Zawgyi
နင်းလျှောက်နေသည့် ခြေလှမ်းတွေက မညီညာသည့် မြေနီနီပေါ်ထပ်ခင်းထားသည့် ကျောက်ခဲတုံးတွေကြောင့် ပို၍ပင်သတိထားနေရသည်။မိမိမှာကိုယ့်နေရာဒေသ မဟုတ်သည်မို့ ချိုင့်အချို့ရှိနေသည့် မညီမညာလမ်းပေါ် သတိထား၍လျှောက်နေရပေမယ့် ဘေးနားက သကောင့်သားလေးကတော့ပြုံးစိစိမျက်နှာပေးနှင့်။"ဟား..ဟား..ဘာလို့မျက်စောင်းတွေပဲထိုးနေတာလဲ ကိုသွေးရ။ကျွန်တော်က ကိုသွေးကိုကူသယ်ပေးမယ်လို့ပြောသားပဲ၊ကိုသွေးကလက်မှမခံဘဲနဲ့"
ရယ်သံစွက်ကာပြောလာသည့် ဥဿုံ၏စကားတွေကိုလျစ်လျူရှုကာ လက်နှစ်ဖက်တွင်ရှိနေသည့် ထမင်းချိုင့်နှင့် သစ်သီးထုပ်ကို ဘက်ပြောင်းကိုင်လိုက်သည်။"ပေးပါ ကိုသွေးရာ၊ကိုသွေးလက်တွေနာနေပြီမလား"
ပြုံးစိစိနှင့် လက်ထဲမှ သစ်သီးထုပ်ကိုလာဆွဲယူသည့် ဥဿုံကို သူဘာမှမပြောတော့။တစ်လမ်းလုံးဆွဲလာရသည့်လက်ကလည်း နီရဲနေပြီမဟုတ်ပါလား။
"ကိုသွေး...လာလေ"
အရှေ့မှဥဿုံ၏ဆော်ဩမှုကြောင့် သွေးသစ်ထင်ထိုရက်ကွက်ငယ်လေး၏ ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်လိုက်မိသည်။လမ်းအဝင်ဝတွင် မြေနီလမ်းလေးဖြစ်နေသည့် ထိုရက်ကွက်လေးက အတွင်းပိုင်းတွင်တော့ မညီမညာနှင့် ရေအနည်းငယ်ဝပ်တတ်သည့် မြေချိုင့်အချို့ကို ကျောက်တုံးအချို့နှင့်ဖို့ထားသည်။
လူတစ်ရပ်ကျော်ကျော်လောက်သာကျယ်သည့် လမ်းလေး၏နှစ်ဖက်လုံးတွင် အိမ်ခြေခပ်စိပ်စိပ်တို့ကနေရာယူထားလေသည်။အုတ်၊အင်္ဂတေ တို့ဖြင့်အသေအချာဆောက်ထားသည့် အိမ်တို့လည်းရှိသလို သွပ်မိုး၊သွပ်ကာဖြင့်ဆောက်ထားသည့် အိမ်ငယ်လေးတွေလည်းရှိနေသည်။
ဥဿုံရပ်နေသည်က ခြံဝင်းလေးတစ်ခုရှေ့တွင်ဖြစ်သည်။အခြေကို အုတ်ဖိနပ်ခံကာဆောက်ထားသည့် သစ်သားအိမ်လေး၏ ဘေးတစ်ဖက်တစ်ချက်တွင် အမိုး,မိုးထားသည့် ရေချိုးအုတ်ကန်နှင့် တစ်ဖက်တွင် ရှည်မျောမျော တစ်ထပ်တိုက်ငယ်လေးရှိသည်။
ခြံထဲသို့ဝင်သွားသည့် ဥဿုံနောက်ကိုမဝံ့မရဲဖြင့်သာ လိုက်သွားမိသည်။အပြင်ကမြင်ခဲ့ရသည့် တစ်ထပ်တိုက်ရှည်လေးက ကျောင်းစာသင်ခန်းများလိုအခန်းငယ်လေးများ ကန့်ထားမှန်း အနီးရောက်မှသေချာမြင်ရသည်။
ŞİMDİ OKUDUĞUN
သွေး/သှေး
Romantizm-ဆုတောင်းတွေသာအမှန်ပြည့်မယ်ဆိုရင် ကျွန်တော့်ဘေးနားအကြင်သူရှိနေစေဖို့ကို အပူကပ်မိမှာအမှန်ပဲ။ -ဆုတောင်းတွေသာအမှန်ပြည့်မယ်ဆိုရင် ကျွန်တော့်ဘေးနားအကြင်သူရှိနေစေဖို့ကို အပူကပ်မိမှာအမှန်ပဲ။ >>>>>>>>>>>>>>>>>>>>>>>>>>>> -မိန်းကလေးအဝတ်အစားတွေကိ...