part 27

778 21 0
                                    

လှည်းကလေး ( အပိုင်း ၂၇ )

လူကပင်ပန်းပေမယ့်လည်း စိတ်ပင်ပန်းတာတော့ မခံနိုင်ပါ။
မေ့ပျောက်ထားတာကြာပြီဖြစ်ပေမယ့် ဒီနေ့မှတိုက်တိုက်ဆိုင်ဆိုင်ပက်ပင်းတိုးမိလိုက်ခြင်းအတွက်ဝေဒနာတွေအသစ်တစ်ဖန်လို ထကြွလာခဲ့ခြင်သေးသည်။
လဆန်းမို့ ကောင်းကင်ကလကွေးကွေးလေးရယ် တစ်ချက် တစ်ချက် ညည့်ငှက်သံတွေကြား လွမ်းဆွတ်ခြင်းတခုရှိနေပေမယ့်ဘာကိုလွမ်းဆွတ်ရမှန်းမသိပါ။
မေမေ့ကို ဖေဖေ မရှိတော့ထဲက သေခြာဂရုစိုက်ခဲ့ပါတယ်။
နေ့စဉ်မေမေ့ကိုအရိပ်တစ်ကြည့်ကြည့် အချစ်ပိုနေရတဲ့ကျွန်တော်က မေမေ များနေမကောင်းရင်ဈေးမထွက်ခြင်ခဲ့ပါ။
နှစ်ယောက်ထဲတစ်ဘဝမို့ငွေပို ငွေလျှံ မရှိပေမယ့် ဈေးသည်ဘဝမို့ကောင်းကောင်းစားရပါတယ်။
မေမေ့ကို ညတိုင်းအိပ်ခံနီးတိုင်းနှိပ်ပေးတယ်။
ကျွန်တော်ဘယ်လောက်ညောင်းညောင်းမေမေ့ရှေ့ ညောင်းလိုက်တာလို့မငြီးညူ မိအောင်နေပါတယ်။
မေမေ့ကိုစိတ်ချမ်းသာစေခြင်တယ်လေ။
အိပ်ယာထဲအိပ်ဖို့ဝင်လိုက်ပေမယ့် ကျွန်တော်အိပ်မပျော်ပါဘူး အတွေး တွေက ထပ်ထပ်ရောက်လာတယ်။

ကျွန်တော် အိမ်ရှေ့ ဖိနပ်ချွတ်ကလေးမှာထိုင်လိုက်တယ် အိမ်ရဲ့ တံခါးဘောင်လေးမှီပြီး ကောင်းကင်ကြီးကိုကြည့်နေမိတယ်။ ကိုစည်နဲ့ဝေယံ အဆင်ပြေရဲ့ လား ကိုကြီးတိမ်ယံရော ညီလေးလို့ခေါ်တဲ့ကျွန်တော့်ကိုသတိမရတော့ဘူးလား ကျွန်တော့်ရဲ့ အထီးကျန်မှူ့ တို့သည် သူတို့တွေသတိရလိုက်မှ ရင်တစ်ခုလူံးကိုစို့နစ်စွာ ခံစားလာမိသည်။
ကိုစည်ကိုအပြစ်မဆိုခြင်ပေမယ့် ကိုစည့်ဖေဖေကို ကျွန်တော်လုံးဝမကျေနပ်ပါ။
ဝေယံ ကိုစိတ်မဆိုးခြင်ပေမယ့် အချစ်စစ်ပွဲရှုံးရသူမို့ စိတ်ကတော့မဖြေသာပါ။
တစ်ယောက်သောသူတော့တမ်းတမိလိုက်ပါရဲ့။
ကိုကြီးတိမ်ယံရယ် ညီလေးဘဝကိုမြင်လှည့်ပါအုန်း။

''ကိုမိုးဦး အိမ်ဝကြီးမှာဘာထိုင်လုပ်နေတာတုန်း ဟာ မျက်ရည်တွေလည်းကျလို့ ဘာဖြစ်လို့လဲ ဘာလို့လည်းဟင်''
ရေပုံးနှစ်ပုံးဆွဲပြီး ကျွန်တော့်နားရောက်လာလို့ ကျလာတဲ့မျက်ရည်တွေခပ်မြန်မြန်သုတ်လိုက်သည်။
''ဖိုးဇော် ရာငါမငိုပါဘူး အကောင်ဝင်သွားလားမသိဘူး
ရေခပ်မလို့လား''
''အင်း ဟုတ်တယ် ညဘက် မှရေက များများလာတာလေ လကုန်မော်တာလေးနဲ့ စုတ်မလားလို့ အများသုံးဂျို ဖြူ ဆိုတော့လည်းသူလာတဲ့အချိန်ခပ်ရတာလေ ''
ဟုတ်ပါတယ် ကျွန်တော်တို့လမ်း မှာ ကျွန်တော့်အိမ်ဒေါင့်က အများသုံးရေကန်ကနေ တစ်လမ်းလုံးက ခပ်သုံးကြတာလေ ကျွန်တော်က တော့မေမေအဆင်ပြေအောင်မော်တာလေးလုပ်ထားပေးလို့အဆင်ပြေပါရဲ့ ဖိုးဇော်က ရေလာချိန်မှ ခပ်တာများပါတယ်။
အပေါ် အင်းကျီဗလာနှင့် ပုဆိုးတိုတိုနှင့် ဖိုးဇော်က အခုလို ည အလင်းရောင်မှာ အတော်ကြည့်ကောင်းသည်။
''ကိုမိုးဦး ရေခပ်လိုက်အုန်းမယ် ခနစောင့်နော် ''
''ဘာလုပ်ဖို့လည်း''
စောင့်ဆို၍ ဘုဆတ်ဆတ်မေးလိုက်သည်။
''ဟီး  သရဲ ကြောက်လို့ ''
ကျွန်တော်ရီမိလိုက်သည် လူက ကြားကိုးသီးစားမကုန် သရဲ ကြောက်လို့တဲ့။
ကျွန်တော် ထိုင်နေလိုက်ပါတယ်။
ရေပုံးဆွဲသွားတဲ့ ဖိုးဇော် လက်မောင်းတွေက တစ်ရစ်ပြီးစွဲဆောင်မှူ့ ရှိသည်။
ကပိုကယို ပုဆိုးနားတွေ ရေစိုတော့ ကျွန်တော်ကပြို ခြင်သလိုလို။

လှည်းကလေးWhere stories live. Discover now