Zawgyi
ကားစက်ရပ်သံကြားမှ တစ်လမ်းလုံးပူလောင်လာခဲ့သည့် သူ့ရဲ့ရင်က အေးချမ်းမှုအနည်းငယ်ကိုခံစားမိသည်။ကားရပ်ရပ်ချင်း အထုပ်တွေသယ်ဖို့ပင်သတိမရနိုင်ဘဲ သူတို့ကားနောက်တွင်ရပ်လာသည့် ကားအနက်လေးဆီသို့သာ အပြေးအလွှားသွားမိသည်။သူ့အနောက်ဖက်မှ ကြည့်နေသည့် ကိုဘုန်း၏မျက်ဝန်းတွေကိုလည်း ဥပေက္ခာပြုမိလျက်။
ကားထဲမှထွက်လာသည့် ရယ်ကျဲကျဲနှင့်လူကိုမြင်မြင်ချင်း ကိုယ်ထိလက်ရောက်ကျူးလွန်မိသည်အထိ သူ့စိတ်တွေကအမှောင်ဖုံးနေခဲ့သည်။အနည်းငယ်ယိုင်နဲ့သွားသည့် ကိုယ်လုံးကိုသတိဖြင့်ပြန်ထိန်းလိုက်သည့် ဥဿုံကတော့ သူ့ကိုမယုံကြည်နိုင်ဟန်ကြည့်လာသည်။
"မင်းရူးနေလား။ဒီလို မကျွမ်းကျင်တဲ့လမ်းကိုမောင်းလာရလောက်တဲ့အထိ မင်းရဲ့ဦးနှောက်တွေကအလုပ်မလုပ်တော့တာလား။မင်းကိုမင်း မွေးကတည်းက ကားဖက်ပြီးမွေးလာတယ်ထင်နေလို့ ဒီလောက်ထိတောင်အတင့်ရဲနေတာလား။"
ဥဿုံလည်ပင်းမှအင်္ကျီစကို ဆုပ်ကိုင်ကာ ဒေါသတကြီးနှင့်အော်ဟစ်နေမိသည်အထိ သူ့အသိစိတ်တွေလွတ်နေခဲ့သည်။ရုတ်ရုတ်သဲသဲဖြစ်နေသည့် သူတို့နှစ်ယောက်အခြေအနေကိုကြည့်ပြီး စူးစမ်းကြသည့်လူတွေက ဟိုမှသည်မှတစတစပိုများလာသည်။
"ငါ့မှာဘယ်လောက်တောင် စိတ်ပူနေခဲ့ရလဲ။ငါ့ကြောင့် မင်းတစ်ခုခုဖြစ်မှာစိုးလို့ ငါဘယ်လောက်တောင် ပူလောင်နေခဲ့ရလဲ။ငါ့ကြောင့်...ငါ့ကြောင့်..မင်းလည်းဖေဖေ့လို..."
တဖြည်းဖြည်းတိမ်ဝင်သွားသည့်သူ့အသံတွေက နောက်ဆုံးလုံးဝမထွက်တော့သည်အထိ။သူ့အမြင်အာရုံတွေထဲတွင် စွဲထင်ရစ်ငင်နေသည်က သွေးတွေလွှမ်းနေသည့်ဖေဖေ့ရဲ့မျက်နှာ။လှုပ်ရှားခြင်းနတ္တိဖြစ်နေသည့် ဖေဖေ့၏ရုပ်ခန္ဓာက သူ့မျက်စိထဲကအခုထိမထွက်နိုင်သေး။သူချစ်မြတ်နိုးရသည့် လူတစ်ယောက်၏နောက်ဆုံးထွက်သက်က သူ့ကြောင့်ပဲအကျည်းတန်စွာကုန်ဆုံးသွားခဲ့ရသည်။အခု ဥဿုံကိုလည်း သူ့ကြောင့်...သူ့အတွက်ကြောင့်တစ်ခုခုမှားယွင်းဖြစ်ပျက်သွားမှာမျိုးကို သူလုံးဝရင်မဆိုင်ရဲ။
ESTÁS LEYENDO
သွေး/သှေး
Romance-ဆုတောင်းတွေသာအမှန်ပြည့်မယ်ဆိုရင် ကျွန်တော့်ဘေးနားအကြင်သူရှိနေစေဖို့ကို အပူကပ်မိမှာအမှန်ပဲ။ -ဆုတောင်းတွေသာအမှန်ပြည့်မယ်ဆိုရင် ကျွန်တော့်ဘေးနားအကြင်သူရှိနေစေဖို့ကို အပူကပ်မိမှာအမှန်ပဲ။ >>>>>>>>>>>>>>>>>>>>>>>>>>>> -မိန်းကလေးအဝတ်အစားတွေကိ...