Zawgyi>>>
ရေချိုးခန်းထဲမှ ကိုယ်လုံးလေးကျုံ့ကာထွက်လာသော ရန်နောင်ပုစိကိုကြည့်ရင်း မင်းမာန်အသည်းယားနေသည်
"အစ်ကို ထတော့လေ မိုးလင်းပြီဗျ"
"အစောကြီးရှိသေးတာကို ညီရာ"
"မစောပါဘူး မနက်စောစောထမှ ကိုယ်စောင့်နတ်ကနတ်သဘင်အစည်းအဝေးကိုသွားလို့ရမှာ မဟုတ်ရင် အစ်ကို့ကိုရုပ်ဆိုးကြီးဖြစ်အောင်ကျိန်လိမ့်မယ်ဗျ"
ကလေးချော့သလို နှုတ်ခမ်းလေးတထော်ထော်နဲ့ရှင်းပြနေတဲ့ သူ့ခင်ပွန်းပုစိကို မင်းမာန်အသည်းမယားပဲမနေနိုင်ပါ...
ကိုယ်လုံးလေးကို သူ့ရင်ခွင်ထဲဆွဲထည့်ပြီးတင်းတင်းလေးဖက်ထားတော့ လက်ကလေးတွေနဲ့တွန်းရင်း ရုန်းတဲ့ ရန်နောင်..."အစ်ကို..."
"ကိုယ်စောင့်နတ်ကဒီနေ့အလုပ်ပိတ်တယ်"
"ဟင် ဘာလို့လဲ"
ရန်နောင် နှုတ်ခမ်းလေးပွင့်ဟကာ အူကြောင်ကြောင်လေးဖြစ်နေပုံကိုကြည့်ရင်း မင်းမာန်ခပ်ဟဟရယ်သည်
"ညီပဲစဉ်းစားကြည့်လေ လူတွေတောင် corona ကြောင့်အလုပ်ပိတ်တာ နတ်တွေကရောအစုအဝေးလုပ်လောက်မှာမဟုတ်ဘူး ထားလိုက်ပါကွာ"
"ဟာ အစ်ကိုကလဲဗျာ"
မင်းမာန်၏ လူလည်ကျပုံကြောင့် ရန်နောင်မျက်နှာလေးမဲ့သွားသည်
ကလေးကိုစလိုက်ရ၍ မင်းမာန်တဟားဟား အော်ရီရင်း ရန်နောင်ကိုတင်းတင်းလေးဖက်ထား၏"လွှတ် လွှတ် အကုသိုလ်ကောင်ကြီးနဲ့မနေဘူး"
"ဟာ ကိုယ့်ကိုအကုသိုလ်ကောင်ပေါ့လေ"
"ဟုတ်တယ်လေ ဒီလောက်ဆိုးသွမ်းနေတာ မိုးကြိုးပစ်ခံရမှာအစ်ကိုက"
"မပစ်နိုင်ပါဘူး အိမ်မှာမိုးကြိုးလွှဲတပ်ထားတယ်လေ"
"ဟာဗျာ..."
ရန်နောင်သည် ဘာမှဆက်မပြောတော့...
မျက်နှာလေးစူပုတ်ကာ မင်းမာန်ကိုဆက်မကြည့်တော့ချေ...
မင်းမာန်က မေးစေ့လေးကိုလက်နဲ့ကိုင်ပြီး သူ့ကိုမော့ကြည့်စေတော့လဲ အင်းမလုပ်အဲမလုပ်...
YOU ARE READING
Mr.
Romanceဦးရှင်းရာကိုသိပ်အမြင်ကတ်တာပဲ! warning... ⚠ BL×OC rated m sorry for bad writings 90°bow #Yoohyunee