ဘာဆက်လုပ်ရမလဲ''
အားကိုးတစ်ကြီးမေးလာတဲ့သူ့စကားလုံးသည်ရင်ထဲကမှန်းသိသာသည်။
''ဘာလုပ်ရမလဲဆိုတော့ ခုလောလောဆယ် ပထမအစမ်းနီးပြီလေ ကိုစည် စာကိုတော့နဲနဲ လုပ်သင့်ပြီလို့ထင်တယ်''
ကိုစည်က ပေါင်ပေါ်ကနေမျက်နှာလွဲပြီးနံရံကိုကြည့်သည်။
''ဟုတ်တယ်နော်ကိုမိုး ကျွန်တော်သူနဲ့အချိန်တွေကုန်သွားတာ စာတွေပြန်လုပ်တာဘဲကောင်းပါတယ်''
ပြောပြီးပေါင်ပေါ်ကထလိုက်သည်။
''ဒါပေါ့ ကိုစည်ရ စာမေးပွဲပြီးရင် ကျောင်းပိတ်ရက် ရေသွားကူးကြတာပေါ့''
ကိုစည်ပြုံးသည် သွားတက်ကလေးပေါ်သွားသည်ထိပြုံးသည်။ကျွန်တော့်ဘက်လှည့်သည်
''အဲ့ဒါကြောင့်ကိုမိုးကိုအားကိုးနေတာ ကျွန်တော်က အဖော်မရှိတော့ အဲ ပြောသာပြောတာကိုမိုးရ ဝေယံလေ ဒီကောင်လဲကျွန်တော့ကိုအတော်ခင်တာ စာတွေကူးထားပေးတာမနဲဘူးအနွံတာလဲခံတယ်''
ကိုစည်ကခုမှဝေယံခင်မင်မှူ့ အသိအမှတ်ပြုသည်။
''ဟုတ်လား ဝေယံက ကိုစည်ကို ခင်တယ်ဆိုသူ့စကားလည်းနားထောင်သင့်နားထောင်ရမယ်ကိုစည်''
''ဟာ ကိုမိုးရေဒီကောင်စကားက ရီးစားမထားနဲ့ မိန်းကလေးတွေကမကောင်းဘူး သူပြောရင်ဒါဘဲ ဘာမှအလှအပ မခံစားတတ်တဲ့ကောင်ကိုမိုးရ  ဟဟားဟား...''
ဝေယံအကြောင်းပြောရင်းဆိုရင်ကိုစည်အခန်းထဲကထွက်သွားသည်။
ဘာဖြစ်ဖြစ်ကိုစည်ကျွန်တော့်ကိုစိတ်မဆိုးဘဲ အခုလို တရင်းတနှီး နေတာကျွန်တော်ပျော်သည် ကျေနပ်မိသည်။

လှည်းကလေးWhere stories live. Discover now