Zawgyi>>>
"သားကဒီလိုအကြီးကြီးယူမှာ..."
အဘွားနဲ့ စကားပြောနေရင်း အမူအရာလေးတွေနဲ့လုပ်ပြနေတဲ့ လျှမ်းထက်ကို ရှင်းရာစိုက်ကြည့်နေမိသည်...
နှုတ်ခမ်းလေးကရံဖန်ရံခါဆူထွက်လာပြီး အလိုမကျစွာ ခပ်စွာစွာလေးပြောနေသည်မှာ သေချာတာကတော့ ရှင်းရာ၏မကောင်းကြောင်းတွေပြန်တိုင်နေတာပင်ဖြစ်မည်...party ကိစ္စပြီးကတည်းက ရှင်းရာသည် လျှမ်းထက်ကိုမျက်စိအောက်မှအပျောက်မခံတော့...
သူ့အနားမှာပဲတစ်ချိန်လုံးထားသည် အိမ်သာသွားရင်တောင် သူကအိမ်သာရှေ့လက်ပိုက်ပြီးရပ်စောင့်နေတာ
အဲ့လိုလူ့ဂွစာရယ်ပါဆို...လျှမ်းထက်က ရှင်းရာရဲ့အမေကို ပြုစုရတာသဘောကျသည်
အားတိုင်း အလည်သွားပြီး ချွဲနေတတ်သေးတာ
ရှင်းရာရဲ့အမေကလဲ သူ့ကိုမြေးလေးတစ်ယောက်လိုပင် ချစ်ပြီးအလိုလိုက်တတ်သေးသည်"မြေးလေးက သားကိုလက်မထပ်ချင်လို့လား"
"အွန်...အဲ့လိုတော့မဟုတ်ပေမဲ့...ဒါပေမဲ့သူက... အာ မသိတော့ဘူးဗျာ"
လျှမ်းထက်ပါးလေးတွေရဲပြီးရှက်နေတာမြင်တော့ အဖွားကခက်ဟဟရယ်သည်...
သဘောကျစွာမျက်လုံးလေးတွေမှိတ်သည်အထိရယ်ရင်း
အဘွားရဲ့ရင်ခွင်ထဲတိုးဝင်တော့
လျှမ်းထက်ရဲ့ခေါင်းလေးကိုပုတ်ပေးရှာတယ်....အဘွားနဲ့နေရတာ သူတကယ်ပျော်သည်...
အရင်ကသူ့ကိုမွေးစားခဲ့တဲ့ အဘွားကိုသတိရမိလို့...
အဘွားကိုမစောင့်ရှောက်ခဲ့ရသမျှ ဒီဘွားဘွားထံပြန်စောင့်ရှောက်ပေးချင်မိသည်..."ဘွား...သားမေးချင်လို့"
"အင်းမေးလေ လျှမ်းလေးရဲ့"
"ဦးရှင်းကလေ...ရည်းစားမရှိဘူးလား သူဘယ်သူ့ကိုမှမချစ်ဖူးဘူးလားဟင်"
လျှမ်းထက်ရဲ့အမေးကြောင့် အဘွားကမျက်နှာအနည်းငယ်မှိုင်းသွားသည်...
"ဘွား သားမေးတာမှားသွားလားဟင်"
"အော်...မဟုတ်ပါဘူးသားရယ် ဘွားအတွေးလွန်သွားလို့ပါ"
အဘွားပြောပြသည်က ဦးရှင်းငယ်ငယ်ကတော့ ချစ်ရတဲ့ကောင်မလေးတစ်ယောက်ရှိဖူးသည် သူမက ဦးရှင်းညီမရဲ့သူငယ်ချင်း
မင်းမာန်အမေရဲ့သူငယ်ချင်းပေါ့...
ကောင်မလေးကသွက်လက်ပြီး ချစ်စရာကောင်းတယ်
YOU ARE READING
Mr.
Romanceဦးရှင်းရာကိုသိပ်အမြင်ကတ်တာပဲ! warning... ⚠ BL×OC rated m sorry for bad writings 90°bow #Yoohyunee