Zawgyi>>>
မာန် ကစားဝိုင်းထဲသို့ ရန်နောင်လေး ရောက်လာခဲ့သည်
အကို့အတွက် ထမင်းချိုင့်လာပို့တာလေ...
ပြီးတော့ဒီနေ့က သူတို့နှစ်ယောက် လက်ထပ်တာ 3 လပြည့်ပြီမို့ အတူရှိချင်တာလဲပါသည်"အကို..."
အလုပ်တွေရှုပ်နေသော မင်းမာန်က ရန်နောင်လေးအသံကြားသည်နှင့် ချက်ချင်းခေါင်းမော့လာ၏...
ရန်နောင်ထမင်းချိုင့်လေးကိုမြှောက်ပြတော့ အကိုကပြုံးသည်"ညီ ပင်ပန်းတော့မှာပဲကွာ တခြားသူကိုခိုင်းလိုက်တာမဟုတ်ဘူး"
"ဟုတ်...ဒီနေ့ အကို့ကိုလာပို့ချင်လို့"
မင်းမာန်ကဘာမှမပြော ပြုံးသာပြုံးသည်...
ရန်နောင်ယူလာတဲ့ထမင်းချိုင့်ကိုလဲ ခပ်သွက်သွက်သာ ဖွင့်စားပြီး အလုပ်ဆက်လုပ်နေ၏..
လကုန်ရက်ဖြစ်တာမို့ အကိုအလုပ်ရှုပ်နေတာကို ရန်နောင်နားလည်ပါသည်...သို့သော် သူသိချင်တာက အကို သူတို့လက်ထပ်တာ 3 လပြည့်နေ့ဆိုတာကိုမေ့နေတာလား?
ထားပါတော့လေ အကိုမေ့ချင်မေ့မှာပေါ့
တော်ရုံက တစ်နှစ် နှစ်နှစ်လောက်ကိုပဲ မှတ်ထားကြတာလေ လတိုင်းတော့ဘယ်မှတ်ထားနိုင်ပါ့မလဲ
အကိုအလုပ်တွေပြီးမှပဲ ရန်နောင်ပြောပြလိုက်တော့မယ်ဟုသာတွေးလိုက်သည်အကို ပင်ပန်းနေမှာစိုးလို့ ကော်ဖီလေးတစ်ခွက်ချပေးလိုက်ပြီး
အနားမှာ ရစ်သီရစ်သီလုပ်နေပေမဲ့ အကိုက ရန်နောင့်ကိုလှည့်မကြည့်...အနည်းငယ်အလိုမကျစွာ နှုတ်ခမ်းလေးစူမိသော်ငြား ဘာမှတော့မပြောဖြစ်ချေ...
"ညီ မပြန်သေးဘူးလား? "
"ဟုတ်...အကိုနဲ့မှအတူပြန်မလို့"
မင်းမာန်ခေါင်းသာထပ်ငြိမ့်ပြသည် ဘာမှမပြော...
ဒီနေ့မှအကိုကထူးဆန်းနေ၏ ရန်နောင့်အပေါ်ကို အေးတိအေးစက်နဲ့... စကားလဲသိပ်မပြောဘူး
ရန်နောင်ဘာအမှားလုပ်မိထားလို့လဲ?စောင့်ရတာကြာပြီမို့ ရန်နောင်ပျင်းလာရသည်
ခြေထောက်လေးကို ဟိုယမ်းဒီယမ်းနဲ့ဆော့နေရင်း မင်းမာန်ကိုခိုးခိုးကြည့်ရာကနေ ဆိုဖာပေါ် ကွေးကွေးလေးအိပ်ပျော်သွားတော့သည်
YOU ARE READING
Mr.
Romanceဦးရှင်းရာကိုသိပ်အမြင်ကတ်တာပဲ! warning... ⚠ BL×OC rated m sorry for bad writings 90°bow #Yoohyunee