အခန်း(၈)/အခန်း(၈)

1.6K 98 0
                                    

Zawgyi

    
                ဘဝမှာ အပျော်ရွှင်ဆုံး၊ ရင်အခုန်ရဆုံးနေ့ကိုပြပါဆိုလျှင် သွေးသစ်ထင်တစ်ယောက်ကတော့ ဒီနေ့ကိုပဲ ပျော်ပျော်ကြီးလက်ညှိုးထိုးပြမိမည်ထင်သည်။

             ကိုယ်မြတ်နိုးရသည့် အဝတ်အစားတွေကို ဒီနေ့လိုမျိုးပေါ်ပေါ်ထင်ထင် လွတ်လွတ်လပ်လပ်ဝတ်ခွင့်ရလိမ့်မည်ဟု ဘယ်တုန်းကမှအိပ်မက်တောင်မမက်ဖူးခဲ့။သူ့ရဲ့အိပ်မက်တွေကို နားလည်ပြီးအကောင်အထည်ဖော်ခွင့်ရအောင်ကြိုးစားပေးခဲ့သည့် ဇွဲရန်ကိုလည်း ကျေးဇူးအထပ်ထပ်တင်မိသည်။

              ပွဲအတွက် သူ့ကိုယ်စား စာရင်းသွင်းပေးပြီး သူ့အတွက် အားကြိုးမာန်တက်ကူညီပေးခဲ့သည့် ဇွဲရန်ကြောင့်သာမဟုတ်လျှင် သူဒီနေ့လိုမျိုးပျော်ရွှင်မှုကိုစားသုံးနိုင်မည်မထင်။ဒီနေ့လို အခွင့်အရေးမျိုးလည်း ရနိုင်မည်မဟုတ်။

                ဘဝတစ်လျှောက်လုံး ရှက်ရွံ့စရာတစ်ခုလို စိုးထိတ်နေခဲ့ရသည့် သူ့ရဲ့ဝါသနာက ဒီနေ့မှာတော့ စင်အောက်ကလက်ခုပ်သံတွေကြားတွင် ဝင့်ထည်နိုင်ခဲ့သည်။သူ့ရဲ့ပုံစံကိုကြည့်ကာ ချီးကျူးနေကြသည့် ဆရာမတွေ၊သူငယ်ချင်းတွေကို ကြည့်ပြီးသူမျက်ရည်ကျမတတ်ပျော်ရွှင်ခဲ့ရသည်။သူ့ရဲ့ ဗီဇတွင်းက ဖြစ်တည်မှုကို ထိုလူတွေနား‌လည်ပေးနိုင်ဖို့ မသေချာပေမယ့် သူ့အတွက်တော့ ဒီလောက်လေးနှင့်တင် ကျေနပ်နေနိုင်ပါပြီ။

            ဒီနေ့ Welcome ရဲ့အတွေ့အကြုံတွေကိုပြန်လည်တွေးမိနေသည့် သွေးသစ်ထင်၏နှုတ်ခမ်းတွဲတွဲလေးထက်တွင် အပြုံးလေးတစ်ပွင့်ကဖြစ်တည်နေပေသည်။ထိုင်နေသည့် ပြတင်းတံခါးနားသို့ တိုးဝှေ့နေသည့် လေနုအေးလေးက နဖူးစပ်နားတွင်ဝဲနေသည့် နူးညံ့သည့်ဆံနွယ်စတွေကို ကလူကျီစယ်နေဟန်။

            အဖြူရောင်နှင့် မီးခိုးရောင်တို့ရောနေသည့် တိမ်စိုင်တွေအုပ်မိုးထားသည်ကြောင့် အရောင်လင်းသည့်  သူရိန်နေမင်းကို မမြင်နိုင်ပေမယ့် ထိုနေမင်းငယ်က အနောက်အရပ်သို့ ခရီးနှင်နေပြီဆိုတာတော့သေချာသည်။အခုပဲ ညနေငါးနားရီထိုးတော့မည်မဟုတ်ပါလား။

သွေး/သွေးWhere stories live. Discover now