Zawgyi>>>
ဒီညတော့မူးပြဲနေအောင် အဝသောက်မည်ဟူသော အသေးလေးနှစ်ယောက်ကြောင့် မင်းမာန်တို့တူရီးနှစ်ယောက် သိပ်မသောက်ပဲ စောင့်ကြည့်နေရသည် သူတို့ကလေးလေးနှစ်ယောက်ကို စိတ်မချတာလဲပါတာပေါ့
လျှမ်းထက်က အသေသောက်ပြီး ဒီလောက်မမူးသေးဘူး ရန်နောင်လေးက သုံးလေးခွက်နဲ့တင် ပါးပြင်လေးနီရဲပြီး ယိုင်ထိုးနေပြီ...
"ညီ..အရမ်းမူးနေပြီ လာ အခန်းထဲပြန်ကြမယ်နော်"
ရန်နောင်ကခေါင်းလေးသာငြိမ့်ပြသည်
ကိုယ်လုံးပုစိလေးကို မင်းမာန်အသာပွေ့ချီလိုက်တော့ ရန်နောင့်လက်ကလေးတွေက မင်းမာန်လည်တိုင်ကိုချိတ်တွယ်လာ၏
အခန်းထဲရောက်သည်နှင့် Lock တန်းချကာ
ကလေးလေးကိုယ်လုံးလေးကို အိပ်ယာပေါ်ဖြည်းဖြည်းချင်းချပေးလိုက်တော့ ရန်နောင်ပုစိကမျက်လုံးမပွင့်တပွင့်...ပါးပြင်လေးတွေကနီရဲတွတ်နေပြီး နှုတ်ခမ်းလေးက မသိမသာစူထွက်နေတာကြောင့် မင်းမာန်အသည်းယားနေရသည်...
"ညီ ကအရမ်းချစ်ဖို့ကောင်းတာပဲကွာ"
ပြောပြောဆိုဆိုနဲ့ ရန်နောင့်ပါးပြင်လေးကို တရှုံ့ရှုံ့နမ်းတော့ အိစက်စက်ပါးပြင်လေးက မင်းမာန်နှာခေါင်းပင်နစ်ဝင်မည့်အလား...
"အင့် မနမ်းနဲ့"
လက်ပုစိလေးတွေက မင်းမာန်ရင်ဘတ်ကိုအသာတွန်းလာသည်မို့ ရန်နောင့်လက်ကလေးကိုဆွဲယူကာ လက်ချောင်းလေးတွေကိုပါ ခပ်ဖွဖွနမ်းမိသည်...
ရန်နောင်လေး ငြိမ်သွားတော့ ကောင်လေးအိပ်ပျော်သွားပြီအထင်နဲ့ အဝတ်စားလဲပေးဖို့ မင်းမာန်အဝတ်ဗီဒိုထဲက ပေါ့ပေါ့ပါးပါးဝတ်စုံလေးကိုယူလာ ပေးပြီး ရန်နောင်ဝတ်ထားတဲ့ဂျင်းဘောင်းဘီအဖြူလေးကို ချွတ်ဖို့လုပ်ရသည်...
ရန်နောင့်ဘောင်းဘီလေးကျွတ်သွားတော့ ကောင်လေးက ရုတ်တရပ်နိုးလာပြီး ကုတင်ခေါင်းရင်းကိုကပ်သွားကာ ကွေးကွေးလေးသွားထိုင်နေ၏...
ရန်နောင်ဝတ်ထားတာက အပေါ်ကရှပ်အင်္ကျီအဖြူလေးတစ်ထည်သာ ကျန်တော့တာမို့ပေါင်တံစင်းစင်းလေးကိုမြင်နေရပြီး ဖြူစွတ်စွတ်ကိုယ်လုံးလေးက ရှက်နေတဲ့ပုံစံပါးပြင်ရဲရဲလေးနဲ့အတူ မက်မွန်သီးလေးအလား...
YOU ARE READING
Mr.
Romanceဦးရှင်းရာကိုသိပ်အမြင်ကတ်တာပဲ! warning... ⚠ BL×OC rated m sorry for bad writings 90°bow #Yoohyunee