အခန်း(၁၅)/အခန်း(၁၅)

1.3K 86 2
                                    

Zawgyi

   
       မတည်မငြိမ်ဖြစ်နေသည့်စိတ်ကိုဖော်ပြနေသည်က ခုချိန်ထိတိုင်အောင် ရပ်တန့်၍မရနိုင်သေးသည့် တုန်လှုပ်နေသည့်ဒူးနှစ်ဖက်ကသက်သေ။အရိုင်းဆန်လွန်းသည့် ဆေးရုံနံ့‌တွေကိုရွံမုန်းမိပေမယ့် ခုချိန်မှာပူပန်နေမိသည်က အရေးပေါ်ခန်းထဲရောက်နေသည့် ဖေဖေ့ကိုသာ။အတော်အတန်ကြာအောင် ပွတ်ထားမိ၍ ပူနွေးချွေးစို့နေသည့်လက်နှစ်ဖက်က အနားရောက်လာပြီး မျက်နှာမကောင်းစွာ ခေါင်းခါပြသည့်ဆရာဝန်၏ အဖြေကိုသိလိုက်ရသည်နှင့် အေးစက်ခြင်းသို့ အလျှင်အမြန်ကူးပြောင်းသည်။

          လှေကားပေါ်ကပြုတ်ကျတဲ့ ဒဏ်ရာကတော်တော်ပြင်းတယ်တဲ့။ဆေးရုံကိုလာပို့တဲ့အချိန်နည်းနည်း နောက်ကျသွားလို့ သွေးထွက်လွန်သွားတာတဲ့။စိတ်မကောင်းပါဘူးတဲ့။တစ်လုံးချင်းပြောနေသည့် ထိုဆရာဝန်၏စကားအဆုံးတွင် အချိန်အတန်ကြာငြိမ်သက်နေပြီဖြစ်သည့် မေမေ့ရဲ့ငိုရှိုက်သံကထွက်လာခဲ့သည်။ဝမ်းနည်းဖွယ်ဖြစ်ရပ်တစ်ခုကို သက်ဝင်ပီပြင်အောင် ထပ်မံသရုပ်ဖော်သည်က မွှေး၏ရင်ခေါင်းသံပါအောင် အော်ခေါ်လိုက်သည့် ဖေဖေဟူသောအသံ။

         အရာအားလုံးက အနှေးပြကွက်နှင့်ပြနေသည့်နှယ်။မြင်နေရသည့် အဖြစ်အပျက်တစ်ခုချင်းဆီက နှလုံးသွေးတွေကို တစ်စက်ချင်းဖောက်ထုတ်ခံနေရသလိုပင်။မခံမရပ်နိုင်အောင် ပူလောင်နာကျင်နေပေမယ့် တစ်လမ်းလုံးငိုလာခဲ့ရသည့် မျက်ရည်တွေကခန်းခြောက်သွားသည့်နှယ် တစ်စက်ကလေးမျှကျမလာတော့။

      ထပ်မံရပ်နေဖို့ကိုပင် အားမရှိတော့၍ ထိုနေရာတွင်ပင်ထိုင်ချလိုက်မိသည်။ခန္ဓာကိုယ်တွင်းမှ အရေးကြီးအစိတ်အပိုင်းတစ်ခုကို ထုတ်ယူခံလိုက်ရသလို လူတစ်ကိုယ်လုံးအသက်ရှုဖို့ရန်ပင် ပင်ပန်းနွမ်းနယ်နေလေသည်။ခုချိန် သူ့ပတ်ဝန်းကျင်မှာရှိနေသည်က လွန်ခဲ့သည့်အချိန်တုန်းက သူ့ကိုဆူပူကြိမ်းမောင်းနေခဲ့သည့် ဖေဖေ့ရဲ့အသံတွေမဟုတ်။တစ်ယောက်လက်ကိုတစ်ယောက်ဆုပ်ကိုင် အားပေးကာငိုကြွေးနေသည့် မွှေးနှင့်မေမေ့ရဲ့အသံသည်သာ လေထုတစ်ခုလုံးတွင်ပျံ့လွင့်လျက်။

သွေး/သွေးDonde viven las historias. Descúbrelo ahora