zawgyi>>>
"ဒါခင်ဗျားအလုပ်လား"
အလုပ်ကိုသွားမယ်ပြောပြီး ဒဂုန်စင်တာရှေ့ခေါ်လာပြန်သော ရှင်းရာပင်...
လျှမ်းထက်ကဖြင့် ဒီဒဂုန်စင်တာကိုစိတ်နာတာကြာပြီ...
Ex နဲ့လဲတွေ့ရသေး...
လူကြားထဲအထမ်းခံရတဲ့အပြင် ရှင်းရာနဲ့ပက်သက်သမျှ ကောလဟာလတွေအကုန်ဒီကနေစသည်...အဆိုးဆုံးကတော့ ဒီရှေ့ရောက်သလောက် သူ့ခမျာကော်ဖီလေးမသောက်ရရှာတာပဲ...
"သွားမယ်..."
"ဟဟ နေဦးလေ...ဒီထဲဝင်ပြီးဘာလုပ်မလို့တုန်း"
ရှင်းရာက ဘာတစ်ခွန်းမှမပြောပဲ လျှမ်းထက်လက်ကိုဆွဲကာ ခပ်တည်တည်နဲ့ အထဲဝင်သွား၏...
အနောက်က ယက်ကန်ယက်ကန်နဲ့ ပါလာရသော လျှမ်းထက်သာ ဘုရားတနေရတော့သည်...
ဒီလူကြီး လာတွေလုပ်ဦးမလဲမသိ...
ဒုက္ခနဲ့လှလှနဲ့တော့တွေ့ပြီ အဲ...ဒုက္ခလှလှတော့တွေ့ပြီပြောပါတယ်...ဘုရား သိကြား မ လို့ ကျွန်တော်မျိုး လျှမ်းထက်လေးကို ဦးရှင်းရာ ပေါက်ကရတွေမလုပ်ပါစေနဲ့..
****************************
အထဲရောက်သည်နှင့် လျှမ်းထက်ခန့်မှန်းတာနဲ့ တက်တက်စင်လွဲအောင် ဦးရှင်းရာက အရမ်းကိုဂရုစိုက်နေ၏...
အဝတ်စားတွေ တစ်ခုပြီးတစ်ခု လျှမ်းထက်နဲ့ကပ်ကြည့်လိုက်...
သဘောကျရင် အနောက်ကဝန်ထမ်းဆီပစ်လိုက်နှင့် အဝတ်တွေလဲပုံလို့..."ဦးရှင်း ဘာလုပ်နေတာလဲ လို့... လူတွေကြည့်နေပြီ"
မှန်ပါသည် အနောက်က လိုက်လာတဲ့သူတွေရော တစ်ချို့ဆို ဖုန်းကိုမသိမသာထုတ်ပြီး ဓာတ်ပုံရိုက်နေသူတွေရော...
ရိုက်ဆို social media မှာ
သူတို့ကိစ္စကနာမည်ကြီးလေ...လွန်ခဲ့တဲ့ သုံးလေးရက်ကမှ သူဌေးဦးရှင်းရာနဲ့ bar ကကောင်လေးရဲ့ အချစ်ဇာတ်လမ်းတွေ ပလူပျံထားတာ...
လူတွေက personal ဘာညာ သိတာမဟုတ်ဘူး...
Facebook မှာ like များဖို့လောက်နဲ့ သူတို့ပုံတွေကိုလျှောက်တင်တော့မှာရယ်...
YOU ARE READING
Mr.
Romanceဦးရှင်းရာကိုသိပ်အမြင်ကတ်တာပဲ! warning... ⚠ BL×OC rated m sorry for bad writings 90°bow #Yoohyunee