part 9

1.2K 12 0
                                    

လှည်းကလေး ( အပိုင်း ၉ )

တစ်နေ့နေ့မှာကိုစည့်ထံမှအချစ်တွေသိမ်းပိုက်ထားမည်ဟု ကျွန်တော်ကြွေးကြော်ဖူးထားပေမယ့် ပိုင်ဆိုင်နိုင်ပါ့မလားလည်းတွေးမိကြောက်မိပါသည်။
အရင်တခါက ဝေယံ အဖွားနာရေးကိစ္စ ဒါက ဘာမှမဖြစ်နိုင် အခုက ကိုစည်ကစာသွားကျက်နေတာညအိပ်ပြီး။ မေမေ့ကို ကိုစည်မေမေပြောစကားအရ ဝေယံ မေမေနှင့်ကိုစည်က အဆင်ပြေနေကြသည်။
ကိုစည့်ရဲ့ ဇ ကိုကျွန်တော်ကောင်းကောင်းသိသည်။ အရွယ်ရောက်ခါစ အပြာကားက နေ့တိုင်းနီးပါးကြည့်သည်။
ထန်သည်။ sex ကို ကောင်းကောင်းကျွမ်းကျင်သည်။
ကျွန်တော်ရင်ထဲက ပူလောင်မှု့ သည် ဘယ်လိုပူလောင်မှု့ လည်းမပြောပြတတ်ပါ။
မနေ့က ညနေ က ကိုစည်ကိုကျွန်တော်ဘယ်လောက်ချစ်သလဲဆိုတာသိလား ဆိုတော့ သိတယ်တဲ့ ကျွန်တော် ဘာယုံရမလဲ။ အို ဘာဖြစ်ဖြစ် ကိုစည့်ကိုတော့ ကျွန်တော်အဆုံးရှုံးမခံနိုင်ပါ။

ကျောင်းရောက်ပေမယ့် ကျွန်တော်စာ စိတ်မဝင်စားပါ။
မုန့်စားဆင်းချိန် ကိုစည်တို့အတန်းဘက်ထွက်လာခဲ့သည်။
''ကိုစည်''
ကိုစည်က အတန်းထဲထိုင်စာတွေရေးနေလို့ကျွန်တော် အံ့သြမိသည်။ မုန့်စားတန်းမသွားလို့လေ။
''ဟာ ကိုမိုး ''
ရေးလက်စ စာအုပ်ကိုပိတ်ပြီး အခန်းထဲကထွက်လာသည်။
''မုန့်ကျွေးမလို့လား''
ကိုစည်က အနားလာရပ်ရင်းမေးသည်။
''နေစမ်းပါ ကိုစည် မင်း ဝေယံအိမ်သွားအိပ်နေတာဆို''
အဆုံးအစ မရှိမေးလာတဲ့ စကားမို့ ကိုစည်က မျက်နှာပျက်သွားသည်။
''ဘာလို့လဲ ကိုမိုး ဟုတ်တယ်လေ ဘာလို့လဲ''
ကျွန်တော် ရင်ထဲက ဆက်ပြောခြင်တဲ့စကားတွေ အစရှာမရတော့ပါ။
''ငါ ဘယ်လောက်ချစ်တာ...''
ကျွန်တော့်စကားမဆုံးခင်ဘဲကိုစည်က
''တော် တော်ကိုမိုး ဒီမှာဘာမှလာ မပြောနဲ့တော့ ပြောခြင်ကျောင်းအပြင်မှာပြော...''
ကိုစည်အတန်းထဲပြန်ဝင်သွားသည်။
ကျွန်တော်သတိထားမိသလောက် ဝေယံ ကိုမတွေ့ ပါ။

ကျွန်တော်ရဲ့ ခံစားခြင်းတွေကို ကိုစည်မျက်ကွယ်မပြု လိုက်ပါနှင့်လို့စုတောင်းမိသေးသည်။
ကျောင်းအပြင်ရောက်သည်နှင့်ကျွန်တော်ကို ကိုစည်က စက်ဘီးပေါ် တက်ဖို့ခေါ်သည်။ မျက်နှာ ကတင်းမာနေသည်။ကျွန်တော် ကယ်ရီပေါ်တက်ပြီး ကိုစည့်ခါးကိုဖက်လိုက်သည်။ ဘာမှမပြောပေမယ့် စက်ဘီးကို အရှိန်မြှင့်နင်းနေတာသိသာသည်။ ကိုစည်က မြို့ နယ် ပန်းခြံဘက်ဦးတည်နေသည်။ ကျွန်တော်လည်းမမေးပါ အဖြေတခုကို ရှင်းရှင်းသိခြင်သည်။ ကျွန်တော်တို့ သစ်တောအရာရှိ ရိပ်သာနှင့် ပန်းခြံ ကနဲနဲလှမ်းသည်။
စက်ဘီးကိုပန်းခြံထဲတွန်းဝင်ပြီး သစ်ချပင်ကြီးအောက်က ခုံမှာထိုင်လိုက်သည်။ နေ့လည်မို့လူရှင်းသည်။
''ကဲ ကိုမိုး ဘာတွေပြောခြင်လဲပြော တော့ မေးခြင်တာမေး ဘာတွေဖြစ်နေလည်း''
ကျွန်တော့်ရင်ထဲစို့နင့်စွာ တက်လာပြီးဝမ်းနည်းစွာငိုချလိုက်တော့သည်။
''ဟာ ဗျာ ကိုမိုး ဘာဖြစ်နေတာလဲ ဝေယံ အိမ်စာအတူကျက်ဖို့ သွားအိပ်တာလေ ဘာဖြစ်လို့ဒီလိုဖြစ်နေတာလဲ ဘာဆိုင်လို့လည်း''
'' ငါ  ငါ မင်းကိုချစ်တယ်ကိုစည်...''
ကျွန်တော့်အတွက် ပြောထွက်သောစကားက ဒါဘဲဖြစ်နေခဲ့ပြီ။
''ခက်တာဘဲ ကိုမိုးချစ်တာ ချစ်လေ မချစ်နဲ့ ကျွန်တော်က ပြောလို့လား ဝေယံ အိမ် အိပ်တာနဲ့ဖြစ်နေတာကိုမိုးရာ ''
ကျွန်တော် ကိုစည့်ကို မျက်နှာမူကြည့်လိုက်သည်။
''ကိုစည် ငါ ဝေယံ နဲ့ မင်းကိုစိတ်မချဘူး ငါ မင်းကို မစွန့်လွှတ်နိုင်ဘူး...အီး.. ဟီး...''
ပြောရင်းစိတ်လွှတ်ကိုယ်လွှတ်ကျွန်တော်ငိုချလိုက်မိသည်။
''ဟာ ဟာ  ကိုမိုး ဟာ မငိုပါနဲ့ ဟိုဘက်မှာလူတွေနဲ့   ဟီး ဟီးဟီး''
ကိုစည်က ကျွန်တော့်ကို ကြည့်ရီတော့သည်။
''မရီနဲ့ ကိုစည် ငါ ဘယ်လောက်ခံစားနေရလဲသိလား''
ကျွန်တော် လက်ပြန်မျက်ရည်တွေသုတ်လိုက်သည်။
''လက်ဆက်သတ်တော့ ကိုမိုးက ဝေယံ နဲ့ သဝန်တိုနေတာကို  ကိုမိုးရာ ဝေယံ နဲ့ ကျွန်တော်က ဘာမှ မဟုတ်ဘူး ဘာမှလဲမဖြစ်ဘူး သူငယ်ချင်းတွေ သူကနေမကောင်းဘူးလေ ကိုမိုးရ....''
ကျွန်တော့်ကို ကိုစည်ကရှင်းပြနေရင်းက မျက်နှာညှိးသွားသည်။ ကျွန်တော့်အရှေ့မှာမတ်တပ်ထရပ်လိုက်ပြီး...
''ဝေယံက နေမကောင်းဘူးကိုမိုးရ နေ့လည်က ကိုမိုးလာတော့ အတန်းထဲ သူ့အတွက်စာတွေကူးပေးနေတာလေ ညကျတော့ စာအတူကျက်ပေးတာ ကျွန်တော်လည်းပထမ အစမ်းအောင်ခြင်တယ် ဝေယံကိုလည်းအောင်စေခြင်တယ်လေ စာမေးပွဲက သိပ်မ မလိုတော့တာ ဒါ့ကြောင့်ပါ ခုဆိုဝေယံစက်ဘီးတောင်သူ့ကျောင်းမတက်လို့ ကျွန်တော်ယူထားတာ အသွားအပြန်အဆင်ပြေအောင်လေ''
ကျွန်တော့်စိတ်ထဲပေါ့သွားသလိုရှိသည်။
''ကဲ ထ နော် ကျွန်တော်ဗိုက်ဆာနေပြီပြန်ရအောင်''
အဲ့လိုရှင်းပြတော့လည်းနားလည်ပေးရမည်။ ကျွန်တော်ကပူပင်စွာ သဝန်တိုနေပေမယ့်သူတို့က ဘာမှ မဟုတ်လျင်အားနာစရာဖြစ်မည်။
ကျွန်တော် ကိုစည့်ကိုယုံကြည်ခြင်ပါသည်။
''ကဲ ကိုမိုး ကျွန်တော့်ကို ချစ်တယ်ဆို ဒုတ်ထိုးမကျွေးခြင်ဘူးလားဟင်''
''ကျွေးမှာပေါ့''
ကျွန်တော် ကိုစည့်ကို ပြုံးပြီးပြန်ပြောလိုက်သည်။
''ကဲ တက် ခါးကိုသေခြာဖက်ထားနော်''
ကျွန်တော် ဒီတခါ ကိုစည့်ခါးကိုတင်းကျပ်စွာဖက်ထားရင်း ကျောင်းလမ်းထိပ်ဒုတ်ထိုးဆိုင်ထိ ကိုစည့်ကျောကိုမှီခိုလိုက်ပါခဲ့လိုက်သည်။
ကျွန်တော်က ပထမ တစ်ခါတုန်းက ကိုစည့်အပေါ် ဝေယံ အပြု အစု လေးတွေသွားသတိရမိသည်။
ထို့ကြောင့် ကိုစည်ကြိုက်သောဝက်နားရွက် လျှာ လေးတွေ ကို ဈေးသည်ဦးလေးကြီးကိုလှီးခိုင်းလိုက်သည်။
ကြက်သွန်ဖြူ လေးကိုနွှာပြီးကိုစည် လက်ထဲ ထည့်ပေးလိုက်သည်။
ကိုစည့်ထံက အံ့သြသလိုအကြည့် ကျွန်တော်အကြည့်ခံရသည်။ ကျွန်တော်ကတော့မသိသလိုနေ နေလိုက်သည်။

လှည်းကလေးWhere stories live. Discover now