37

54.3K 3.4K 99
                                    

Zawgyi>>>

"အကို..."

အလုပ်မရှိဂိမ်းထိုင်ဆော့နေသော မင်းမာန်အသံပိစိလေးတစ်ခုကိုကြားပြီးနောက် ရင်ခွင်ထဲ ကိုယ်လုံးပိကျိလေးတစ်ခုကတိုးဝင်လာသည်

ကွန်ပျူတာရှေ့ထိုင်နေသော မင်းမာန်ရဲ့ပေါင်ပေါ် မျက်နှာချင်းဆိုင်ထိုင်ရင်း ရင်ခွင်ထဲကပ်ချွဲနေတဲ့ ရန်နောင်လေးရယ်ပါ...

"ညီ...အကို ဂိမ်းဆော့တာမရှုပ်ရဘူးလေ"

ရန်နောင့်ဆံပင်လေးတွေကိုဆွဲဖွရင်း ပါးပြင်လေးကိုကိုင်ရင်းပြောတော့ ကလေးလေးက မျက်နှာလေးငယ်သွားကာ ရန်နောင့်ပခုံးပေါ် မေးလေးတင်ထားသည်

"အကိုက ညီ့ကိုမချစ်တော့ဘူးလားဟင်"

"ဟောဗျာ ဘာလို့အဲ့လိုတွေးရတာလဲ ညီရ"

ရင်ခွင်ထဲမှကလေးပုစိရဲ့ ဆံပင်လေးတွေကြား လက်ထိုးထည့်ရင်းဖွတော့ အိစက်နေသောဆံသားလေးတွေကိုခံစားမိ၏...
ခေါင်းလျှော်ထားဟန်တူတဲ့ကောင်လေးရဲ့ခေါင်းက စတော်ဘယ်ရီနံ့လေးမွှေးနေ၏...

"တစ်ချိန်လုံးဂိမ်းပဲဆော့နေတာ ညီ့မျက်နှာကိုတောင်မကြည့်ဘူး ညီ့ကိုပစ်ထားသလိုခံစားရလို့"

"ပြောပါဦး အကိုပစ်ထားတာဘယ်လောက်ကြာပြီလဲ ဦးရန်နောင်ပုစိခဗျ"

"၂ နာရီ"

နှုတ်ခမ်းလေးစူသွားပြီး ခေါင်းလေးငုံ့၍ပြောလာသော ရန်နောင်ကြောင့် မင်းမာန်အသည်းယားစွာ ကိုယ်လုံးလေးကိုဖြစ်ညှစ်မိသည်

"၂ နာရီကကြာလို့လားဗျ ဦးရန်နောင်ပိစိရ"

"ဒါ ဒါပေမဲ့ အကိုကအဲ့လိုမပစ်ထားဖူးလို့ အာ့ကြောင့်မို့"

ပြောရင်းမျက်နှာငယ်လေးဖြစ်လာသော ရန်နောင့်ကြောင့် မင်းမာန် ကွန်ပျူတာပေါ်ကလက်ကိုချက်ချင်းဖယ်လိုက်ရင်း အရှုံးပေးဟန် လက်မြှောက်ပြသည်

"ကဲပါ ညီ မဆော့စေချင်ရင်ကိုယ်လုံးဝမဆော့တော့ဘူး ထိတောင်မထိတော့ဘူးကွာ ကတိပေးတယ်"

"အင့် တကယ်လား"

"အင်း တကယ်ပေါ့ ညီ့ထက်အရေးကြီးတာဘာမှမရှိဘူး အဲ့ကွန်ပျူတာကြီးလွှတ်ပစ်လိုက်မယ်"

Mr.Where stories live. Discover now