part 30

906 14 0
                                    

လှည်းကလေး ( အပိုင်း ၃၀ )

ကိုစည်လိုက်ပါမလာဘဲ ဖိုးဇော်ပြန်ရောက်လာသည်။ ကျွန်တော်စိတ်ပူနေတာတော့အမှန်ပါ။
ဘာတွေဖြစ်လာအုန်းမလဲ ဆိုတဲ့စိတ်က တထင့်ထင့်ရယ်ပါ။
ဖိုးဇော်က ဘယ်ကိစ္စ မဆိုသွေးပူတတ်တာနည်းလို့ စိတ်အေးရပေမယ့် ကိုစည့်ကိုထိုးထားဘူးတော့တစ်ကယ်စိတ်ပူနေမိတာပါ။
အနားမှာရပ်ထားခဲ့တဲ့လှည်းကို သူကပြန်တွန်းဖို့လုပ်ရင်
''ကိုမိုးဦး အေးဆေးပါနော် ည ကျရင်အေးဆေးစကားပြောမယ် ခု ပဒေသာဘက်သွားအုန်းမယ် အိမ်ပြန်ရင်လည်းစောစောပြန်နော် ကြီးမေ ကနေကောင်းတာမဟုတ်ဘူး''
ထူးခြားတာဘာမ မရှိသလိုအေးဆေးတည်ငြိမ်လို့ စိတ်သိပ်မပူပေမယ့် ကိုစည်နဲ့ ဘာတွေအပေးအယူတည့်လာလည်းတော့ကျွန်တော်သိခြင်မိသည်။ လူကြီးလေသံနှင့်ဆရာလုပ်ပြောသွားသောစကားကြောင့် ပေကပ်ကပ်တစ်ချက်ကြည့်လိုက်သည်။

''ဖိုးဇော် ငါကတော့ ကိုစည်နဲ့ ငါ့ကြားဝင်မပါစေခြင်ဘူး''
ရေကန်ဘောင်လေးပေါ်ထိုင်ရင်းစကားစ လိုက်သည်
''ကိုမိုးဦး ဝင်ပါတယ်ဆိုတာ ကိုစည်မှန်သလား မှားသလားဆိုတာတော့ သူရှင်းပြတာနားထောင်သင့်တယ်မဟုတ်လား''
ကျွန်တော်ကတော့ပြတ်သားခြင်သည်။
''မှားမှား မှန်မှန် ငါ့အဖေဟာ သူ့အဖေကြောင့် နာမည်ပျက်နဲ့ထောင်ကျခဲ့ရတယ် လေဖြတ်ပြီးထောင်ကလွတ်တော့ စုဆောင်းထားတာလေးတွေ ဆေးကု ဘာမှမလုပ်တတ်တဲ့ မေမေနဲ့ ထိုင်စားနေခဲ့ရတယ် ငါ့ပညာရေး ဖေဖေမျော်မှန်းတဲ့ဘဝကိုကျောခိုင်းပြီး...''
မျက်ရည်တို့စီးကျလာခဲ့ရပြန်ပါသည်။
ကျွန်တော်ဆက်ပြောလိုက်သည်။
''ဖေဖေက ငါ့ကိုပညာတတ်ကြီးဖြစ်စေခြင်တာ ငါ့အိမ်မက်တွေပြိုလဲခဲ့ ရတာ သူ့အဖေကြောင့် ငါဒီလို ဈေးသည်ဘဝရောက်ရတာသူ့အဖေကြောင့် နောက်ပြီး  ငါ့ကို လှည့်စားပြီး အချစ်တွေယူသွားတာရော  ငါမုန်းတယ် ဖိုးဇော် အရမ်းမုန်းတယ်''
ငိုနေတဲ့ ကျွန်တော့်ကိုအားရအောင်လွှတ်ထားပေးတယ်ထင်ပါတယ်။
''သူ့ဖေဖေ မကောင်းတာလည်းသူဝန်ခံပါတယ် ထပ်ပြီးလည်းတောင်းပန်ပါတယ် အကိုရယ် ဖြစ်ပြီးမှဘာတတ်နိုင်မှာလည်းဗျာ''
ဖိုးဇော် စကားကို
''ဘာ ဖြစ်ပြီးမှ ဟုတ်လားဖိုးဇော် ငါ့နေရာခနလောက်ဝင်ကြည့်စမ်း ဟော့ဒီရင်ဖတ်ထဲဝင်ကြည့်စမ်းပါ  ဟာ အခုငါ့မေမေ ချို့ ချို့ ငဲ့ငဲ့ နေရတာ ဘာတတ်နိုင်မှာလည်းလို့ ကိုယ်ချင်းမစာ မပြောပါနဲ့ ''
ကျွန်တော် ရင်ဘတ်ထဲက ခံစားချက်တို့သည် ဘယ်လိုစကားလုံးတိုင်းမဆို ပွင့်အန်ထွက်ဖို့ဝန်မလေးတော့ပေ။
''အင်းပါ ကျွန်တော် မတရားပြောတာမဟုတ်ပါဘူး နားလည်ပေးပါတယ်ကိုမိုးဦးရယ် ကိုစည့်ကိုလည်းအခွင့်အရေးတခုအနေနဲ့ နားထောင်ပေးဖို့ကျွန်တော် မေတ္တာရပ်ခံပါရစေ''
ကျွန်တော်ခေတ္တတွေဝေသွားသည်။
''ကိုစည်က မင်းကို ရှင်းပြလိုက်တာမဟုတ်ဘူးလား''
''ကိုစည်ပြောတာကိုမိုးဦးကိုယ်တိုင်နားထောင်လိုက်ပါ နောက်ဆုံးအခွင့်အရေးပေးလိုက်ပါအကို''

လှည်းကလေးWhere stories live. Discover now