အခန်း(၄)

2.8K 171 3
                                    

Zawgyi

ဆိုင်အတွင်းပျံ့လွင့်နေသည့် သီချင်းသံအေးအေးလေးက အေးချမ်းနေသည့်မနက်ခင်းနှင့် ပနံသင့်လှပေသည်။နှာခေါင်းဝကို လာရောက်နှုတ်ဆက်နေသည့် ကော်ဖီနံ့ သင်းသင်းလေးလေးက အနံ့ ရရုံနှင့်ပင် စိတ်အာရုံကိုကျေနပ်မှုအပြည့်အဝပေးစွမ်းနိုင်သည်။

စားပွဲပေါ်တင်ထားသည့် သွေးသစ်ထင်၏ဖြူ ဖြူ သွယ်သွယ်လက်ချောင်းလေးက ဆိုင်အတွင်းဖွင့်ထားသည့်သီချင်းသံနှင့် စည်းချက်ညီစွာလှုပ်ရှားလျက်ရှိနေလေသည်။မျက်လုံးအစုံကိုမှိတ်ကာ သံစဉ်အချို့ကိုခပ်တိုးတိုးရွတ်ဆိုနေပုံက နူးညံ့သိမ်မွေ့မှုဟန်တွေ ပြည့်လွှမ်းလျက်။

"အကို...အကိုမှာထားတာလေးရပြီ"

ကြည်လင်နေသည့်စိတ်ကြောင့် ထိုင်နေသည့်နားသို့ခပ်တိုးတိုးလာပြောသည့် Waiter ကောင်လေးကို အပြုံးတစ်ချက်ရက်ရက်ရောရောပေးမိသည်။

မှာထားသည့် ကော်ဖီဘူးလေးကိုယူကာ လန်းဆန်းသည့်ခြေလှမ်းတွေဖြင့် အလုပ်သို့လှမ်းလိုက်သည်။

စာရွက်ပုံတွေကြား ခေါင်းမြုပ်လုနီးပါး အာရုံစိုက်နေသည့် ဇွဲရန်၏မျက်ခုံးကြောတွေက အလိုမကျမှုကြောင့် တွန့်ချိုးနေကြသည်။ဆူပုတ်နေသည့် မျက်နှာချောချောကိုတစ်လှည့် လက်ထဲက ကော်ဖီဘူးကိုတစ်လှည့်ကြည့်ရင်း သွေးသစ်ထင်ဟန်ပါပါပြုံးလိုက်သည်။

ဝယ်လာသည့်ကော်ဖီဘူးလေးကို ဇွဲရန်၏စားပွဲပေါ်ခပ်တည်တည်ဖြင့်တင်လိုက်တော့ သကောင့်သားက ဆူပုတ်နေသည့်မျက်နှာပေးနှင့်ကြည့်လာသည်။

"ဟီး...မင်းအတွက်ဝယ်လာတာ"

ရှိသမျှသွားအကုန်ပေါ်သည်အထိရယ်ကာ မျက်နှာချိုသွေး၍ဖားမိသည်။မဖားလို့လည်းမရ။မနေ့ကညီမဇောနှင့်ပူပန်နေရသည်ကြောင့် ဇွဲရန်ကိုတစ်ယောက်တည်းထားခဲ့မိသည့်အပြစ်ကြီးကရှိနေသည်မို့။

"မင်းကော်ဖီကအေးနေပြီ"

ကော်ဖီကိုတစ်ကျိုက်သောက်ကာ ရယ်ချင်သည်ကိုချုပ်တည်းထားဟန်မျက်နှာထားနှင့် ပြောလာသည့်ဇွဲရန်ကြောင့် သူ့ကြိုးစားမှုအရာထင်ပြီမှန်း သဘောပေါက်လိုက်သည်။

သွေး/သွေးOnde histórias criam vida. Descubra agora