အခန်း(၁၈)/အခန်း(၁၈)

1.3K 92 4
                                    

Zawgyi

အမှောင်ထုတစ်ခုလုံးက ပတ်ဝန်းကျင်တစ်ခုလုံးကိုဝါးမြိုလျက်။အလင်းမှုန်ဟူ၍တစ်စလေမျှမရှိသည့် တိတ်ဆိတ်သည့်လမ်းမပေါ်၌ ချွေးအပြည့်ဖြင့်ပြေးလွှားနေသည့် သွေးသစ်ထင်ဟူသည့်လူသား။ဝန်းကျင်တစ်ခုလုံးကဆိတ်ငြိမ်မှောင်မိုက်နေပေမယ့် သူ့နားတွင်ကြားနေမိသည့် ပီသသည့်အသံ‌လှိုင်းတွေက အပြင်းအထန်ရိုက်ခတ်လျက်။

အရာရာမသဲမကွဲဖြစ်နေသည့်အချိန်မှာပင် ထင်ထင်ရှားရှားပေါ်လွင်လာသည့် သွေးစွန်းနေသည့်ဖေဖေ့၏မျက်နှာကြောင့် ပြေးနေသည့်ခြေလှမ်းတို့ကရပ်တန့်ခြင်းအဖြစ်သို့ကူးပြောင်းသွားသည်။ပြီးတော့ သူ့နားတွင်ခပ်တိုးတိုးရေရွတ်နေကြသည့်စကားသံအချို့ကြောင့်လည်း ချွေးစီးတွေလွှမ်းနေသည့်သူ့လက်မောင်းထက်တွင် ကြက်သီးဖုလေးများထလာရသည်။

"ဖေဖေ.."

သူ့ထံမြဲမြံစွာစိုက်ကြည့်နေသည့်ဖေဖေ့ရဲ့မျက်ဝန်းတွေကိုသူရင်မဆိုင်ရဲ။အပြစ်မကင်းစွာဖြင့် အကြည့်တို့ကိုရှောင်လွှဲလိုက်မိသည်။သူငုံ့ကိုင်းရှောင်ရှားထားသည့်‌အကြည့်တို့ထံသို့ တဖြည်းဖြည်းတိုးဝင်လာသည့်ဖေဖေ့၏ ခြေဗလာနှင့်ခြေထောက်တစ်စုံက သူ့အမြင်လွှာထဲတွင်တဖြည်းဖြည်းနီးသထက်နီးကပ်လာသည်။

ရုတ်တရတ်ခံစားလိုက်ရသည့်နွေးထွေးမှုကြောင့် သွေးသစ်ထင်ရဲ့တုန်ယင်နေသည့်ကိုယ်လုံးလေးက အနည်းငယ်တောင့်တင်းသွားသည်။ထို့နောက် အချိန်အတော်ကြာအောင်တမ်းတနေခဲ့ရသည့်ဖေဖေ့၏ကိုယ်ငွေ့ကို သူမက်မက်မောမောဖြင့်ပိုတိုးလို့ခံယူမိသည်။

နွေးထွေးသည်။ကာလအတော်အတန်ကြာအောင်ဝေးကွာနေခဲ့သည့် ဖေဖေ့၏ကိုယ်ငွေ့လေးကအရင်လိုပဲနွေးထွေးနေဆဲပင်။ပြီးတော့ ငြိမ်းအေးမှုတွေ၊ယုယမှုတွေကိုလည်းခံစားနေရစေသည်။သူဖေဖေ့ရဲ့ရင်ခွင်ကို အရမ်းကိုလွမ်းနေခဲ့တာ။

"ကျွန်တော် တောင်းပန်ပါတယ်"

ဖြစ်ပျက်ခဲ့သမျှအလုံးစုံအတွက် သူ့ဘက်ကပြောနိုင်သည့်စကားက တောင်းပန်ပါတယ် ဟူသည်ထက်ပိုမလာခဲ့။စကားတွေအများကြီးပြောကာ ဖေဖေ့ဆီမှခွင့်လွှတ်မှုကိုရစေဖို့ရာအတွက် တောင်းပန်စကားဆိုချင်ပေမယ့် တကယ့်လက်တွေ့မှာတော့ သူ့နှုတ်ခမ်းဖျားဆီမှ မပီမသရှိုက်သံတစ်ခုကိုသာထုတ်လွှင့်နိုင်ခဲ့သည်။

သွေး/သွေးWhere stories live. Discover now