Zawgyi
နာရီလက်တံတွေက ထပ်တူညီမှုအကြိမ်ကြိမ်ကျရောက်ပြီးသွားသလို နေ့နှင့်ညဟာလည်းအကြိမ်ကြိမ်ပြောင်းလဲသွားခဲ့ပေမယ့် ချစ်တယ်တစ်ခွန်းသာပြောပြီးပြတ်တောက်သွားခဲ့သည့်ဆက်သွယ်မှုတစ်ခုကတော့ အခုတစ်လနီးပါးကြာသည်အထိ ပြတ်တောက်မြဲပြတ်တောက်နေဆဲ။ခုချိန်ထိတိုင်အောင်ဘာသတင်းအစအနမျှမရအောင်အဆက်အသွယ်ဖြတ်ထားသည့် ဥဿုံကိုဒေါသထွက်စိတ်ဖြစ်မိသလို တစ်ဖက်မှာလည်းစိုးရိမ်ပူပန်မှုကဖြစ်နေရပြန်သည်။
"သွေး..."
လက်ဖဝါးလေးကိုခပ်ဖွဖွဖျစ်ညစ်လာသည့်ထိတွေ့မှုလေးတစ်ခုက ခုချိန်ထိတိုင်အောင်ညင်သာနေတုန်းပင်။
"ဘာတွေတွေးနေတာလဲ၊သောက်လေ အေးကုန်တော့မယ်"
သူကိုယ်တိုင်မွှေပေးထားသည့်ကော်ဖီခွက်လေးကို ရှေ့သို့ထိုးပေးလာသလိုသူ့ထံသို့ကိုဘုန်း၏အကဲခတ်ဟန်အကြည့်တစ်ချက်ကလည်းရောက်လာလေသည်။သူ့ရဲ့ငေးငိုင်နေသည့်ပုံစံကိုကြည့်ကာကိုဘုန်းတစ်ယောက်သက်ပြင်းတစ်ချက်ခိုးချလိုက်သည်ကိုသူသတိထားလိုက်မိပေမယ့် မသိချင်ယောင်သာဆောင်နေလိုက်မိသည်။"ဟိုကောင်လေးဆီက အခုထိအဆက်အသွယ်မရသေးဘူးလား"
ခေါင်းခါပြလာသည့်သွေးကိုကြည့်ပြီး သူနောက်တစ်ကြိမ်သက်ပြင်းချလိုက်မိပြန်သည်။ဥဿုံဆိုသည့်ကောင်လေး၏ပျောက်ကွယ်သွားမှုက သွေးအပေါ်သက်ရောက်မှုအားတော်တော်ပြင်းသည်။ဥဿုံထွက်သွားပြီးကတည်းက အလုပ်အချိန်ကလွဲလျှင်အခုလိုမျိုးအမြဲတမ်းငေးငိုင်နေတတ်သည်။
သွေး၏ယခုလိုပုံစံကိုမြင်နေရသည်က သူအရင်ကတွေးထင်ထားခဲ့သည့်သူ့ရဲ့ထင်မြင်ချက်တစ်ခုကိုပင် အခုချိန်မှာသံသယဝင်လာမိသည်။အရင်က သွေးရဲ့အကြည့်တွေ၊အပြုအမူတွေကြောင့် သွေးသူ့အပေါ်မှာချစ်နေလိမ့်ဦးမည်ဟုသူ့မသိစိတ်ကယုံကြည်နေခဲ့မိသည်။ယခုသွေး၏ဥဿုံအပေါ်အပေါ်ထားသည့် သဘောထားကိုသူကိုယ်တိုင်မျက်မြင်ကိုယ်တွေ့သိမြင်ရချိန်မှာတော့ သူ့ယုံကြည်ချက်တွေက မသေချာနိုင်တော့။
သွေးက သူနဲ့ဥဿုံ နှစ်ယောက်လုံးကိုများချစ်နေခဲ့တာလား။
ESTÁS LEYENDO
သွေး/သှေး
Romance-ဆုတောင်းတွေသာအမှန်ပြည့်မယ်ဆိုရင် ကျွန်တော့်ဘေးနားအကြင်သူရှိနေစေဖို့ကို အပူကပ်မိမှာအမှန်ပဲ။ -ဆုတောင်းတွေသာအမှန်ပြည့်မယ်ဆိုရင် ကျွန်တော့်ဘေးနားအကြင်သူရှိနေစေဖို့ကို အပူကပ်မိမှာအမှန်ပဲ။ >>>>>>>>>>>>>>>>>>>>>>>>>>>> -မိန်းကလေးအဝတ်အစားတွေကိ...