zawgyi>>>
အခန်းထဲ၌ တလှုပ်လှုပ်နဲ့ အလုပ်ရှုပ်နေသော ကျောပြင်ပိစိလေးကိုကြည့်ရင်း မင်းမာန်အသည်းယားနေမိသည်...
ကျောပြင်လေးနားကိုသွား၍ အနောက်ကနေ ကိုယ်လုံးလေးကို သိမ်းကြုံးဖက်လိုက်တော့ လန့်ပြီးတုန်သွားတဲ့ ရန်နောင်လေး...
"အစ်ကိုမင်းမာန်..."
"အင်း ညီဘာတွေလုပ်နေတာလဲ"
"အဝတ်တွေခေါက်နေတာပါဗျ အခန်းကအရမ်းရှုပ်နေလို့လေ"
မှန်ပါသည် ရန်နောင်လေးက သပ်သပ်ရပ်ရပ်နေတတ်သလောက် မင်းမာန်က ဖြစ်သလိုနေတာ...
သူ့အခန်းတစ်ခုလုံးလဲ ရှုပ်ပွပြီးခြေချစရာတောင်မရှိ...သို့သော် ရန်နောင်လေး စိတ်ရှည်ရှည်နဲ့ရှင်းပေးတော့ အခုမှပဲ အခန်းက လူနေတဲ့အခန်းနဲ့ပြန်တူသွားတော့တယ်...
"အင်း...နောက်ဆို ကိုယ်လဲသပ်သပ်ရပ်ရပ်နေရမယ်"
"ဘာလို့လဲဟင်"
"ကိုယ့်ရဲ့အိမ်သူလေးပင်ပန်းမှာစိုးလို့ပေါ့"
မင်းမာန် စကားကိုကြားတော့ ရန်နောင်က ရှက်ပြုံးလေးပြုံးသည်...
ပါးပြင်မို့မို့လေးက ပန်းနုရောင်သန်းသွားသည်မို့ မြင်နေရတဲ့ မင်းမာန်မှာ ဖက်မနမ်းပဲကိုမနေနိုင်...ပန်သီးလေးအတိုင်း ကိုက်စားချင်စရာလေးပင်...
"အား အသည်းယားတယ်ကွာ"
မင်းမာန်က ပြောပြောဆိုဆိုနဲ့ ရန်နောင့်ကိုယ်လုံးလေးကို ဆွဲပွေ့ကာ ကုတင်ပေါ်ပစ်တင်လိုက်သည်...
အင့်ခနဲ အသံလေးထွက်ပြီး ရန်နောင်လေးက သူ့ရင်ဘတ်ကို အသာတွန်းလာ၏..."ဟို..ဟို အဲ့တာက မဆိုင်ဘူးလေ..."
မဆိုင်မှန်းတော့ မင်းမာန်လဲ ကောင်းကောင်းကြီးသိတာပေါ့...
ဒါပေမဲ့ ရန်နောင်လေးကို ကျားချောင်းချောင်းပြီး လစ်တုန်းစားဖို့ပြင်နေတာမို့သူဒါကိုဂရုစိုက်မှာမဟုတ်ချေ..."ညီကလဲကွာ.."
ထိုသို့ မျက်နှာအမူအရာ လုပ်ပြသည်နှင့် မနေနိုင်တဲ့ ရန်နောင်လေးကသာ အလျှော့ပေးရပြန်သည်...
YOU ARE READING
Mr.
Romanceဦးရှင်းရာကိုသိပ်အမြင်ကတ်တာပဲ! warning... ⚠ BL×OC rated m sorry for bad writings 90°bow #Yoohyunee