Zawgyi>>>
မီးဖိုချောင်ဖျက်ဆီးရေးလုပ်နေသော လျှမ်းထက်ကို ဦးရှင်းထိုင်ကြည့်နေသည်...
ခေါက်ဆွဲခြောက်နဲ့ပီဇာလုပ်မယ်ဆိုလား
သူ့ဘာသူတော့ဟုတ်နေတာပဲရှင်းရာရဲ့အင်္ကျီကိုတစ်ထည်ပဲဝတ်ထားပြီး ကြယ်သီးကုန်အောင်မတပ်ပဲ ရင်ဘတ်ကိုလဲဟထားသေးသည်...
တလှစ်လှစ်ပေါ်ထွက်နေသော ပေါင်တံသွယ်သွယ်လေးကပင် ရှင်းရာကိုမြူဆွယ်နေသယောင်..."ဦးရှင်း ဦးရှင်း...ကြက်ဥယူပေး"
ရှင်းရာမှာ လျှမ်းထက်ခိုင်းသမျှ လုပ်ပေးနေရင်း တောက်တိုမယ်ရဘဝပြန်ရောက်သွားရ၏
ဘယ်သူက Boss ဘယ်သူကဝန်ထမ်းလဲပင်မသိတော့...
ရှင်းရာနှုတ်ခမ်းမဲ့တော့ လျှမ်းထက်လျှာတစ်လစ်ထုတ်ပြ၏နှစ်ယောက်သားမီးဖိုချောင်ထဲအလုပ်ရှုပ်နေတုန်း
တံခါး bell သံထပ်ကြားရပြန်သည်
ထင်တဲ့အတိုင်း မနေ့ကမိန်းမပဲလျှမ်းထက် အလိုမကျမှုကြောင့် နှုတ်ခမ်းကိုဆူပုတ်ထား၏
ဦးရှင်းကလဲ တံခါးမဖွင့်သေးပဲသူ့ကိုသာကြည့်နေသည်"ဘာကြည့်နေတာလဲ ဖွင့်ပေးလိုက်လေ ဘွားတော်ကြီးဒူးနာနေမယ်"
"မင်းမဖွင့်နဲ့ဆိုမဖွင့်ဘူး"
လျှမ်းထက်နှုတ်ခမ်းကိုဆူပုတ်၍ ကိုယ်တိုင်သွားဖွင့်သည်
"ဟွန့်! နေ့တိုင်းလာနေမှ မျက်စိနောက်မယ် အခုအပြတ်ရှင်း"
လျှမ်းထက်ပြောတာလဲမှန်ပါသည်
ဘာကိစ္စရှိတယ်ရယ်မသိ ထိုမိန်းမခဏခဏလာနေရင်
သူတို့နှစ်ယောက်အတွက်လဲမကောင်း...လျှမ်းထက်
တံခါးဖွင့်ပေးလိုက်တော့ အပြင်မှာရပ်နေတဲ့အမျိုးသမီးကို အပြုံးတစ်ပွင့်ဖြင့်တွေ့ရ၏...ရိုးရိုးရှင်းရှင်းပါတိတ်လုံချည်နဲ့ သူမမှာ
လျှမ်းထက်အတွက်တော့ ပြိတ္တာတစ်ကောင်အလား...အဲ့အပြုံးကလဲ ရိုးသားဖြူစင်ပြီး အေးချမ်းနေလိုက်တာ
အားး စိတ်ရှုပ်တယ်!တံခါးဖွင့်ပေးပြီးသည်နှင့် လျှမ်းထက် အိမ်ထဲဆောင့်အောင့်ဝင်လာသည် အနောက်မှာသူမလဲပါလာ၏...
YOU ARE READING
Mr.
Romanceဦးရှင်းရာကိုသိပ်အမြင်ကတ်တာပဲ! warning... ⚠ BL×OC rated m sorry for bad writings 90°bow #Yoohyunee