part 33

1K 14 2
                                    

လှည်းကလေး ( အပိုင်း ၃၃ )

''ကိုကြီး..''
ကျွန်တော်ဝှီးချဲနွမ်းနွမ်းလေးပေါ်ထိုင်နေတဲ့လူတယောက်ရှေ့ဒူးထောက်ထိုင်ချပြီး ကျွန်တော့်ရဲ့လက်တစ်စုံက ကိုကြီးတိမ်ယံရဲ့မျက်နှာပါးနှစ်ဖက်ကို ဖိကပ်လိုက်မိပါသည်။
အို ..ကိုကြီးတိမ်ယံ သနားဖို့ကောင်းလိုက်တာ
ပါးစပ်ကြီးကရွဲ့ လို့ သွားရည်တွေလည်းကျ ပါတွေလည်းရွဲ့  အို ကိုကြီးတိမ်ယံ ...
ကြည့်ပါအုန်း ကျွန်တော့်များတွေတွေလေးကြည့်လို့ ..
''ကိုကြီးတိမ်ယံ ညီလေး လေ ကိုမိုးလေ မှတ်မိတယ်မဟုတ်လားဟင် ကိုကြီး မှတ်မိတယ်မဟုတ်လားဗျာ''
ကျွန်တော်အတန်တန်မေးနေပေမယ့် စကားလည်းတစ်ခွန်းမပြန်မပြောဘူး။
အနောက်က လူကို လှမ်းရီပြနေပြီ။
ကျွန်တော်လှည့်ကြည့်လိုက်သည်။
ကိုစည်
ကိုစည့်ကိုသိရင်ကျွန်တော့်ကိုလည်းသိရမှာပေါ့။
''ပြောစမ်းပါဗျာ ကိုကြီ ညီလေးကိုမေ့နေပြီလား ပြောပါ''
ကျွန်တော် အားမလို အားမရ လက်တစ်ဖက်ကိုဆွဲလှူ တ်လိုက်သည်။
''ဟင်  ''
ကိုကြီးရယ် အဖြစ်ဆိုးလိုက်တာဗျာ
ကျွန်တော်ငိုပြီ အရာအားလုံးကို မေ့ပျောက်ကွယ်ပျောက်မတတ် ငိုချလိုက်ပြီ။
''ကိုမိုးဦး ထ နော်  စိတ်ထိန်းထားပါအုန်းဗျာ ကျွန်တော်လည်း ကျွန်တော်လည်း...''
ကျွန်တော့်ကို ဆွဲထူ လိုက်တဲ့ ဖိုးဇော် တောင် ငိုနေပါလား သူတောင်စိတ်မကောင်းလို့နေမှာပေါ့ ဒါဆို ကျွန်တော် ဘယ်လောက်ထိ နှလုံးသားတွေအစိတ်စိတ်အမွှာမွှာရှိနေလောက်သလဲ တွေးကြည့်ပါတော့။

''ကိုမိုး ကိုကြီးတိမ်ယံကလေ စကားသေခြာမပြောနိုင်သလို လမ်းလည်းကောင်းကောင်းမလျောက်နိုင်ရှာတော့ဘူး။ ညာလက်တစ်ဖက်လည်းမသန်ဘူးဆိုပါတော့ မှတ်ညာဏ်တွေလည်းမေ့နေပြီကိုမိုးရယ် သိပ်သနားဖို့ကောင်းပါတယ်''
ကိုစည်က မျက်ရည်တွေကျပြောပြနေသည်။
ကိုကြီးတိမ်ယံက ဘာမ မသိသလို ကြည့်နေပြီး သူ့ပါစပ်ကသွားရည်တွေကို သန်တဲ့ လက်တစ်ဖက်နဲ့ သုတ်လိုက်သည်။ စို့နင့်နေရပြီကိုကြီး ။ ဟောဒီ ကိုမိုးဆိုတဲ့လူကို စာနာတတ်သူ နားလည်ပေးသူ ကြင်နာပေးသူ ကိုယ်ချင်းစာပေသူ အို  ကိုကြီး ဘယ်လို ဘဝ ပေးကုသိုလ်လဲဗျာ။
ကျွန်တော် နောက်တစ်ကြီမ် ကိုကြီးတိမ်ယံ ကို ရင်ဘတ်ထဲဆွဲထည် ငိုချလိုက်မိပြန်သည်။
ပါစပ်က လှူ တ်လှူတ်စိ လေး ဘာတွေပြောနေလဲမသိ အသံက ထွက်လိုက် မထွက်လိုက် အိုဗျာ...
ကျွန်တော် စိတ်တွေစုစည်းလိုက်သည်မျက်ရည်တွေသုတ်လိုက်သည်။
''ကိုကြီး  ကိုကြီး ဒီကိုကြည့်ပါအုန်း  ကိုမိုးလေ ကိုကြီးချစ်တယ်ဆိုတဲ့ ကိုကြီးရဲ့ ညီလေး လေ မှတ်မိလားဟင် မှတ်မိလား''
မှတ်မိစေခြင်လှသည်။ သတိရစေခြင်လှသည်။

လှည်းကလေးWhere stories live. Discover now