Zawgyi >>>
ဦးရှင်းဆူမည်အထင်နှင့် မျက်လုံးလေးကိုမှိတ်ထားမိသော်ငြား ထင်သလို လေသံမာမာမဟုတ်ပဲ နူးညံ့တဲ့ ထွေးပွေ့မှုတစ်ခုသာ...
ဦးရှင်းရင်ခွင်ထဲလျှမ်းထက်ကိုယ်လုံးလေး နစ်မြုပ်သွားတာကြောင့်
ရုန်းဖို့လုပ်သော်ငြား အတင်းဆွဲဖက်ထား၏...
ဦးရှင်းလက်တွေကခပ်တင်းတင်းဖက်ထားတာကြောင့် အသက်ရှုပင်ရပ်တော့မည့်အလား..."ဦးရှင်း..."
လျှမ်းထက် ခပ်တိုးတိုးခေါ်မိသော်ငြား ဦးရှင်းကပြန်ဖြေမလာ...
အင်းမလုပ်အဲမလုပ်နဲ့ လျှမ်းထက်ကိုသာ လွတ်ထွက်သွားတော့မည့်အလား တင်းတင်းကြပ်ကြပ်ထွေးပွေ့ထားလေသည်"ဦးရှင်း ဖယ်ဗျာ...လွှတ်တော့"
လျှမ်းထက်ရုန်းလေလေ ဦးရှင်းကပိုတိုး၍ ဖက်ထားလေလေမို့ နှစ်ယောက်သား ရုန်းရင်းဆန်ခတ်နဲ့ ကုတင်ပေါ်လဲကျသွားရ၏...
ဦးရှင်းအပေါ်ထပ်လျက်သား လဲကျတာကြောင့် လျှမ်းထက်ဦးရှင်းရဲ့ရင်ခွင်ထဲကွတ်တိကိုရောက်သွားသဖြင့် နှလုံးခုန်သံကိုပါကြားနေရသည်"ဘာလို့ပုန်းနေရတာလဲ Baby ရာ"
"ခင်ဗျားကိုမတွေ့ချင်လို့"
ပြောပြီး လျှမ်းထက် ထထိုင်လိုက်တာမို့ ဦးရှင်းလဲ သူ့ဘေးတွင်ထိုင်နေ၏ ဦးရှင်းအကြည့်တွေက လျှမ်းထက် ထထွက်သွားမည်ပင် စိုးရိမ်နေသည့်အလား မျက်စိအောက်ကတစက်တောင်အပျောက်မခံချင်တဲ့ပုံစံပင်...
ကြွေရုပ်ကလေးပွန်းပဲ့သွားမှာစိုးရိမ်သလိုမျိုး အမြတ်တနိုးထားရတဲ့အရာလေးကိုဆုံးရှုံးရမှာကြောက်နေသည့်အလား လျှမ်းထက်ရဲ့အပြုအမူတစ်ခုချင်းစီကို တွေတွေလေးငေးကြည့်လို့နေ၏...
"အပြင်မှာရောလူတွေရှိလား"
"အင်း...ထပ်ထွက်ပြေးဦးမလို့လား Baby"
လျှမ်းထက်မျက်နှာလေးကို လှမ်းကြည့်ရင်း စိုးရိမ်စွာပြောလာတဲ့ ဦးရှင်းမျက်နှာကိုမကြည့်မိပါ...
"လွတ်မှာမို့လို့လား"
"မလွတ်မှန်းသိရင်ဘာလို့ပြေးသေးလဲ Baby ရာ"
YOU ARE READING
Mr.
Romanceဦးရှင်းရာကိုသိပ်အမြင်ကတ်တာပဲ! warning... ⚠ BL×OC rated m sorry for bad writings 90°bow #Yoohyunee