29

70.2K 3.7K 33
                                    

Zawgyi>>>

"ဦး...ဦးရှင်း.. "

"ငြိမ်ငြိမ်လေးထိုင်နေပါလို့ မှာထားခဲ့တာကို! မတော်လို့ မူးမေ့လဲသွားရင်ဘယ်လိုလုပ်မလဲ!"

စိတ်ပူတဲ့လေသံတစ်ဝက်နဲ့ ဆူလာတဲ့ ရှင်းရာကြောင့် လျှမ်းထက်ဘာပြောရမှန်းပင်မသိတော့...

သူထင်ထားတာက...
သူ့ကိုအော်ပစ်တာမဟုတ်ရင်တောင် မုန်းသလိုကြည့်ပြီး ထွက်သွားဖို့မောင်းထုတ်လိမ့်မယ်လို့..

အခုကကျ ဦးရှင်းကမေရီကိုတစ်ချက်မျှသာစောင်းငဲ့ကြည့်၍ လျှမ်းထက်ကိုအပေါ်ထပ်ချွတ်ကာ ခြုံပေးလိုက်ပြီး ရင်ခွင်ထဲဆွဲသွင်းကာ လူအုပ်ကြားထဲကတိုးထွက်၍ ခေါ်လာတော့သည်...

အကုန်လုံးလဲ ဆွံ့အပြီး ဘာပြောရမှန်းမသိကြ...
မင်္ဂလာပွဲအခြေအနေ ဘယ်လိုကျန်ခဲ့ပြီလဲ လျှမ်းထက်မသိတော့...လျှမ်းထက်သိချင်တာ ဦးရှင်းရဲ့စိတ်ကိုပင်...

"ဦးရှင်း..."

"ရှူး...ကိုယ်အကုန်သိပြီးပြီ"

လျှမ်းထက်ကို ကားပေါ်တင်၍ ခါးပတ်ပတ်ပေးနေသော ရှင်းရာရဲ့အမူအရာက အေးအေးလူလူသာ... သူဘာကိုမှမသိသည့်အလား...

ဒါကဖြစ်နိုင်ပါ့မလား?
သူမသိစရာအကြောင်းမှမရှိတာ သူမသိဘူးဆိုရင်တောင် လျှမ်းထက်ကိုမေးမှာပဲလေ...
အခုက လိုတာထက် တည်ငြိမ်လွန်းနေတာ

"ဒါပေမဲ့ ကျွန်တော်..."

"ကိုယ်သိတာမို့ မပြောနဲ့တော့"

"ဦးရှင်းကဘာကိုသိတာလဲ! ကျွန်တော်ကဦးရှင်းကိုခြူစားနေတဲ့ကောင် အဲ့တာမှမကျေနပ်လို့တခြားကောင်မလေးကို အဲ့လို! လက်တည့်စမ်းတဲ့ကောင်ဆိုပြီးတော့လား!အဲ့တာကို နားလည်ပေးပြီးတော့ဆက်ချစ်မယ်ဆိုပြီး သူတော်ကောင်းလုပ်ချင်လို့လား!"

လျှမ်းထက်သည် အော်ရင်းနှင့်ပင် မျက်ရည်အချို့စီးကျလာရ၏...
သူမကြိုက်ဘူးဦးရှင်းကသူ့အပေါ် အဲ့လိုထင်သွားမှာကို...
ဦးရှင်းကို သူဖြူဖြူစင်စင်ပဲ ချစ်ချင်တာ...
အဲ့လို.. အဲ့လိုအဖုအထစ်တွေရှိမနေချင်ဘူး

"ကိုယ်သိတာ! ကိုယ်သိတာ မင်းရဲ့ကိုယ်ကျင့်တရား!မင်းရဲ့စာရိတ္တ! မင်းဘယ်တော့မှအဲ့လိုမလုပ်ဘူးဆိုတာ ကိုယ်ယုံကြည်နေလို့ပဲ!မင်းထင်တာမျိုးမဟုတ်ဘူး!"

Mr.Where stories live. Discover now