part 13

1K 14 0
                                    

လှည်းကလေး ( အပိုင်း ၁၃ )

ဝေယံ က ကိုစည့်ကိုချစ်တယ်ဆိုပါလား။
ကျွန်တော့်နားထဲသံရေပူတွေလောင်းထည့်ခံရသလိုတုန်ရီသွားခဲ့သည်။
နှူတ်ခမ်းတွေတဆတ်ဆတ်တုန်ခါနေသည်။
ကျွန်တော် တွေဝေနေပေမယ့် ကျွန်တော့်ကိုမေးလိုက်တဲ့ မေးခွန်း၏ အဖြေသည် ကျွန်တော်ကိုတိုက်ရိုက်ပတ်သက်နေတာကျွန်တော်သိသည်။
အဖြေမပေးရဲပါ။
ကိုစည့်ကိုလည်းကျွန်တော်ဘယ်လို နားလည်ရမည်လဲ စဉ်းစားပေးရအုန်းမယ်လေ။
ဒါပေမယ့် ဝေယံကိုတော့ အကြီးပီပီ နှစ်သိမ့်ပေးလိုက်သည်။
''ဝေယံကလည်း ကိုစည်ကသိပ်နောက်တာမသိဘူးလား  ကောင်လေးဆိုမှတော့ ကိုမိုးအထင် ဝေယံကို ရည်ရွယ်ပြီးများပြောသလားမှမသိတာ''
ကျွန်တော်ထံကြည့်လိုက်သောဝေယံ မျက်လုံးတွေကရွှန်းဝေနေသည်။
''ဟုတ် ပါ့မလားကိုမိုးရာ''
ကျွန်တော် လူတစ်ယောက်အတွက်စွန့်စားဖို့အခက်ကြုံလာပြီထင်သည်။
''ကိုစည့်အကြိုက် ကို ဝေယံ ဘဲသိတာ ဝေယံ ဘဲ အနွံတာခံတာလေ  သူ သာ ရုပ်ရှင်သွားကြည့်နေရင် ဝေယံ ဆီရောက်လာပါ့မလား ဝေယံကို ရုပ်ရှင်ကြည့်ဖို့လာခေါ်တာရောမဖြစ်နိုင်ဘူးလား''
ပြောလိုက်ပေမယ့်စို့နင့်ကျေကွဲရတာ ကိုယ်မှလွဲဘယ်သူမှမသိစေလိုတော့ပါ။
ဝေယံ ကခေါင်မိုးမျက်နှာကျက်ကိုပြုံးကြည့်ရင်း
''ကိုမိုးပြောသလိုဆို ပျော်လိုက်တာ''
မျက်လွှာချပြီးသက်ပြင်းမောတစ်ချက်မှုတ်ထုတ်လိုက်သည်။
''ဟူး  မောတာ ကိုမိုးရာ ဟိုဘက်ဆောင်ထိသွားရတာ''
ကိုစည် အနားရောက်လာသည်။
''ကိုစည် မောနေပြီပေါ့''
ဝေယံက ကျွန်တော့်ကိုမျက်လုံးဝေ့ကြည့်သည်။
''ကိုစည် ကဝေယံ အတွက်ဆို မမောပါဘူး  ဟုတ်တယ်မလားကိုစည်''
ကိုစည်က ဝေယံဘေးထိုင်လိုက်ပြီး
'' အချစ်ဆုံးသူငယ်ချင်အတွက် မမောပါဘူးဝေယံရယ်''
ဝေယံ မေမေပြန်ရောက်လာသည်။
ဝေယံကို မပျင်းရအောင်စကားတွေဝိုင်းပြောပေးသည်။
အဲ့ဒီအချိန်သည် ကျွန်တော့်စိတ်တွေဘာကြောင့်မှန်းမသိပေါ့ပါးနေသည်။

''ဟော သားကြီးတောင်လာပြီ''
ဝေယံ မေမေ အသံကြောင့်နောက်လှည့်ကြည့်လိုက်သည်။
ဆံပင်ပုခုံးထောက်အလည်ခွဲနှင့် အသားဖြူဖြူ အရပ်မြင့်မြင့် အလွန်စမတ်ကျသောလူတစ်ယောက် နှု တ်ခမ်းမွှေး ရေးရေးလေးက တော်တော်ဆွဲဆောင်သည်ထင်ရသည်။နှာတံပေါ်ပေါ် နှင့် စတီးချိုင့်လေး စာပွဲပေါ်တင်ပြီး ဝေယံ နှဘူးလေးကို လက်ကလေးအုပ်ပြီးစမ်း၍
''ညီလေး  နေကောင်းလား ''
ဝေယံကခေါင်းညိတ်ပြသည်။
ကျွန်တော်ကသာ မျက်စိတစ်ဆုံး ခြေဆုံးခေါင်းဆုံးကြည့်မှတ်ချက်ပြု နေပေမယ့်ကျွန်တော်တို့ကို ရှိတယ်တောင်မထင်။
ဝေယံအကိုက ဝေယံကို အတော်ချစ်ပုံရသည်။ ဝေယံနှင့်က အသက် ၅ နှစ်ခန့်ကွာမည်ထင်သည်။
''အော် သားကြီး မိတ်ဆက်ပေးရအုန်းမယ် ဒါ မင်းညီ သူငယ်ချင်းတွေလေ သစ်တော ရိပ်သာထဲက ကိုစည်တဲ့  သူက မောင်မိုးနော်....''
''ကိုမိုးလို့ခေါ်လို့ရပါတယ် အန်တီ ''
ကျွန်တော် ဝင်ထောက်လိုက်သည်။
''အော်  ညီလေးပြောတဲ့ ကိုစည် ပေါ့ ...''
ကိုစည်က ရီနေပေမယ့် ဝေယံ အကိုအပြောကို ကျွန်တော်မနှစ်သက်ပါ။
ဝေယံ က သူ့အကို ကိုဘာတွေပြောထားသနည်း။
''ကျွန်တော် နာမည် တိမ်ယံ ပါ မှတ်ထားနော် ညီလေးတို့ ဝေယံ ကိုခင်သလို ခင်လို့ ရပါတယ်''
ကျွန်တော် တို့ဘက်ကို ရိုရိုကျိုး ကျိုးလေး သူ့ကိုယ်သူ ကျွန်တော် ဆိုပြီး မိတ်ဆက်လိုက်တဲ့    တိမ်ယံ တဲ့။

လှည်းကလေးWhere stories live. Discover now