2

146K 7.4K 66
                                    

Zawgyi>>>>

ရန်နောင်နိုးလာသည့် အချိန်တွင်  မိမိဘေးမှာ မင်းမာန်ရှိမနေတော့ချေ...
ကြိုခန့်မှန်းထားသည့်အရာပဲမို့
သက်ပြင်းဖွဖွချရင်း
အိပ်ယာမှထလာမိတယ်...

အောက်ပိုင်းက စူးနစ်နေသော ဝေဒနာအတွက် သူမင်းမာန်ကို အပြစ်ပြောမနေလိုတော့ချေ...

မင်းမာန်...

သူသိပ်ချစ်ရတဲ့ သူတစ်ယောက်ပေါ့...

အစ်ကိုမင်းမာန်က သူ့ဦးလေး ဦးရှင်းရာလိုပင် မိန်းမပျိုတွေကြား ရေပန်းစားသည့်သူပင်...

မင်းမာန်က ဆိုးတယ်...
သွေးပူပြီး ဒေါသကအမြဲလိုလိုထွက်နေတာ...

သူ့ဦးလေးရှင်းရာလိုမျိုး သွေးအေးအေးနဲ့ တည်ငြိမ်တဲ့အမူအရာမရှိပေ....

အရပ်က 6 ပေ...
ဖြူစွတ်နေတဲ့အသားရည်နဲ့ သူ့ဆံပင်တွေက အရောင်အမျိုးမျိုးပြောင်းနေတတ်သည်...

လက်ဖျံက တက်တူးတွေနဲ့ ဆေးလိပ်တစ်လိပ်ကို အမြဲခဲထားတတ်သော မင်းမာန်သည် ရန်ပွဲတိုင်းမှာလဲ ပါတတ်ပါသေးသည်

မင်းမာန်က အမြဲလိုလို ယမကာတွေ မိန်းမတွေနဲ့အချိန်ကုန်တတ်ပြီး
အလုပ်ကို ဘယ်တော့မှ စိတ်ဝင်စားခြင်းမရှိခဲ့...

ပြောရရင်... ရန်နောင်အပေါ်ဆို ပိုပြီး စိတ်ဝင်စားခြင်းမရှိခဲ့...

အခုတောင် တစ်ညသုံးပြီးခဲ့ပြီမို့ ရန်နောင်ဆီ သူပြန်လာပါဦးမလားဆိုတာ ဝေခွဲရခက်ပါသည်...

ရန်နောင်လဲ မင်းမာန်နဲ့ပက်သက်ပါက ဝဋ်ဒုက္ခတစ်မျိုးပင်...
ရန်နောင်အရင်က အဲ့လိုမဟုတ်ခဲ့ပါဘူး

လိမ္မာပြီး ကြိုးစားတယ် ချမ်းသာတဲ့မိသားစုက ပေါက်ဖွားလာတဲ့အလျောက် သူကယဉ်ကျေးပြီးသိမ်မွေ့တယ် 

အရာအားလုံးက မင်းမာန်နဲ့ ဆန့်ကျင်ဘက်...

အခုမင်းမာန်ကို ချစ်မိကာမှ အမြဲလိုလို မာန်ကစားဝိုင်းကို သူရောက်နေရပြီး မင်းမာန်လက်ထဲ ဘဝသည် စုတ်ပြတ်လို့နေပြီ

စိတ်ရှုပ်ထွေးမှုနဲ့ နာကျင်မှုကြောင့် ရန်နောင် သက်ပြင်းချမိ၏...

Mr.Where stories live. Discover now