လှည်းကလေး ( အပိုင်း ၂၂ )
ကျွန်တော်က ကိုစည့်လုပ်ရပ်ကိုအလွန်မှအံ့သြမိသည်။ ထင်မှတ်မထားသောလုပ်ရပ်မို့လည်းလန့်သွားမိသည်။
ကျွန်တော်ဘာမှမဝင်မပြောလို၍ လှည့်ထွက်လာခဲ့လိုက်သည်။ ခြေသံခပ်ပြင်းပြင်းနှင့်အတူ ကိုစည်အနားရောက်လာသည်။
''ကိုကို ...''
စူရှလွန်းသောဝေယံအသံ ကိုကြားလိုက်ပေမယ့် ကိုစည်ကကျွန်တော့်လက်ကိုဆွဲမပြေးရုံရှိသည်။
''ကိုစည် မကောင်းဘူးထင်တယ်လူတွေလည်းကြည့်နေတယ် လက်ကိုလွှတ်ကွာ ''
ကျွန်တော်ပြော ရုန်း ရုန်းလိုက်သည်။
''ကျွန်တော့်ရင်ထဲမှာပြောစရာတွေရှိနေတယ်ကိုမိုး''
ကျွန်တော်နှင့် မြို့ နယ်ပန်းခြံလေးထဲကိုစည်နှင့်ထပ်မံရောက်ရှိခဲ့ပါသည်။
ထိုင်နေကြခုံလေး။
ဒီခုံလေးမှာ ကိုစည်နဲ့ အခုအပါအဝင်နှစ်ကြိမ်။
ကိုတိမ်ယံနှင့်တစ်ကြိမ် ထိုင်ခဲ့တဲ့ခုံလေးပေါ့။''ကိုမိုး ကျွန်တော့်ကိုချစ်သေးလားဟင်''
ကျွန်တော်မဖြေဘဲ ဟိုးအဝေးကြီးကိုတွေတွေလေး ကြည့်နေလိုက်သည်။
ထိုင်နေတဲ့ ကျွန်တော့်ကို ကိုစည်က ခါးလေးကိုင်းပြီးပါးကို
''ရွှတ် '' ဆိုပြီးနမ်းသည်။
''အို ..''
အနားက အမှတ်တမဲ့ဖြတ်သွားတဲ့ အတွဲက ပြုံးသွားသည်။
မျက်နှာတစ်ခုလုံးလည်းပူထူသွားကာကျွန်တော် တစ်ဖက်မျက်နှာလွဲလိုက်သည်။
''ဘာပြောမှာလည်း ကိုစည်''
စကား စလိုက်ပေမယ့် ကိုစည်က
''ချစ်သေးရဲ့လားကိုမိုးရာ''
မဖြေပါဘူး
''ပြောမှာသာ ပြောစမ်းပါ''
ကျွန်တော် မာဆတ်ဆတ်ပြောလိုက်တော့
''ဖေဖေ့ ကိစ္စ နဲ့ပတ်သက်ပြီးကျွန်တော်ရောမေမေပါ ရှက်မိပါတယ် အန်တီနဲ့ကိုမိုးကိုလည်းထပ်တောင်းပန်ပါရစေ နောက်ပြီး ဖေဖေ ကို ကိုယ့်အပြစ်ကိုဝန်ခံဖို့ လည်း မေမေက ပြောထားပြီးပါပြီ ကျွန်တော်လည်းကိုမိုးကို ထာဝရမခွဲ ပါဘူးဂတိပါ။ တစ်ကယ်တော့ကျွန်တော်မှားခဲ့တာပါ တစ်ကယ်တော့လေဝေယံအပေါ်ကို.....''
ကျွန်တော့်အတွက် မပြီးသေးတဲ့ပန်ချီကားတစ်ချပ်ပေမို့ စကားစရပ်လိုက်တဲ့ကိုစည့်ကို ဆက်ပြောလိုက်တယ်။
''ဒီမှာကိုစည် ငါ မင်းကိုချစ်တယ် မင်းလည်းချစ်တယ် အေး မိဘခြင်းကိစ္စ မဆိုင်ဘူးဆိုပေမယ့် ငါ့မိဘ ဒုက္ခရောက်တဲ့ကိစ္စ ထားပါ လောလောဆယ် လူတောမတိုးဝံ့တာငါတို့ မင်းတို့သားအမိလည်းဒီလိုဘဲ ဒါပေမယ့် မင်းတို့က သာပါတယ် အထုတ်အထည်နဲ့မတိုးဝံ့တာပါ။
ဒါကအကြောင်းအရာတခု
နောက်တစ်ခုက ဝေယံနဲ့ မင်းကိစ္စ ဟုတ်ပြီ ငါကိုယ်တိုင် ကျေနပ်လို့ ချစ်သူအဖြစ်နေပေးပါစေလို့ ငါ လွှတ်ထားတာဘဲ။ မင်းကိုယ်တိုင်လည်းသူ့အတွက်ဖြည့်ဆည်းခြင်တာငါသိနေတယ်လေ ငါငြင်းလိုက်ပြန်ရင်လည်းငါ က သူငယ်ချင်းအပေါ် အတ္တကြီးသူဖြစ်ရအုန်းမယ်။ မင်းကို စိတ်ချမ်းသာသာကူညီပါစေလေလို့ လိုပ်လျောတာ အတိုင်းအတာတစ်ခုထိကျော်လာတော့ငါ့ဘက်လည်းပြန်ကြည့်ပေါ့''
ကျွန်တော်က မျက်ရည်လွယ်သူမို့ ငိုခြင်လာပြန်သည်။
''သိတယ် ကျွန်တော်သိတယ်ကိုမိုး ဒါ့ကြောင့် ဒီနေ့ကစပြီး ဝေယံဘာဖြစ်ဖြစ် ကျွန်တော်လှည့်မကြည့်တော့ဘူး အဲ့ဒါကိုမိုးကိုချစ်လို့ မစွန့်လွတ်နိုင်လို့ ကိုမိုးမုန်းတာမခံခြင်လို့ အိုဗျာ သူ ဘာဖြစ်ဖြစ် အခုလို ကိုမိုးကျွန်တော့်ကိုဆက်ဆံနေတာမုန်းနေတာတွေ နောက်မဖြစ်ရအောင်နေတော့မယ်''
ကျွန်တော် တုန်လှူ တ်သွားမိသည်။
ကိုစည်က ငယ်သူမို့တစ်ဇွတ်ထိုးတော့နိုင်သည်။
ကျွန်တော်က အကြီးပီပီ ချင့်ချိန်ရမည် မတော် ဝေယံ တခုခုဖြစ်ခဲ့လျင် သူနှင့် ကျွန်တော် ဘယ်လောက်ချစ်ချစ် အရိပ်မည်းကြီးပါလာမှာကြောက်သည်။
အခုဘဲကြည့်ပြောင်းလည်းလိုက်တဲ့ကိုစည့်ရဲ့ဝေယံအပေါ် ဆက်ဆံရေးက အပြောင်းအလဲမြန်သည်။
ကျွန်တော် ခနတွေးပြီး
''ကိုစည် ကိုမိုးကို တစ်ကယ်ချစ်တယ်မဟုတ်လား''
သွားတက်ကလေးပေါ်သွားတဲ့ကိုစည်ကအရင်နေ့တွေကထက်ချစ်ဖို့ကောင်းသည်။
''ဘယ်လိုမေးလိုက်တာလည်းကိုမိုးရာ''
''ဒါဆို သေခြာနားထောင် ကိုမိုးပြောမယ် လောလောဆယ် ဖေဖေတို့အမှူ့ က အဖြူ အမဲ လည်းမသိရသေးဘူး ဝေယံရောဂါ အခြေအနေကလည်းအတိအကျဘာမ မရေရာသက်သာရုံ အဲ့ဒိတော့ ကိုစည်က ချက်ခြင်းပြောင်းလည်းလိုက်ပြီး ကိုမိုးနဲ့ ချစ်သူတွေ လိမ်ထားတာဆိုတာသာ ဝေယံသိသွားရင် ရှက်သွားပြီး တခုခုဖြစ်သွားရင် ကိုစည်နဲ့ ကိုမိုးက တစ်ဘဝလုံး ဘယ်လောက်ချစ် ချစ်စိတ်သန့် နိုင်ပါ့မလား''
ကျွန်တော့်စကားတွေငြိမ်နားထောင်နေတဲ့ကိုစည်က လေးနက်တဲ့ အတွေးရှိနေလောက်ပါတယ်။
''အင်း ဟုတ်တော့ ဟုတ်ပါတယ် ဒါပေမယ့်လည်း ကိုမိုးကို ဖေဖေ့ကိစ္စ နဲ့မျက်နှာပူရသလို ဝေယံနဲ့ပတ်သက်ပြီးစိတ်လည်းမခံစားစေခြင်တော့လို့ဒီလိုဆုံးဖြတ်လိုက်တာပါ''
ကျွန်တော်တို့အသေအခြာညှိနှိုင်းပြီးဆုံးဖြတ်လိုက်သည်။
ဖေဖေ့ကိစ္စ မပြီးမခြင်း ဝေယံနှင့်ကိုစည့်ကိုမပြောင်းလဲစေဘဲ ကျွန်တော်နှင့်ချစ်သူဆိုတာ မသိစေလို မပြောလိုကြောင်းဂတိပေးလိုက်သည်။
YOU ARE READING
လှည်းကလေး
Romancefbမှာ ကို Thuta Lulinရေးသော ဝတ္ထုအားပြန်တင်ခြင်း Sex အကြောင်းပါသည် ဆန္ဒရှိမှဖတ်ပါ